NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦး ဓားထိုးခံရ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် NLDပါတီက သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျော်ကျော်ဥာဏ်ဝင်းဟာ ဇွန်(၁၀)ရက် နေ့လယ်ပိုင်းက တရားရုံးရှေ့မှာ ဓားနဲ့လည်ပင်းကို အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်းက မြေယာအငြင်းပွားမှု ပြဿနာကိုသွားရောက်ဖြေရှင်းခဲ့ချိန် တယ်လီဖုန်းပျောက်ခဲ့ရာ ဖုန်းခိုးယူသူလို့ စွပ်စွဲခံရသူက ပြည်ခရိုင်တရားရုံးရှေ့မှာ ဓားလို့ယူဆရတဲ့ ချွန်ထက်တဲ့အရာနဲ့ ကိုကျော်ကျော် ဥာဏ်ဝင်းရဲ့ လည်ပင်းကိုထိုးခဲ့ တာဖြစ်ပါတယ်။
NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦး ဓားထိုးခံရ 1
NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦး ဓားထိုးခံရ 2
Unicode Version ဖြင့်ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် NLDပါတီက သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းဟာ ဇွန်(၁၀)ရက် နေ့လယ်ပိုင်းက တရားရုံးရှေ့မှာ ဓားနဲ့လည်ပင်းကို အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်းက မြေယာအငြင်းပွားမှု ပြဿနာကိုသွားရောက်ဖြေရှင်းခဲ့ချိန် တယ်လီဖုန်းပျောက်ခဲ့ရာ ဖုန်းခိုးယူသူလို့ စွပ်စွဲခံရသူက ပြည်ခရိုင်တရားရုံးရှေ့မှာ ဓားလို့ယူဆရတဲ့ ချွန်ထက်တဲ့အရာနဲ့ ကိုကျော်ကျော် ဉာဏ်ဝင်းရဲ့ လည်ပင်းကိုထိုးခဲ့ တာဖြစ်ပါတယ်။
” ဖြစ်တာက ဇွန်(၁၀)ရက် နေ့လယ် (၁)နာရီခွဲကဖြစ်တာ။ တရားရုံးရှေ့က ထမင်းဆိုင်မှာ ကော်ဖီထိုင်သောက်နေရင်း လူငယ်တစ်ဦးက လည်ပင်းကို ဓားနဲ့ဝင်ထိုး သွားတာ။ထမင်းဆိုင်ရှင်က လိုက်ဖမ်းတော့ ဆိုင်ကယ်ကယ်ရီ ငှားပြီး ထွက်ပြေးသွားတယ် ” လို့ ပြည်ခရိုင် ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုကျော်ကျော်ဉာဏ်ဝင်းကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံမှာတင်ထားပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဖြိုးကိုလင်း(ညောင်ဝိုင်း)
Be the first to comment
Leave a Reply
Your email address will not be published.
*