ဦး၀ီရသူအတြက္ ခ်ီတက္ဆုေတာင္းပြဲ ဦးေဆာင္တဲ့ သံဃာေလးပါးႏွင့္ လူငါးဦးကုိ အမႈဖြင့္

ဦးဝီရသူ ေဘးရန္ကင္းေစေရး ခ်ီတက္ဆု ေတာင္းပြဲျပဳလုပ္ရာတြင္ဦးေဆာင္ေသာ သံဃာ ေလး ပါးႏွင့္ လူပုဂၢိဳလ္ငါးဦးကို ၿငိမ္းစုစီ ပုဒ္မ ၁၉ ျဖင့္ ဗဟန္းၿမိဳ႕နယ္ရဲစခန္း၌ အမႈဖြင့္ထားသည္။

ဦးဝီရသူအေရးႏွင့္ပတ္သက္ၿပီး ယမန္ေန႔ မြန္းလြဲပိုင္းက သံဃာေတာ္ အပါး ၁၀၀ ခန္႔ႏွင့္ လူ ပုဂၢိဳလ္ ၄၀၀ ေက်ာ္ စုစုေပါင္း ၅၀၀ ေက်ာ္သည္ ဗဟန္းၿမိဳ႕နယ္ ေရခဲဆိုင္မွတ္တိုင္ မွ ၿမိဳ႕ေတာ္ခန္းမေရွ႕ထိ ခ်ီတက္ ေမတၱာပို႔ခဲ့ျခင္းျဖစ္သည္။

သံဃာေတာ္ ဦးေတဇဝႏၲ၊ ဦးပညာဝံသ၊ ဦးဇနိတႏွင္႔ ဦးဝီရ ေတေဇာအျပင္ လူပုဂၢိဳလ္မ်ားျဖစ္ ေသာ သက္မ်ိဳးဦးႏွင့္ တင္ထြဋ္ ေဇာ္အပါအဝင္ ငါးဦးကို ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္ထားသည္။

‘‘ခြင့္ျပဳခ်က္လည္း မတင္ ထားဘူး။ အဲဒါေၾကာင့္ သူတို႔ စီ တန္းလာတာကို အာဏာပိုင္ေတြ က တားဆီးတာေတြျပဳလုပ္ပါ တယ္’’ဟု ရန္ကုန္ၿမိဳ႕အေနာက္ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

‘‘ဗုဒၶသာသနာေတာ္နဲ႔ပတ္ သက္လို႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံေနရတာ အားလံုးသိပါတယ္။ဘာျဖစ္လို႔လဲ ဆိုေတာ့ ေဖ့စ္ဘြတ္ခ္လူမႈကြန္ ရက္စာမ်က္ႏွာေတြမွာ သူတို႔ ေထာက္ခံရင္ သူတို႔ဘုန္းဘုန္း၊ မေထာက္ခံရင္ေတာ့ ကတံုးလို႔ ေျပာတယ္။ အေရၿခံဳလို႔ ေျပာ တယ္။ သံဃာအတုလို႔ ေျပာ တယ္။ ဒါဟာႏိုင္ငံတစ္ႏိုင္ငံမွာ အစိုးရေပၚလစီကို လုိက္ၾကတာ မ်ားတယ္။ အစိုးရကို ေထာက္ခံ ၾကတဲ့သူေတြက အစုိးရေလသံ အတိုင္း လိုက္တဲ့အခါက်ေတာ့ သံဃာေတာ္ေတြဟာ ႏိုင္ငံေတာ္ အတြက္၊ အမ်ိဳးဘာသာသာသနာ ေတာ္အတြက္ မရပ္တည္ရဲ ေလာက္ေအာင္ျဖစ္ေနၿပီ’’ဟု ရန္ ကုန္ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္ မ်ား သမဂၢဗဟိုအလုပ္မႈေဆာင္ ဦးေတဇဝႏၲက မိန္႔သည္။

ဦးဝီရသူအေရးႏွင့္ ပတ္ သက္ၿပီး အမ်ိဳးသားေရးလႈပ္ရွား သည္ဟုဆိုေသာ သံဃာေတာ္ အခ်ိဳ႕ႏွင့္ လူပုဂၢိဳလ္အခ်ိဳ႕က ရန္ ကုန္ၿမိဳ႕တြင္ ဆုေတာင္းပြဲေလး ႀကိမ္ျပဳလုပ္ထားသည္။

ဦး၀ီရသူသည္ ႏုိင္ငံေတာ္ အႀကီးအကဲမ်ားအေပၚ မဖြယ္ မရာစကားလံုးမ်ား သံုးႏႈန္းေျပာ ဆိုျခင္းႏွင့္ ႏုိင္ငံေတာ္တရားေရး၊ အုပ္ခ်ဳပ္ေရးစသည့္ က႑မ်ားမွ တာ၀န္ရွိသူမ်ားအေပၚ အၾကည္ ညိဳပ်က္ေအာင္ ေျပာဆိုျခင္း ေၾကာင့္ အေနာက္ပိုင္းခ႐ိုင္ဒုအ ေထြေထြအုပ္ခ်ဳပ္ေရးမွဴးကတရား လိုျပဳလုပ္၍ ေမလ ၂၈ ရက္တြင္ တိုင္တန္းခဲ့သည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၁၂၄(က) ျဖင့္တိုင္တန္း ခံထားရသည့္ဦးဝီရသူကို ရာဇ ဝတ္အေထြေထြအမႈျဖင့္ ဇြန္လ ၄ ရက္တြင္ ေျပာင္းလဲအမႈဖြင့္ထား သည္။ အဆိုပါအမႈႏွင့္ ပတ္သက္ ၿပီး ထုတ္ထားသည့္ဝရမ္းမွာ ယ ေန႔ (ဇြန္လ၁၁ရက္)တြင္ တရား႐ုံး သို႔ ျပန္သြင္းရမည္ျဖစ္သည္။

ဦးဝီရသူသည္ လက္ရွိအခ်ိန္ ထိ ထြက္ေျပးပုန္းေရွာင္ေနၿပီး ႏွစ္ပတ္ၾကာထိ ဖမ္းမိျခင္းမရွိ ေသးေပ။ 7daydaily

 

Unicode Version ျဖင့္ဖတ္ရန္

 

ဦးဝီရသူ ဘေးရန်ကင်းစေရေး ချီတက်ဆု တောင်းပွဲပြုလုပ်ရာတွင်ဦးဆောင်သော သံဃာ လေး ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဗဟန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားသည်။

ဦးဝီရသူအရေးနှင့်ပတ်သက်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက သံဃာတော် အပါး ၁၀၀ ခန့်နှင့် လူ ပုဂ္ဂိုလ် ၄၀၀ ကျော် စုစုပေါင်း ၅၀၀ ကျော်သည် ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင် မှ မြို့တော်ခန်းမရှေ့ထိ ချီတက် မေတ္တာပို့ခဲ့ခြင်းဖြစ်သည်။

သံဃာတော် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတနှင့် ဦးဝီရ တေဇောအပြင် လူပုဂ္ဂိုလ်များဖြစ် သော သက်မျိုးဦးနှင့် တင်ထွဋ် ဇော်အပါအဝင် ငါးဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

‘‘ခွင့်ပြုချက်လည်း မတင် ထားဘူး။ အဲဒါကြောင့် သူတို့ စီ တန်းလာတာကို အာဏာပိုင်တွေ က တားဆီးတာတွေပြုလုပ်ပါ တယ်’’ဟု ရန်ကုန်မြို့အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဗုဒ္ဓသာသနာတော်နဲ့ပတ် သက်လို့ ဖိနှိပ်ချုပ်ချယ်ခံနေရတာ အားလုံးသိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာတွေမှာ သူတို့ ထောက်ခံရင် သူတို့ဘုန်းဘုန်း၊ မထောက်ခံရင်တော့ ကတုံးလို့ ပြောတယ်။ အရေခြုံလို့ ပြော တယ်။ သံဃာအတုလို့ ပြော တယ်။ ဒါဟာနိုင်ငံတစ်နိုင်ငံမှာ အစိုးရပေါ်လစီကို လိုက်ကြတာ များတယ်။ အစိုးရကို ထောက်ခံ ကြတဲ့သူတွေက အစိုးရလေသံ အတိုင်း လိုက်တဲ့အခါကျတော့ သံဃာတော်တွေဟာ နိုင်ငံတော် အတွက်၊ အမျိုးဘာသာသာသနာ တော်အတွက် မရပ်တည်ရဲ လောက်အောင်ဖြစ်နေပြီ’’ဟု ရန် ကုန် မျိုးချစ်မြန်မာရဟန်းတော် များ သမဂ္ဂဗဟိုအလုပ်မှုဆောင် ဦးတေဇဝန္တက မိန့်သည်။

ဦးဝီရသူအရေးနှင့် ပတ် သက်ပြီး အမျိုးသားရေးလှုပ်ရှား သည်ဟုဆိုသော သံဃာတော် အချို့နှင့် လူပုဂ္ဂိုလ်အချို့က ရန် ကုန်မြို့တွင် ဆုတောင်းပွဲလေး ကြိမ်ပြုလုပ်ထားသည်။

ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ် မဖွယ် မရာစကားလုံးများ သုံးနှုန်းပြော ဆိုခြင်းနှင့် နိုင်ငံတော်တရားရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည် ညိုပျက်အောင် ပြောဆိုခြင်း ကြောင့် အနောက်ပိုင်းခရိုင်ဒုအ ထွေထွေအုပ်ချုပ်ရေးမှူးကတရား လိုပြုလုပ်၍ မေလ ၂၈ ရက်တွင် တိုင်တန်းခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၁၂၄(က) ဖြင့်တိုင်တန်း ခံထားရသည့်ဦးဝီရသူကို ရာဇ ဝတ်အထွေထွေအမှုဖြင့် ဇွန်လ ၄ ရက်တွင် ပြောင်းလဲအမှုဖွင့်ထား သည်။ အဆိုပါအမှုနှင့် ပတ်သက် ပြီး ထုတ်ထားသည့်ဝရမ်းမှာ ယ နေ့ (ဇွန်လ၁၁ရက်)တွင် တရားရုံး သို့ ပြန်သွင်းရမည်ဖြစ်သည်။

ဦးဝီရသူသည် လက်ရှိအချိန် ထိ ထွက်ပြေးပုန်းရှောင်နေပြီး နှစ်ပတ်ကြာထိ ဖမ်းမိခြင်းမရှိ သေးပေ။ 7daydaily

Be the first to comment

Leave a Reply

Your email address will not be published.


*