မသိဘူး….ေပး

” မသိဘူး.. ေပး”

တႏွစ္ကို ဝင္ေငြ ၄၈သိန္း ေက်ာ္လို႔ ရွိရင္ ဝင္ေငြခြန္ ေဆာင္ရမယ္တဲ့ ။ ေဆာင္တယ္ေလ ။
ဝင္ေငြခြန္ေဆာင္ၿပီးတဲ့ ပိုက္ဆံထဲကမွ ..

ထမင္းခ်က္စားတယ္ထား..
ဆန္ဖိုးမွာ အခြန္ပါတယ္..
ေရမွာအခြန္ပါတယ္…
မီးဖိုသံုးတဲ့မီးမွာ အခြန္ပါတယ္..

အျပင္မွာသြားဝယ္စားတယ္ထား
ဘာစားစား အခြန္ကပ္တယ္ ပိုဆိုးတာ ဝန္ေဆာင္ခ နဲ႔ ခံုေၾကး ပါ ဆိုင္ကို ထပ္ေပးရတယ္။အဲ့ေတာ့ငါတို႔က ကိုယ့္စားပြဲကိုယ္ယူလာၿပီး ကိုယ့္ဟာကိုယ္ ဝင္ခ်က္စားရ မွာလား?

အခြန္ေဆာင္ထားတဲ့ သမာအာဇီဝ ေငြျဖဴနဲ႔ ကိုယ့္ထမင္းကိုယ္စားတာကို ကုန္သြယ္ခြန္ ထပ္ေပးေနရေတာ့ လူကေပါက္ခ်င္လာၿပီ။ မသိရင္ ဆိုင္နဲ႔ ဗိုက္နဲ႔ကို ငါတို႔က ၾကားက အရႈံးခံၿပီး ကုန္သြယ္ေနတာ က်ေနတာပဲ..

မီတာခသြားေပးတယ္။ တယူနစ္ဘယ္ေလာက္ဆိုတာမဟုတ္ဘူး ယူနစ္ဘယ္ႏွရာကို ဘယ္ေလာက္ တဲ့။ ဒါေတာင္ ၄ လပိုင္းထပ္တတ္ဦးမယ္ေျပာတယ္။ ဘာေၾကာင့္တတ္သလဲ အခြန္တိုးေကာက္ၿပီး အာမခံနဲ႔ မီးမွန္ေအာင္ေပးႏိုင္မွာလား ဆိုေတာ့..
” မသိဘူး ေပး” တဲ့

ထားပါ။
ငါသိပ္စိတ္ရွည္တယ္ ။ အိမ္ျပန္လာတယ္ ..
အမ ေရထိန္းသိမ္းခြန္တဲ့
” ဟဲ့ ငါ့ေမာ္တာနဲ႔ငါ အဝီစိက စုပ္တာ နင္တို႔က သဘာဝ ေျမေအာက္ေရကို ဘယ္နား ဘယ္လို ထိန္းသိမ္းရလို႔ ငါက အခြန္ေဆာင္ ရတာလဲဆိုေတာ့
“မသိဘူး .. ေပး ” တဲ့

စိတ္တိုတိုနဲ႔ အီးဝင္ပါၿပီး ျပန္ထြက္လာေတာ့ မိလႅာခြန္ တဲ့.. လခြမ္း ငါ့မိလႅာကန္ျပည့္ေတာ့ နင္တို႔ လာစုပ္ေပးလို႔လား ျပဳျပင္တာ ဘာညာလည္း တခါမွ လာမလုပ္ပဲနဲ႔ ။ ငါ့ဖင္နဲ႔ ငါ အီးပါတာ နင္တို႔အခြန္ ဘာလို႔ေဆာင္ရမွာတုန္း ဆိုေတာ့
” မသိဘူး ေပး” တဲ့..

တေလာကပဲ ေၾကျငာတယ္ ။ ရွိတဲ့ ကားစုတ္ကေလးကိုေတာင္ အခြန္ေဆာင္ၿပီးသားေငြျဖဴကို အခြန္ထပ္ေပးၿပီး ဆီထည့္ ၊ ခရီသြားရင္ မိုင္အလိုက္ အခြန္ထပ္ေကာက္ဖို႔ စီစဥ္ေနတယ္တဲ့။

သိန္းတစ္ေသာင္းဆုေပါက္လို႔ သိန္း ၁ ေသာင္းတန္ျခံဝယ္မယ္အခြန္က သိန္း သံုးေထာင့္ငါးရာေဆာင္ရမယ္။ ဘာဝယ္ဝယ္ သိန္းတစ္ေထာင္ ေက်ာ္ရင္ ၃၅%ေဆာင္ ။ ေငြျဖဴေတြ ဘာေတြ လာမေျပာနဲ႔ မသိဘူး ေပး ပဲ။

ဟူးးးး သက္ျပင္းခ်ၿပီး ညစ္ညစ္နဲ႔ တီဗြီထဖြင့္တယ္ ။ အင္း ဒါႀကီးလည္း ဝယ္တုန္းက အခြန္ေဆာင္ခဲ့ရတယ္။ channel line ေတြလည္းအခြန္ေပးေနရတာပဲ။ လန္႔ၿပီး ထိုင္ေနတဲ့ ဆိုဖာႀကီးၾကည့္လိုက္ေတာ့ ဒါႀကီးလည္း အခြန္ပါတာပဲဟ။

ေဇာေခၽြးေတြျပန္လာလို႔ တစ္ရွဴးထယူတယ္ ဒါလည္း အခြန္ဆာင္ထားရတာပဲ။ တအိမ္လံုး အခြန္လြတ္တာ ဘာမွ မရွိဘူး။ ရင္ပူၿပီး ေရခဲေသတၱာ ထဖြင့္တယ္။ အထဲက အစားအေသာက္ေတြ မွန္သမွ် အခြန္လြတ္တာ တစ္ခုမွ မရွိဘူး။

ကိုယ္ေတြးၿပီ။ျပည္သူတစ္ေယာက္အေနနဲ႔ အခြန္ေဆာင္ရတာ ဂုဏ္ယူပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာ စံနႈန္းအရ အခြန္ထမ္း ျပည္သူတစ္ေယာက္ ျပန္ရပိုင္ခြင့္ ဘာေတြ ျပန္ရေနသလဲ …

1. လံုေလာက္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ
2. ပညာသင္ဆု /ပညာသင္ေခ်းေငြ
3. လူမႈဖူလံုေရး အေထာက္အပံ့

ဘာမွလည္း ျပန္မရဘူး။ ဒါသက္သက္ ဂ်င္းထည့္ခံရတာ ။ မေက်မနပ္နဲ႔ Facebook ထပြတ္ေတာ့ .. ဘာမွသာ ျပန္မရတာ အဲ့ေလာက္ ႐ူးခါေနေအာင္ အခြန္ေဆာင္ေနရင္းက ျပည္သူတစ္ေယာက္ကို ၈ သိန္းနီးပါး အေႂကြးတင္ေနတာတဲ့ေတာ္ ။ အံ့ႀကီးကို ၾသေရာ..

မခံႏိုင္တဲ့အဆံုး ကာစတန္က သူငယ္ခ်င္းကို ကုန္သြယ္ခြန္ ၅% ေပးၿပီး ေဘလ္ျဖည့္ထားတဲ့ ဖုန္းနဲ႔ သိခ်င္တာေတြ ဖုန္းဆက္ေမးတာ ဟိုက ဘာျပန္ေျပာလည္း သိလား???

“မသိဘူး.. ေပး ” တဲ့ ။ ျမခြါညိဳ/​ေမာင္​စြယ္​စံုက်မ္​း

 

Unicode Version ျဖင့္ဖတ္ရန္

 

” မသိဘူး.. ပေး”

တနှစ်ကို ဝင်ငွေ ၄၈သိန်း ကျော်လို့ ရှိရင် ဝင်ငွေခွန် ဆောင်ရမယ်တဲ့ ။ ဆောင်တယ်လေ ။
ဝင်ငွေခွန်ဆောင်ပြီးတဲ့ ပိုက်ဆံထဲကမှ ..

ထမင်းချက်စားတယ်ထား..
ဆန်ဖိုးမှာ အခွန်ပါတယ်..
ရေမှာအခွန်ပါတယ်…
မီးဖိုသုံးတဲ့မီးမှာ အခွန်ပါတယ်..

အပြင်မှာသွားဝယ်စားတယ်ထား
ဘာစားစား အခွန်ကပ်တယ် ပိုဆိုးတာ ဝန်ဆောင်ခ နဲ့ ခုံကြေး ပါ ဆိုင်ကို ထပ်ပေးရတယ်။အဲ့တော့ငါတို့က ကိုယ့်စားပွဲကိုယ်ယူလာပြီး ကိုယ့်ဟာကိုယ် ဝင်ချက်စားရ မှာလား?

အခွန်ဆောင်ထားတဲ့ သမာအာဇီဝ ငွေဖြူနဲ့ ကိုယ့်ထမင်းကိုယ်စားတာကို ကုန်သွယ်ခွန် ထပ်ပေးနေရတော့ လူကပေါက်ချင်လာပြီ။ မသိရင် ဆိုင်နဲ့ ဗိုက်နဲ့ကို ငါတို့က ကြားက အရှုံးခံပြီး ကုန်သွယ်နေတာ ကျနေတာပဲ..

မီတာခသွားပေးတယ်။ တယူနစ်ဘယ်လောက်ဆိုတာမဟုတ်ဘူး ယူနစ်ဘယ်နှရာကို ဘယ်လောက် တဲ့။ ဒါတောင် ၄ လပိုင်းထပ်တတ်ဦးမယ်ပြောတယ်။ ဘာကြောင့်တတ်သလဲ အခွန်တိုးကောက်ပြီး အာမခံနဲ့ မီးမှန်အောင်ပေးနိုင်မှာလား ဆိုတော့..
” မသိဘူး ပေး” တဲ့

ထားပါ။
ငါသိပ်စိတ်ရှည်တယ် ။ အိမ်ပြန်လာတယ် ..
အမ ရေထိန်းသိမ်းခွန်တဲ့
” ဟဲ့ ငါ့မော်တာနဲ့ငါ အဝီစိက စုပ်တာ နင်တို့က သဘာဝ မြေအောက်ရေကို ဘယ်နား ဘယ်လို ထိန်းသိမ်းရလို့ ငါက အခွန်ဆောင် ရတာလဲဆိုတော့
“မသိဘူး .. ပေး ” တဲ့

စိတ်တိုတိုနဲ့ အီးဝင်ပါပြီး ပြန်ထွက်လာတော့ မိလ္လာခွန် တဲ့.. လခွမ်း ငါ့မိလ္လာကန်ပြည့်တော့ နင်တို့ လာစုပ်ပေးလို့လား ပြုပြင်တာ ဘာညာလည်း တခါမှ လာမလုပ်ပဲနဲ့ ။ ငါ့ဖင်နဲ့ ငါ အီးပါတာ နင်တို့အခွန် ဘာလို့ဆောင်ရမှာတုန်း ဆိုတော့
” မသိဘူး ပေး” တဲ့..

တလောကပဲ ကြေငြာတယ် ။ ရှိတဲ့ ကားစုတ်ကလေးကိုတောင် အခွန်ဆောင်ပြီးသားငွေဖြူကို အခွန်ထပ်ပေးပြီး ဆီထည့် ၊ ခရီသွားရင် မိုင်အလိုက် အခွန်ထပ်ကောက်ဖို့ စီစဉ်နေတယ်တဲ့။

သိန်းတစ်သောင်းဆုပေါက်လို့ သိန်း ၁ သောင်းတန်ခြံဝယ်မယ်အခွန်က သိန်း သုံးထောင့်ငါးရာဆောင်ရမယ်။ ဘာဝယ်ဝယ် သိန်းတစ်ထောင် ကျော်ရင် ၃၅%ဆောင် ။ ငွေဖြူတွေ ဘာတွေ လာမပြောနဲ့ မသိဘူး ပေး ပဲ။

ဟူးးးး သက်ပြင်းချပြီး ညစ်ညစ်နဲ့ တီဗွီထဖွင့်တယ် ။ အင်း ဒါကြီးလည်း ဝယ်တုန်းက အခွန်ဆောင်ခဲ့ရတယ်။ channel line တွေလည်းအခွန်ပေးနေရတာပဲ။ လန့်ပြီး ထိုင်နေတဲ့ ဆိုဖာကြီးကြည့်လိုက်တော့ ဒါကြီးလည်း အခွန်ပါတာပဲဟ။

ဇောချွေးတွေပြန်လာလို့ တစ်ရှူးထယူတယ် ဒါလည်း အခွန်ဆာင်ထားရတာပဲ။ တအိမ်လုံး အခွန်လွတ်တာ ဘာမှ မရှိဘူး။ ရင်ပူပြီး ရေခဲသေတ္တာ ထဖွင့်တယ်။ အထဲက အစားအသောက်တွေ မှန်သမျှ အခွန်လွတ်တာ တစ်ခုမှ မရှိဘူး။

ကိုယ်တွေးပြီ။ပြည်သူတစ်ယောက်အနေနဲ့ အခွန်ဆောင်ရတာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံနှုန်းအရ အခွန်ထမ်း ပြည်သူတစ်ယောက် ပြန်ရပိုင်ခွင့် ဘာတွေ ပြန်ရနေသလဲ …

1. လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု
2. ပညာသင်ဆု /ပညာသင်ချေးငွေ
3. လူမှုဖူလုံရေး အထောက်အပံ့

ဘာမှလည်း ပြန်မရဘူး။ ဒါသက်သက် ဂျင်းထည့်ခံရတာ ။ မကျေမနပ်နဲ့ Facebook ထပွတ်တော့ .. ဘာမှသာ ပြန်မရတာ အဲ့လောက် ရူးခါနေအောင် အခွန်ဆောင်နေရင်းက ပြည်သူတစ်ယောက်ကို ၈ သိန်းနီးပါး အကြွေးတင်နေတာတဲ့တော် ။ အံ့ကြီးကို သြရော..

မခံနိုင်တဲ့အဆုံး ကာစတန်က သူငယ်ချင်းကို ကုန်သွယ်ခွန် ၅% ပေးပြီး ဘေလ်ဖြည့်ထားတဲ့ ဖုန်းနဲ့ သိချင်တာတွေ ဖုန်းဆက်မေးတာ ဟိုက ဘာပြန်ပြောလည်း သိလား???

“မသိဘူး.. ပေး ” တဲ့ ။ မြခွါညို/​မောင်​စွယ်​စုံကျမ်​း

Be the first to comment

Leave a Reply

Your email address will not be published.


*