

နေပြည်တော်၊ ဇွန် ၁၁


လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးမှု 1


 

Unicode Version ဖြင့်ဖတ်ရန်

 

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးမှု

နေပြည်တော်၊ ဇွန် ၁၁

၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက် ၁၈၃၀ နာရီတွင် လပွတ္တာခရိုင် လပွတ္တာမြို့နယ် ရွှေမိတ် ကျေးရွာနေ ကျော်မျိုး(၃၀)နှစ် လယ်လုပ်(ဖ)ဦးပြုံးချိုသည် ဓားကိုင်ရမ်းကားသောင်းကျန်းနေကြောင်း ၎င်း၏ဇနီး မငွေဇင်ဦးမှ တိုင်တန်း၍ ကန်ဘက်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကသွားရောက်တားဆီးထိန်းသိမ်းစဉ် ကျော်မျိုးမှ ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက်ရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာကျော်မျိုးတွင် ဝမ်းဗိုက်/ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ၎င်း၏လွယ်အိတ်အတွင်းမှ

လပွတ္တာမြို့နယ်၌ ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြု၍ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးမှု 1

လေးခွ ၁ လက်၊ အရှည် ၈ လက်မခန့် စကေဘာ ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ၎င်းအား(ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/၅၀၆ ဖြင့်လည်းကောင်း၊ (ပ)၁၃၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားရှိကြောင်း၊ ပြည်သူလူထူ၏ ဘေးကင်းလုံခြုံမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လက်နက်ကိုင်ရမ်းကားမှုများ၊ ခြိမ်းခြောက်မှုများကို ပိုမိုထိရောက်ပြတ်သားစွာ ထိန်းသိမ်းအရေးယူဆောင်ရွက်ရန်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*