ဓာတ်တိုင်​များ တင်​ထားသည့်​ကားကို ဆရာဝန်​ ၆ ဦးလိုက်​ပါလာသည့်​ကားမှ ၀င်​တိုက်​၊ ၃ဦး​သေဆုံး ၃ဦး ဒဏ်​ရာရ
ဓာတ်တိုင်​များ တင်​ထားသည့်​ကားကို ဆရာဝန်​ ၆ ဦးလိုက်​ပါလာသည့်​ကားမှ ၀င်​တိုက်​၊ ၃ဦး​သေဆုံး ၃ဦး ဒဏ်​ရာရ 1
ဓာတ်တိုင်​များ တင်​ထားသည့်​ကားကို ဆရာဝန်​ ၆ ဦးလိုက်​ပါလာသည့်​ကားမှ ၀င်​တိုက်​၊ ၃ဦး​သေဆုံး ၃ဦး ဒဏ်​ရာရ 2
ဓာတ်တိုင်​များ တင်​ထားသည့်​ကားကို ဆရာဝန်​ ၆ ဦးလိုက်​ပါလာသည့်​ကားမှ ၀င်​တိုက်​၊ ၃ဦး​သေဆုံး ၃ဦး ဒဏ်​ရာရ 3
Unicode Version ဖြင့်ဖတ်ရန်
ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်းပေါ်ရှိ ဖျာပုံမြို့၊အမှတ် (၁၆)ရပ်ကွက် ဘက်ခြမ်း ချောင်းတွင်းတံတား ခြေဆင်းကွေ့တွင် ဇွန်လ (၁၁) ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ဓာတ်တိုင်များတင်ထားပြီးရပ်ထားသည့် (၁၀)ဘီးကား ယာဉ်အမှတ် YGN 9H——— အား ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်းလာသော ဆရာဝန်(၆)ဦးစီးနှင်းလိုက်ပါလာသော ကား YGN 6K ——– မှ ဝင်တိုက်မိရာ ကွန်ကရစ်ဓာတ်တိုင်များမှာ ကားနောက်မှန်အထိ ထိုးဝင် ပေါက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ယာပါး ပေါက်ပြဲ ဒဏ်ရာ၊ယာမေးရိုးပေါက်ပြဲ ဒဏ်ရာ၊လည်ပင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး ဒေါက်တာ အေးမြတ်သူတွင် မျက်နှာပေါက်ပြဲ ပိန်ချိုင့် ဒဏ်ရာ ဖြင့်သေဆုံးခဲ့ကာ ဒေါက်တာ ပန်ဂျာထွယ် မှာ ယာဘက်ဦးခေါင်း၊မျက်နှာယာ ဘက်ခြမ်း ပိန်ချိုင့် ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေးဆုံးခဲ့ပါတယ်။
ကားပေါ်တွင် အတူစီးနင်းလိုက်ပါလာသော ဒေါက်တာနေမျိုးစုတွင် ယာပါးပွန်းခြစ်ပေါက်ပြဲ ဒဏ်ရာ၊ဒေါက်တာ လှမျိုးသူတွင် ဝဲတစ်ထောင်ဆစ်ပွန်းခြစ်ဒဏ်ရာ၊ဒေါက်တာ နှင်းအိစိုးတွင် ဦးခေါင်း နှောက်စေ့ ပေါက်ပြဲဒဏ်ရာ ၊ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာ ဒဏ်ရာများရှိခဲ့ကာ ဒေါက်တာ(၃)ဦးသေ ၊(၃)ဦး ဒဏ်ရာရရှိ နံက် ၅နာရီ ၃၀ မိနစ်အချိန်ခန့် ဖျာပုံဆေးရုံကြီးသို့် ရဲဆေးစာဖြင့် ပိုဆောင်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၈၀)ယာဉ်ထိန်း တပ်ဖွဲ့စုနှင့် ဖျာပုံမြို့မရဲစခန်းမှ အမှုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။AKonThi
Be the first to comment
Leave a Reply
Your email address will not be published.
*