ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားလေး သာသနာဘောင်တွင် အပြီးနေထိုင်မည်ဟု မြွတ်ကြား

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားလေး သာသနာဘောင်တွင် အပြီးနေထိုင်မည်ဟု မြွတ်ကြား

စစ်ကိုင်း ဇွန် ၈

ယခုနှစ်ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့နယ်မှ ကျောင်းသားလေး မောင်အောင်ကောင်းဆက် ယခု ရှင်ကုဏ္ဍလ (စစ်ကိုင်းတောင်ရိုးမြစကြာကျောင်းတိုက်) သည် သာသနာဘောင်တွင် ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိ စာပေများကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားလေး သာသနာဘောင်တွင် အပြီးနေထိုင်မည်ဟု မြွတ်ကြား 1

မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့နယ်နေ မောင်အောင်ကောင်းဆက် သည် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ်ရှိ မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး
တက္ကသိုလ်ဝင်တန်း အောင်စာရင်းမထွက်ခင် လပိုင်း အလိုမှ စတင်၍ သာသနာဝင်ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း၊ယခုအခါတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း သာသနာဘောင်တွင် ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိ စာပေများကို လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း သာမဏေအရှင်ကု ဏ္ဍလမှမြွတ်ကြားသည်။

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားလေး သာသနာဘောင်တွင် အပြီးနေထိုင်မည်ဟု မြွတ်ကြား 2

”ငယ်ငယ်လေးကတည်းက သင်္ကန်းဝတ်မှာဆိုတာ အိမ်ကလည်းသိတယ်၊ခွင့်လည်း ခွင့်ပြုတယ်။ဒါပေမဲ့ ၁၀ တန်းလေးတော့ ဖြေပါဦးဆိုတော့ ဖြေခဲ့တယ်။ဆယ်တန်းအောင်စာရင်းနဲ့ပတ်သက်ပြီး ပျော်တော့ပျော်တယ်။သာသနာဘောင်ကို ဝင်ရတဲ့ အကြောင်းအရင်းက ကျေးဇူးဆပ်ချင်လို့ပါ၊ခုလို ဘဝရတာ အနန္ဒောအနန္ဒငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ အဲ ကျေးဇူးတွေကို ဆပ်ချင်လို့ တနည်းအားဖြင့် ဘုရားရဲ့ ကျေးဇူးကိုလည်း ဆပ်ချင်လို့ ၊အနန္ဒော အနန္ဒငါးပါး ကျေးဇူးကို ကို့တတ်နိုင်သလောက် ကျေးဇူးဆပ်ရင် ဒီသာသနာတော်ကြီးမှာ နေဖို့ ဆုံးဖြတ်ထားတယ်။”ဟု သာမဏေအရှင်ကု ဏ္ဍလမှမြွတ်ကြားသည်။

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားလေး သာသနာဘောင်တွင် အပြီးနေထိုင်မည်ဟု မြွတ်ကြား 3

 

ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့နယ်မှ မောင်အောင်ကောင်းဆက်သည် ယခုနှစ် မေလ ၆ ရက်နေ့က စတင်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် စစ်ကိုင်းတောင်ရိုး၊မြစကြာကျောင်းတိုက်၌ ရှင်ကုဏ္ဍလ ဘွဲ့အမည်ဖြင့် လောကီပညာ ရပ်များကိုစွန့်လွှတ်ကာ လောကုတ္တရာ စာပေများအားဆက်လက်သင်ကြားနေကာ ယောဆရာတော်ကြီးကဲ့သို့ တိပိဋက ဆရာတော်တစ်ပါးဖြစ်အောင်ကျိုးစားသွားမည်ဟု သာမဏေအရှင် ကုဏ္ဍ လက ဆက်လက် မြွတ်ကြားသည်။

ဇေယျာတိုင်းမ်