စပါးလင္ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား

စပါးလင္၏က်န္းမာေရး ေကာင္းက်ိဳးမ်ား

စပါးလင္ဟာကိုယ္တြင္း အဆိပ္အေတာက္ေတြကို သန႔္စင္ေပးနိုင္ပါတယ္စပါးလင္ကို အာရွနိုင္ငံအမ်ားစုမွာ ဟင္းလ်ာ ခ်က္ျပဳတ္တဲ့အခါ ဟင္းခတ္ အေမႊးအႀကိဳင္အျဖစ္ အမ်ားဆုံးအသုံးျပဳၾကၿပီး အေနာက္နိုင္ငံေတြမွာေတာ့ ေဖ်ာ္ရည္အျဖစ္ေရာ လက္ဖက္ရည္ၾကမ္းအေနနဲ႕ပါ ေသာက္သုံးေလ့ရွိပါတယ္။ စပါးလင္မွာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အာဟာရဓာတ္ အေျမာက္အမ်ား ပါဝင္ၿပီး စပါးလင္ရဲ႕ က်န္းမာေရး ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

စပါးလင္ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား 1

(၁) ကင္ဆာေရာဂါကို ကာကြယ္ေပးနိုင္တယ္။၂၀၁၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြအရ စပါးလင္မွာပါဝင္တဲ့ Flavonoids ဓာတ္ဟာ ကင္ဆာဆဲလ္ေတြကို ေသေစနိုင္ၿပီး စပါးလင္အဆီဟာ အသည္းကင္ဆာ၊ ရင္သားကင္ဆာဆဲလ္ေတြကို ႀကီးထြားပ်ံ့ႏွံ႕လာမႈကို ထိန္းခ်ဳပ္ေပးနိုင္တယ္လို႔လည္း သိရပါတယ္။(၂) ကိုယ္တြင္း အဆိပ္အေတာက္ေတြကို သန႔္စင္ေပးနိုင္တယ္။စပါးလင္မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ ခႏၶာကိုယ္ကို ဆိုးက်ိဳးျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္ၿပီး ဆီးတြင္းက Uric Acid ကို ေလ်ာ့နည္းေစတာေၾကာင့္ ေက်ာက္ကပ္နဲ႕ အသည္းရဲ႕ လုပ္ေဆာင္မႈေတြကို ပိုမိုေကာင္းမြန္ေစနိုင္ပါတယ္။

စပါးလင္ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား 2

စပါးလင္ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား 3

(၃) နာက်င္ ကိုက္ခဲမႈေတြကို ေပ်ာက္ကင္းေစနိုင္တယ္။စပါးလင္ဟာ ႂကြက္သား နာက်င္ကိုက္ခဲျခင္း၊ အမ်ိဳးသမီးေတြ ဓမၼတာလာစဥ္ ခံစားရတဲ့ နာက်င္ကိုက္ခဲျခင္း၊ သြားကိုက္ျခင္း၊ အဆစ္အျမစ္ေတြ နာက်င္ကိုက္ခဲျခင္းနဲ႕ ရာသီဥတုေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။(၄) အေရျပား က်န္းမာေရး ျပႆနာေတြကို ေျဖရွင္းေပးနိုင္တယ္။အခုေနာက္ပိုင္းမွာ အလွကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့အခါ စပါးလင္ကို အေျခခံၿပီး ထုတ္လုပ္လာၾကပါတယ္။ စပါးလင္ဟာ ဓာတ္မတည့္မႈေၾကာင့္ ျဖစ္တဲ့ အေရျပားနီရဲေရာင္ရမ္းျခင္း၊ ဝက္ၿခံနဲ႕ အမည္းစက္တို႔ကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

စပါးလင်၏ကျန်းမာရေး ကောင်းကျိုးများ

စပါးလင်ဟာကိုယ်တွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်စပါးလင်ကို အာရှနိုင်ငံအများစုမှာ ဟင်းလျာ ချက်ပြုတ်တဲ့အခါ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အများဆုံးအသုံးပြုကြပြီး အနောက်နိုင်ငံတွေမှာတော့ ဖျော်ရည်အဖြစ်ရော လက်ဖက်ရည်ကြမ်းအနေနဲ့ပါ သောက်သုံးလေ့ရှိပါတယ်။ စပါးလင်မှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ် အမြောက်အများ ပါဝင်ပြီး စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ စပါးလင်မှာပါဝင်တဲ့ Flavonoids ဓာတ်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး စပါးလင်အဆီဟာ အသည်းကင်ဆာ၊ ရင်သားကင်ဆာဆဲလ်တွေကို ကြီးထွားပျံ့နှံ့လာမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။(၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်တယ်။စပါးလင်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးတွင်းက Uric Acid ကို လျော့နည်းစေတာကြောင့် ကျောက်ကပ်နဲ့ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၃) နာကျင် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေနိုင်တယ်။စပါးလင်ဟာ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားရတဲ့ နာကျင်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းနဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။(၄) အရေပြား ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။အခုနောက်ပိုင်းမှာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ စပါးလင်ကို အခြေခံပြီး ထုတ်လုပ်လာကြပါတယ်။ စပါးလင်ဟာ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားနီရဲရောင်ရမ်းခြင်း၊ ဝက်ခြံနဲ့ အမည်းစက်တို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။