တကယ္ေတာ့ အရွံုးေပးတယ္ဆိုတာ ႀကီးျမတ္တဲ့ ေအာင္ႏိုင္ျခင္းပါပဲ

သည္းခံျခင္းမရွိတဲ့ပုဂၢိဳလ္ဟာ ကုသိုလ္အရနည္းတယ္..ေမတၱာထားျခင္း သည္းခံခြင့္လႊတ္ျခင္းျဖင့္

မိမိက အရံႈးေပးလိုက္တာဟာ အႏိုင္ရျခင္းပဲျဖစ္တယ္..သည္းခံၿပီး တုန္႔ျပန္မႈမျပဳတဲ့ပုဂၢိဳလ္ သည္းခံျခင္းတရားလက္ကိုင္ထားတဲ့ပုဂၢိဳလ္ကသာလ်ွင္ အႏိုင္ရတာပါ စိတ္ဆိုးေနတဲ့ပုဂၢိဳလ္တစ္ေယာက္ကိုတုန္႔ျပန္ၿပီးေတာ့ စိတ္ဆိုးလိုိ႔ရွိရင္နဂိုစိတ္ဆိုးတဲ့ပုဂၢိဳလ္ထက္ ပိုမိုက္မဲရာေရာက္တယ္..ေဒါသကို ေဒါသနဲ႔ျပန္တုန္႔ျပန္ရင္ ပိုမိုက္မဲရာေရာက္တယ္..

တကယ္ေတာ့ အရွံုးေပးတယ္ဆိုတာ ႀကီးျမတ္တဲ့ ေအာင္ႏိုင္ျခင္းပါပဲ 1

သူတစ္ပါးက ကိုယ့္အေပၚေဒါသျဖစ္လာတယ္ဆိုတာ သိလို႔ရွိရင္သတိနဲ႔ ေမတၱာနဲ႔ ခႏၲီနဲ႔ ဒီလိုသည္းခံခြင့္လႊတ္ျခင္းနဲ႔ပဲ တုန္႔ျပန္ပါတစ္ျခားနည္းနဲ႔ မတုန္႔ျပန္ပါနဲ႔..အဲဒီလို တုန္႔ျပန္ျခင္းကိုေလာကလူသားေတြက အရံႈးလို႔ထင္ၾကတယ္..

တစ္ကယ္ေတာ့ေအာင္ႏိုင္ခဲတဲ့ စစ္ပဲြႀကီးတစ္ခုကို ေအာင္လိုက္ရသလိုႀကီးမားတဲ့ ေအာင္ျမင္မႈပဲျဖစ္တယ္လို႔ျမတ္စြာဘုရားက ဒီလိုေဟာတာ လူတစ္ေယာက္က ေဒါသျဖစ္ၿပီး ကိုယ့္ကိုလာဆဲတယ္ ဆဲေရးတိုင္းထြာတာဟာ သူ႔ရဲ႕အရံႈးပဲ ဘယ္သူ႔ကို ရံႈးတုန္းဆိုရင္ ေဒါသကိုရံႈးတယ္ ကိုယ္က ျပန္ဆဲလိုက္လို႔ရွိရင္သူဆဲတာ အသိအမွတ္ျပဳလိုက္သလိုျဖစ္သြားတယ္..

သူဆဲေသာ္လည္း တုန္႔ျပန္မႈမျပဳလိုက္လို႔ရွိရင္အသိအမွတ္မျပဳရာေရာက္တယ္ သူေပးတာကို လက္မခံဘူးဆိုတဲ့အဓိပၸာယ္ လာေပးတဲ့ဆဲေရးတိုင္းထြာမႈကို လက္မခံတာဟာ လာေပးတဲ့လက္ေဆာင္ကို လက္မခံသလိုပဲ သည္းခံၿပီးေတာ့ ခြင့္လႊတ္ၿပီးေတာ့စဥ္းစားဆင္ျခင္အသိဉာဏ္နဲ႔ေနတဲ့ပုဂၢိဳလ္က အႏိုင္ရလိုက္တာ ဘာကို အႏိုင္ရတုန္းဆိုရင္ကိုယ့္သႏၲာန္မွာ ေဒါသမျဖစ္ေအာင္ကိုယ့္စိတ္ကို ထိန္းလိုက္ႏိုင္တာဟာ စိတ္အေပၚမွာ အႏိုင္ယူလိုက္ျခင္းပဲျဖစ္တယ္..ေဒါသအေပၚမွာ အႏိုင္ယူလိုက္ျခင္းပဲျဖစ္တယ္ အရံႈးေပးသူက အႏိုင္ရျခင္းဆိုသည္မွာေမတၱာနဲ ကရုဏာနဲ႔ မုဒိတာနဲ႔ ဥေပကၡာနဲ႔

ျဗဟၼစိုရ္တရားႏွလုံးသားထဲမွာ ခိုင္ခိုင္မာမာထားၿပီးေတာ့သည္းခံခြင့္လႊတ္ျခင္းဆိုတဲ့ သဘာဝတရားေတြနဲ႔ကိုယ့္ရဲ႕စိတ္ကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ တစ္ဖက္သားကို တုန္႔ျပန္မႈမျပဳပဲနဲ႔ ေက်ေအးသည္းခံျခင္းဟာ အႏိုင္ရျခင္းပဲျဖစ္ပါတယ္..ဒီအႏိုင္ရျခင္းသည္ သူေတာ္ေကာင္းတို႔၏ အႏိုင္ရျခင္းျဖစ္တယ္…။ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

 

Unicode Version ျဖင့္ဖတ္ရန္

 

သည်းခံခြင်းမရှိတဲ့ပုဂ္ဂိုလ်ဟာ ကုသိုလ်အရနည်းတယ်..မေတ္တာထားခြင်း သည်းခံခွင့်လွှတ်ခြင်းဖြင့်

မိမိက အရှုံးပေးလိုက်တာဟာ အနိုင်ရခြင်းပဲဖြစ်တယ်..သည်းခံပြီး တုန့်ပြန်မှုမပြုတဲ့ပုဂ္ဂိုလ် သည်းခံခြင်းတရားလက်ကိုင်ထားတဲ့ပုဂ္ဂိုလ်ကသာလျှင် အနိုင်ရတာပါ စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုတုန့်ပြန်ပြီးတော့ စိတ်ဆိုးလိို့ရှိရင်နဂိုစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ထက် ပိုမိုက်မဲရာရောက်တယ်..ဒေါသကို ဒေါသနဲ့ပြန်တုန့်ပြန်ရင် ပိုမိုက်မဲရာရောက်တယ်..

သူတစ်ပါးက ကိုယ့်အပေါ်ဒေါသဖြစ်လာတယ်ဆိုတာ သိလို့ရှိရင်သတိနဲ့ မေတ္တာနဲ့ ခန္တီနဲ့ ဒီလိုသည်းခံခွင့်လွှတ်ခြင်းနဲ့ပဲ တုန့်ပြန်ပါတစ်ခြားနည်းနဲ့ မတုန့်ပြန်ပါနဲ့..အဲဒီလို တုန့်ပြန်ခြင်းကိုလောကလူသားတွေက အရှုံးလို့ထင်ကြတယ်..

တစ်ကယ်တော့အောင်နိုင်ခဲတဲ့ စစ်ပွဲကြီးတစ်ခုကို အောင်လိုက်ရသလိုကြီးမားတဲ့ အောင်မြင်မှုပဲဖြစ်တယ်လို့မြတ်စွာဘုရားက ဒီလိုဟောတာ လူတစ်ယောက်က ဒေါသဖြစ်ပြီး ကိုယ့်ကိုလာဆဲတယ် ဆဲရေးတိုင်းထွာတာဟာ သူ့ရဲ့အရှုံးပဲ ဘယ်သူ့ကို ရှုံးတုန်းဆိုရင် ဒေါသကိုရှုံးတယ် ကိုယ်က ပြန်ဆဲလိုက်လို့ရှိရင်သူဆဲတာ အသိအမှတ်ပြုလိုက်သလိုဖြစ်သွားတယ်..

တကယ္ေတာ့ အရွံုးေပးတယ္ဆိုတာ ႀကီးျမတ္တဲ့ ေအာင္ႏိုင္ျခင္းပါပဲ 1

သူဆဲသော်လည်း တုန့်ပြန်မှုမပြုလိုက်လို့ရှိရင်အသိအမှတ်မပြုရာရောက်တယ် သူပေးတာကို လက်မခံဘူးဆိုတဲ့အဓိပ္ပာယ် လာပေးတဲ့ဆဲရေးတိုင်းထွာမှုကို လက်မခံတာဟာ လာပေးတဲ့လက်ဆောင်ကို လက်မခံသလိုပဲ သည်းခံပြီးတော့ ခွင့်လွှတ်ပြီးတော့စဉ်းစားဆင်ခြင်အသိဉာဏ်နဲ့နေတဲ့ပုဂ္ဂိုလ်က အနိုင်ရလိုက်တာ ဘာကို အနိုင်ရတုန်းဆိုရင်ကိုယ့်သန္တာန်မှာ ဒေါသမဖြစ်အောင်ကိုယ့်စိတ်ကို ထိန်းလိုက်နိုင်တာဟာ စိတ်အပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်..ဒေါသအပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ် အရှုံးပေးသူက အနိုင်ရခြင်းဆိုသည်မှာမေတ္တာနဲ ကရုဏာနဲ့ မုဒိတာနဲ့ ဥပေက္ခာနဲ့

ဗြဟ္မစိုရ်တရားနှလုံးသားထဲမှာ ခိုင်ခိုင်မာမာထားပြီးတော့သည်းခံခွင့်လွှတ်ခြင်းဆိုတဲ့ သဘာဝတရားတွေနဲ့ကိုယ့်ရဲ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ တစ်ဖက်သားကို တုန့်ပြန်မှုမပြုပဲနဲ့ ကျေအေးသည်းခံခြင်းဟာ အနိုင်ရခြင်းပဲဖြစ်ပါတယ်..ဒီအနိုင်ရခြင်းသည် သူတော်ကောင်းတို့၏ အနိုင်ရခြင်းဖြစ်တယ်…။ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Be the first to comment

Leave a Reply

Your email address will not be published.


*