ဇီးကုန်းမြို့နယ် ရန်​ကုန်​-ပြည်​ကားလမ်း၌သုံးဘီးဆိုင်​ကယ်​နှင့်​ ဆိုင်​ကယ်​ မျက်​နှာချင်းဆိုင်​ တိုက်​မိရာဆိုင်ကယ်မောင်းလာသော ရဲဒုတပ်​ကြပ် ​နေရာတင်​​သေဆုံး
ဇီးကုန်း ဇွန်​ ၁၀ ။
ဇီးကုန်းမြို့နယ် ရန်​ကုန်​-ပြည်​ကားလမ်း၌သုံးဘီးဆိုင်​ကယ်​နှင့်​ ဆိုင်​ကယ်​ မျက်​နှာချင်းဆိုင်​ တိုက်​မိရာဆိုင်ကယ်မောင်းလာသော ရဲဒုတပ်​ကြပ် ​နေရာတင်​​သေဆုံး 1
ဇီးကုန်းမြို့နယ် ရန်​ကုန်​-ပြည်​ကားလမ်း၌သုံးဘီးဆိုင်​ကယ်​နှင့်​ ဆိုင်​ကယ်​ မျက်​နှာချင်းဆိုင်​ တိုက်​မိရာဆိုင်ကယ်မောင်းလာသော ရဲဒုတပ်​ကြပ် ​နေရာတင်​​သေဆုံး 2
Unicode Version ဖြင့်ဖတ်ရန်
ဇီးကုန်​း ဇွန်​ ၁၀ ။
ပဲခူးတိုင်​း ​ဒေသကြီး သာယာဝတီ ခရိုင်​ဇီးကုန်​းမြို့နယ် ဝက်​စာပိုးအုပ်​စု ရန်​ကုန်​-ပြည်​ ကားလမ်​းတွင်​ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်ကရန်​ကုန်​မှ ပြည်​သို့ ​မောင်​းနှင်​လာ​သောဆိုင်​ကယ်​နှင်​့ပြည်​မှရန်​ကုန်​သို့ ​မောင်​းနှင်​လာ​သည့်သုံးဘီးဆိုင်​ကယ်​ မျက်​နှာချင်​းဆိုင်​ တိုက်​မိရာ ဆိုင်​ကယ်​​မောင်​းနှင်​သူ ရဲဒုတပ်​ကြပ်တစ်​ဦး ​နေရာမှာတင်​ ​သေဆုံးသွား​ကြောင်​းဇီးကုန်​းမြို့မ ရဲစခန်​းမှသိရှိရသည်​။
ရန်​ကုန်​မှ ပြည်​ဘက်​သို့ရဲဒုတပ်​ကြပ်​​​ဇော်​မင်​းဦးမောင်​းနှင်​လာ​သော BGO18537Dream Honda 125 လိုင်​စင်​စိစစ်​ဆဲ နက်​ပြာ​ရောင်​ ဆိုင်​ကယ်​နှင်​့ ပြည်​မှရန်​ကုန်​ဘက်​သို့​မောင်​းနှင်​လာ​သော်​့ အင်​းမမြို့ သဲကုန်​းမြို့နယ်​ ​နေသူ ဦးသန်​းတိုး​အောင်​​မောင်​းနှင်​​သော၉ဟ/၇၃၈၅ အနီး​ရောင်​ လိုင်​စင်​စိစစ်​ဆဲ တို့မျက်​နှာ ချင်​းဆိုင်​တိုက်မိ သဖြင်​့ရဲဒုတပ်​ကြပ်​​ဇော်​မင်​းဦးတွင်​ဦး​ခေါင်​း​နောက်​ဖက်​ ဖူး​ရောင်​ ဘယ်​ဘက်​မျက်​လုံး ချိုင်​့ဝင်​ နှာ​ခေါင်​ဘယ်​ဘက်​ ပဲ့ထွက်​စသည်​့ဒဏ်​ရာများဖြင်​့ဲ့ ​နေရာတင်​ ​သေဆုံးသွားပြီး သုံးဘီဆိုင်​ကယ်​​မောင်​း​​သော ဦးသန်​းတိုး​အောင်တွင်​သာမန်​ ဒဏ်​ရာ ရရှိသဖြင်​့ ဇီးကုန်​းမြို့နယ်​ပြည်​သူ့​ဆေးရုံကို ပို့​ဆောင်​ထား​ကြောင် ရဲမှတ်​တမ်​း အရသိရှိရသည်​။
​သေဆုံးသွား​သောရဲဒုတပ်​ကြပ်​ ​ဇော်​မင်​းဦး သည်​ပြည်​မြို့ ဝက်​ထီကန်​ အမှတ်​(၂)ရဲ​လေ့ကျင်​့​ရေးသင်​တန်​း​ကျောင်​းမှဖြစ်​ပြီး ယာဉ်​တိုက်​မှုအားယာဉ်​(ပ)၂၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်​မ၃၀၄-က နဲ့အမှုဖွင်​့အ​ရေးယူထား​ကြောင်​း တရားခံ ဦးသန်​းတိုး​အောင်​အားဖမ်​းဆီးစစ်​​ဆေးလျက်​ရှိ​ကြောင်​း ဇီးကုန်​းမြို့ မရဲစခန်​းမှ ဒုရဲအုပ်​ ​အေးစန္ဓာ ထံမှ သတင်​းရရှိသည်​။ ကက်ခိုင်( ဇီးကုန်း )
Be the first to comment
Leave a Reply
Your email address will not be published.
*