



တောင်ကြီးပြန်ဖို့ စရိတ်မရှိလို့ လမ်းဘေးမှာ အိပ်နေရတဲ့ သားအမိ 1



တောင်ကြီးပြန်ဖို့ စရိတ်မရှိလို့ လမ်းဘေးမှာ အိပ်နေရတဲ့ သားအမိ 2



တောင်ကြီးပြန်ဖို့ စရိတ်မရှိလို့ လမ်းဘေးမှာ အိပ်နေရတဲ့ သားအမိ 3



တောင်ကြီးပြန်ဖို့ စရိတ်မရှိလို့ လမ်းဘေးမှာ အိပ်နေရတဲ့ သားအမိ 4


 

Unicode Version ဖြင့်ဖတ်ရန်

 

တောင်ကြီးပြန်ဖို့ စရိတ်မရှိလို့ လမ်းဘေးမှာ အိပ်နေရတဲ့ သားအမိ

၈-၆-၂၀၁၉ ဒီနေ့ကုသိုလ်လေးပါ။ ၂ ရက်ရှိပြီဘုရားအရှေ့မုဒ်နားကလမ်းဘေးမှာ အိပ်နေတာတွေ့ရပြီး ပစ္စည်း

အထုပ်အပိုး တွေနဲ့ ညက မနန်း အလုပ်သိမ်းပြန်ခါနီး မနေနိုင်တော့ သွားမေးတဲ့အခါ ပအို့လူမျိုးဖြစ်ပြီး ကလေးတယောက်နဲ့အိမ်ပြန်ချင်တယ် လမ်းစရိတ်မရှိလို့ ပြောပြတယ်။

မနန်းက “အိမ်ဘယ်မှာလဲ” မေးတော့ ” တောင်ကြီး အကျော် ရွာလေးမှာတဲ့ တောင်ကြီးရောက်ရင်ရပြီ” တဲ့ “ဒီည အဲ့နားက

ဓမ္မာရုံမှာလိုက်အိပ်မလား” မေးတော့ “ရပါတယ်တဲ့ ဒီမှာပဲအိပ်မယ်” ဆိုလို့ မနန်း ညက ဒီတိုင်းပြန်ခဲ့ပြီး ဒီမနက်

ထပ်သွား ကြည့်တော့ စိတ်မကောင်းဘူး မိခင်စိတ်အပြည့်တော့ရှိရှာတယ် သူ့သား လေးကို သူ့ကိုယ်ပေါ်မှာတင်ပြီးအိပ်ပျော်နေတာ တွေ့ရတယ်။

မနန်း သူတို့ကို နိုးပြီး တောင်ကြီးအရောက် ဘယ်လောက်လိုလဲမေးတော့ ကားခက ၂ ယောက် 25000/-ဖိုးနဲ့ အခု

အောင်မင်္ဂလာ ကားဂိတ်အသွားနဲ့ စားစရိတ်အပါ 50000/- ပေးလိုက်ပါတယ်။

ဘုရားမှာဂိတ်ထိုးထားတဲ့ Taxi ကိုလှမ်းခေါ်ပြီး တောင်ကြီးကားဂိတ်တခုခုကို ပို့ပေးပါရန် ဌားပေးပြီးပြန်ခိုင်း လိုက်ပါတယ်။

အော် ဘဝ … ဘဝ … ဘဝ …လူတိုင်း ဒုက္ခအမောတွေပြေပြီး အစစအဆင်ပြေကြပါစေ။Nan Mwe (လေးစားစွာဖြင့်)

Be the first to comment

Leave a Reply

Your email address will not be published.


*