ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 1

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 2

ျမန္မာသံစဥ္ေတြကို ပိုင္ပိုင္နိုင္နိုင္ သီဆိုနိုင္တဲ့အဆိုေတာ္ ေမသက္ထားေဆြဟာ ယခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္စာရင္းမွာ ျမန္မာစာနဲ႕ ဇီဝေဗဒ ဂုဏ္ထူးထြက္ခဲ့ၿပီး အခုလို ဂုဏ္ထူးရရွိတဲ့အေပၚ အရမ္း ဝမ္းသာတယ္လို႔ ဧရာဝတီကို ေျပာပါတယ္။သမီးက အႏုပညာလည္း လုပ္ရတယ္။ စာဘက္မွာ မလစ္ဟင္းပဲနဲ႕ ၁၀ တန္း ေအာင္တဲ့အတြက္ အရမ္းဝမ္းသာတယ္။ ႏွစ္ဘာသာ ဂုဏ္ထူးထြက္တဲ့အတြက္ ပိုၿပီး ဝမ္းသာပါတယ္။ ျမန္မာသံစဥ္ေတြဆိုတဲ့ သမီးက ျမန္မာစာမွာ ဂုဏ္ထူးပါလို႔ ပိုၿပီးေတာ့ ဝမ္းသာတယ္။ ျမန္မာစာက ခက္တာေၾကာင့္ အခုလို ျမန္မာစာဂုဏ္ထူး ထြက္တာေၾကာင့္လည္း အရမ္းကို ဂုဏ္ယူတယ္။ ဆရာ၊ ဆရာမေတြကလည္း ဂုဏ္ယူၾကပါတယ္”

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 3

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 4

“အမွတ္စာရင္း ထုတ္ၿပီးသြားရင္ သမီးစိတ္ဝင္စားၿပီး၊ အမွတ္လည္း မွီမယ့္ ေက်ာင္းကို ေ႐ြးခ်ယ္သြားပါမယ္။ သမီးကို အိမ္ကေတာ့ အမွတ္ေပၚမွာလည္း ၾကည့္ၿပီး UFL လည္း တက္ေစခ်င္တယ္”လို႔ ေမသက္ထားေဆြက ေျပာပါတယ္။သ႐ုပ္ေဆာင္ပိုင္းကို ဝါသနာ မပါတဲ့ ေမသက္ထားေဆြက ဂီတလမ္းေၾကာင္းကို ေလွ်ာက္ရင္း ေက်ာင္းဆက္တက္မယ္လို႔ ဆိုပါတယ္။ေရွ႕ဆက္ၿပီးေတာ့လည္း အရင္တုန္းကအတိုင္းပဲ ႏွစ္ခုကို တြဲလုပ္ခဲ့တာဆိုေတာ့ အႏုပညာအလုပ္ေတြ ကိုေရာ ေက်ာင္းပညာေရးပိုင္းကိုပါ ႏွစ္ခုစလုံးကို မွ်မွ်တတျဖစ္ေအာင္ လုပ္သြားမယ္။ အခုေတာ့ ၁၀ တန္း ဆိုတဲ့ တံတိုင္းကို ေက်ာ္သြားၿပီဆိုေတာ့ အႏုပညာကိုလည္း ဝမ္းစာျဖည့္ရင္း ပိုလုပ္ခြင့္ရတာေပါ့။ ဂီတလမ္း ေၾကာင္းကို ေလွ်ာက္မယ္။ တစ္ဖက္မွာလည္း ေက်ာင္းဆက္တက္မယ္လို႔ စဥ္းစားထားပါတယ္”

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 5

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 6

ျမန္မာစာဂုဏ္ထူးထြက္ေသာေၾကာင့္ ဝမ္းသာေနတဲ့အဆိုေတာ္ ေမသက္ထားေဆြ 7

“ဂီတအပိုင္းနဲ႕ ပတ္သက္ၿပီးေတာ့လည္း လုပ္မယ့္အရာေလးေတြ စဥ္းစားထားတာ ရွိပါတယ္။ သ႐ုပ္ေဆာင္ေတာ့ ဝါသနာ မပါဘူး။ အဆိုကိုပဲ လုပ္ျဖစ္ဖို႔ မ်ားပါတယ္။ သမီးကို ဆုေတာင္းေပးၾကတဲ့၊ ေစာင့္ၿပီးေတာ့ ဂုဏ္ျပဳေပးၾကတဲ့ ပရိသတ္ေတြကိုလည္း အရမ္းေက်းဇူးတင္ပါတယ္”လို႔ ေမသက္ထားေဆြက ေျပာပါတယ္။ေမသက္ထားေဆြဟာ ျမန္မာသံစဥ္သီခ်င္းမ်ားကို ပိုင္ပိုင္နိုင္နိုင္ သီဆိုနိုင္တဲ့ ဆယ္ေက်ာ္သက္ အႏုပညာရွင္ တဦးပါ။ ဘုရားပြဲ၊ မဂၤလာေဆာင္ေတြနဲ႕ ေဖ်ာ္ေျဖပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သီဆိုေပးေနရသူလည္း ျဖစ္ပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

မြန်မာစာဂုဏ်ထူးထွက်သောကြောင့် ဝမ်းသာနေတဲ့အဆိုတော် မေသက်ထားဆွေ

မြန်မာသံစဉ်တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့အဆိုတော် မေသက်ထားဆွေဟာ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ မြန်မာစာနဲ့ ဇီဝဗေဒ ဂုဏ်ထူးထွက်ခဲ့ပြီး အခုလို ဂုဏ်ထူးရရှိတဲ့အပေါ် အရမ်း ဝမ်းသာတယ်လို့ ဧရာဝတီကို ပြောပါတယ်။သမီးက အနုပညာလည်း လုပ်ရတယ်။ စာဘက်မှာ မလစ်ဟင်းပဲနဲ့ ၁၀ တန်း အောင်တဲ့အတွက် အရမ်းဝမ်းသာတယ်။ နှစ်ဘာသာ ဂုဏ်ထူးထွက်တဲ့အတွက် ပိုပြီး ဝမ်းသာပါတယ်။ မြန်မာသံစဉ်တွေဆိုတဲ့ သမီးက မြန်မာစာမှာ ဂုဏ်ထူးပါလို့ ပိုပြီးတော့ ဝမ်းသာတယ်။ မြန်မာစာက ခက်တာကြောင့် အခုလို မြန်မာစာဂုဏ်ထူး ထွက်တာကြောင့်လည်း အရမ်းကို ဂုဏ်ယူတယ်။ ဆရာ၊ ဆရာမတွေကလည်း ဂုဏ်ယူကြပါတယ်”

“အမှတ်စာရင်း ထုတ်ပြီးသွားရင် သမီးစိတ်ဝင်စားပြီး၊ အမှတ်လည်း မှီမယ့် ကျောင်းကို ရွေးချယ်သွားပါမယ်။ သမီးကို အိမ်ကတော့ အမှတ်ပေါ်မှာလည်း ကြည့်ပြီး UFL လည်း တက်စေချင်တယ်”လို့ မေသက်ထားဆွေက ပြောပါတယ်။သရုပ်ဆောင်ပိုင်းကို ဝါသနာ မပါတဲ့ မေသက်ထားဆွေက ဂီတလမ်းကြောင်းကို လျှောက်ရင်း ကျောင်းဆက်တက်မယ်လို့ ဆိုပါတယ်။ရှေ့ဆက်ပြီးတော့လည်း အရင်တုန်းကအတိုင်းပဲ နှစ်ခုကို တွဲလုပ်ခဲ့တာဆိုတော့ အနုပညာအလုပ်တွေ ကိုရော ကျောင်းပညာရေးပိုင်းကိုပါ နှစ်ခုစလုံးကို မျှမျှတတဖြစ်အောင် လုပ်သွားမယ်။ အခုတော့ ၁၀ တန်း ဆိုတဲ့ တံတိုင်းကို ကျော်သွားပြီဆိုတော့ အနုပညာကိုလည်း ဝမ်းစာဖြည့်ရင်း ပိုလုပ်ခွင့်ရတာပေါ့။ ဂီတလမ်း ကြောင်းကို လျှောက်မယ်။ တစ်ဖက်မှာလည်း ကျောင်းဆက်တက်မယ်လို့ စဉ်းစားထားပါတယ်”

“ဂီတအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လုပ်မယ့်အရာလေးတွေ စဉ်းစားထားတာ ရှိပါတယ်။ သရုပ်ဆောင်တော့ ဝါသနာ မပါဘူး။ အဆိုကိုပဲ လုပ်ဖြစ်ဖို့ များပါတယ်။ သမီးကို ဆုတောင်းပေးကြတဲ့၊ စောင့်ပြီးတော့ ဂုဏ်ပြုပေးကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”လို့ မေသက်ထားဆွေက ပြောပါတယ်။မေသက်ထားဆွေဟာ မြန်မာသံစဉ်သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင် တဦးပါ။ ဘုရားပွဲ၊ မင်္ဂလာဆောင်တွေနဲ့ ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ပါဝင်သီဆိုပေးနေရသူလည်း ဖြစ်ပါတယ်။