သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား

ရန္ကုန္၊ ဇြန္ ၁ဝ ။ ။ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္၊ စံေလာင္းေက်းရြာႏွင့္ ကုံးမုံေက်းရြာၾကားရွိ ကားလမ္းေဘး ေရေျမာင္းအတြင္း အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနသည္ကို ဇြန္ ၉ ရက္ေန႔ညေနက ေတြ႕ရွိခဲ့သည္ဟု နယ္စည္းမျခားပရဟိတအဖြဲ႕ဥကၠ႒ ကိုမ်ိဳးက မဇၥ်ိမကို ေျပာသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 1

“ကၽြန္ေတာ္တို႔ကို ဒီက ရဲစခန္းကေန အေၾကာင္းၾကားလာပါတယ္။ သီေပါၿမိဳ႕နယ္ စံေလာင္းနဲ႔ ကုံးမုံရြာၾကား လမ္းေဘးမွာ လူတစ္ေယာက္ေသေနတယ္ေပါ့ေနာ္။ အဲ့ဒါေလး သယ္ခ်င္လို႔ ကူညီေပးပါဦး ဆိုလို႔ သြားၾကတာေပါ့။ ဟိုေရာက္ေတာ့ ရဲတို႔၊ စခန္းမွူးတို႔ အကုန္ေရာက္ေနတယ္ေပါ့ေနာ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး ေတြေရာ။ အဲ့အနီးနား ပတ္ဝန္းက်င္က ရြာေတြကို ေမးၾကည့္ေတာ့လည္း ရြာေတြက သူတို႔ရြာက မဟုတ္ဘူးေပါ့ေနာ္” ဟု ေသဆုံးသူကို ေဆး႐ုံရင္ခြဲ႐ုံကို ပို႔ေဆာင္ေပးခဲ့သည့္ နယ္စည္းမျခားပရဟိတအဖြဲ႕ဥကၠ႒ က ေျပာသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 2

ယေန႔ ဇြန္ ၁ဝ ရက္ေန႔ နံနက္တြင္ ေသဆုံးသူ၏ ဓာတ္ပုံႏွင့္ ေသဆုံးေနေၾကာင္း အြန္လိုင္းေပၚတင္ခဲ့ရာမွ ေသဆုံးသူ၏ မိဘမ်ားႏွင့္ အဆက္အသြယ္ရခဲ့ေၾကာင္း သိရသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 3

ေသဆုံးသူမွာ အသက္ ၁၆ ႏွစ္အရြယ္ ကိုေအာင္ဆန္းဦးျဖစ္ၿပီး က်န္းမာေရးမေကာင္းေသာေၾကာင့္ ေဆး႐ုံ တက္ေနစဥ္ ေဆး႐ုံမွ ေပ်ာက္ဆုံးသြားၿပီး ယခုကဲ့သို႔ ေသဆုံးေနျခင္းေၾကာင္း ေသသူ၏ မိဘမ်ားထံမွ သိရသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 4

“ေကာင္ေလးကေတာ့ က်န္းမာေရးမေကာင္းလို႔ ေဆးလာကုတာေပါ့။ ကၽြန္ေတာ္တို႔ ျမင္တာကေတာ့ ျပင္ပဒဏ္ရာ ဘာမွ မရွိပါဘူး။ ဒီေနပူထဲမွာလည္း ျဖစ္ေနတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔ အျမင္မွာေတာ့ ေနပူလို႔ မဲေနတာလား။ ေလၽွာက္သြားရင္းပဲ အသားမဲေနတာလားေပါ့။ ဒါပဲ ကၽြန္ေတာ္တို႔ သိတာေပါ့” ဟု ၄င္းက ေျပာသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 5

လူမွုကြန္ရက္ေပၚတြင္ ေသဆုံးသူသည္ အနားယူလွဲေနသည့္ပုံစံျဖင့္ ေသဆုံးေနသည္ကို လူအမ်ားက သုံးစြဲသူမ်ားအၾကား အခ်င္းခ်င္းမၽွေဝခဲ့ၾကသည္ကို ေတြ႕ရသည္။

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 6

သီေပါၿမိဳ႕ ကားလမ္းေဘးတြင္ အနားယူလွဲေနသည့္ပုံစံျဖင့္ လူတစ္ဦး ေသဆုံးေနမွု ျဖစ္ပြား 7

အဆိုပါ ေသဆုံးမွုအတြက္ ေသမွုေသခင္းႏွင့္ အမွုဖြင့္ထားခဲ့ၿပီး ေသဆုံးသည့္အေၾကာင္းအရင္းကို ယေန႔ ညေနပိုင္းအထိ မသိရေသးေၾကာင္း ၄င္းက ေျပာသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

ရန်ကုန်၊ ဇွန် ၁ဝ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာကြားရှိ ကားလမ်းဘေး ရေမြောင်းအတွင်း အနားယူလှဲနေသည့်ပုံစံဖြင့် လူတစ်ဦး သေဆုံးနေသည်ကို ဇွန် ၉ ရက်နေ့ညနေက တွေ့ရှိခဲ့သည်ဟု နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ကို ဒီက ရဲစခန်းကနေ အကြောင်းကြားလာပါတယ်။ သီပေါမြို့နယ် စံလောင်းနဲ့ ကုံးမုံရွာကြား လမ်းဘေးမှာ လူတစ်ယောက်သေနေတယ်ပေါ့နော်။ အဲ့ဒါလေး သယ်ချင်လို့ ကူညီပေးပါဦး ဆိုလို့ သွားကြတာပေါ့။ ဟိုရောက်တော့ ရဲတို့၊ စခန်းမှူးတို့ အကုန်ရောက်နေတယ်ပေါ့နော်။ ကျေးရွာအုပ်ချုပ်ရေးမှူး တွေရော။ အဲ့အနီးနား ပတ်ဝန်းကျင်က ရွာတွေကို မေးကြည့်တော့လည်း ရွာတွေက သူတို့ရွာက မဟုတ်ဘူးပေါ့နော်” ဟု သေဆုံးသူကို ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့သည့် နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ က ပြောသည်။

ယနေ့ ဇွန် ၁ဝ ရက်နေ့ နံနက်တွင် သေဆုံးသူ၏ ဓာတ်ပုံနှင့် သေဆုံးနေကြောင်း အွန်လိုင်းပေါ်တင်ခဲ့ရာမှ သေဆုံးသူ၏ မိဘများနှင့် အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ် ကိုအောင်ဆန်းဦးဖြစ်ပြီး ကျန်းမာရေးမကောင်းသောကြောင့် ဆေးရုံ တက်နေစဉ် ဆေးရုံမှ ပျောက်ဆုံးသွားပြီး ယခုကဲ့သို့ သေဆုံးနေခြင်းကြောင်း သေသူ၏ မိဘများထံမှ သိရသည်။

“ကောင်လေးကတော့ ကျန်းမာရေးမကောင်းလို့ ဆေးလာကုတာပေါ့။ ကျွန်တော်တို့ မြင်တာကတော့ ပြင်ပဒဏ်ရာ ဘာမှ မရှိပါဘူး။ ဒီနေပူထဲမှာလည်း ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြင်မှာတော့ နေပူလို့ မဲနေတာလား။ လျှောက်သွားရင်းပဲ အသားမဲနေတာလားပေါ့။ ဒါပဲ ကျွန်တော်တို့ သိတာပေါ့” ဟု ၄င်းက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် သေဆုံးသူသည် အနားယူလှဲနေသည့်ပုံစံဖြင့် သေဆုံးနေသည်ကို လူအများက သုံးစွဲသူများအကြား အချင်းချင်းမျှဝေခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ သေဆုံးမှုအတွက် သေမှုသေခင်းနှင့် အမှုဖွင့်ထားခဲ့ပြီး သေဆုံးသည့်အကြောင်းအရင်းကို ယနေ့ ညနေပိုင်းအထိ မသိရသေးကြောင်း ၄င်းက ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*