ဆရာ၊ဆရာမေတြက ပလက္၀ေဒသမွာ မေနရဲဘူး စစ္ပြဲေၾကာင့္ ေျပာင္းသြားတာ”

“AA မရွိရင္ တိုက္ပြဲမရွိဘူး AA ရွိရင္ေတာ့ တိုက္ပြဲေတြရွိေနမွာပဲ”

(ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ၊ စည္ပင္သာယာ ေရး၊လွ်ပ္စစ္ႏွင့္စက္မႈ၀န္ၾကီးဦးစိုးထက္ႏွင့္ အင္တာဗ်ဴ း )

တပ္မေတာ္ႏွင့္ AA တို႔ တိုက္ပြဲမ်ားျဖစ္ပြားေနေသာ ခ်င္းျပည္ နယ္ ပလက္၀ျမိဳ့နယ္အတြင္း၌ စာသင္ေက်ာင္းမ်ား ပိတ္ထားရျခင္းႏွင့္ပတ္သက္ျပီး ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ၊ စည္ပင္သာယာေရး၊လွ်ပ္စစ္ႏွင့္ စက္မႈ၀န္ၾကီးဦးစိုးထက္ အား The Ladies Newsက ဆက္သြယ္ေမးျမန္းထားသည္။

ေမး – ပလက္၀ျမိဴ႕နယ္ထဲမွာ စာသင္ေက်ာင္းေတာ္ေတာ္မ်ားမ်ားက ဆရာ၊ ဆရာမေတြမရွိလို႔ ပိတ္ထားရတယ္လို႔သိရတယ္ခင္ဗ်

ေျဖ – ကၽြန္ေတာ္တို႔ ပလက္၀ျမိဳ့နယ္ထဲမွ စာသင္ေက်ာင္း ၃၇၄ေက်ာင္းရွိပါတယ္။ အဲဒီအထဲမွာမွ ဆရာ၊ ဆရာမ လံုး၀ မရွိတာက ၁၁၈ေက်ာင္း။ ဆရာ၊ ဆရာမ တစ္ေယာက္တစ္ေယာက္စီပဲရွိတာက ၉၄ ေက်ာင္း။ အားလံုး ၂၁၂ေက်ာင္းပါ။ အဲဒါက ဆရာ တစ္ေယာက္ တစ္ေယာက္စီပဲရွိတာကုိေျပာတာ။ နွစ္ေယာက္တို႔ သံုးေယာက္တို႔ရွိတာေတြကေတာ့ ရွိတယ္လို႔ေျပာတာေပါ့။ ဒါေပမယ့္ အလယ္တန္းေက်ာင္းတစ္ေက်ာင္းမွာ ဆရာ၊ဆရာမက ဥပမာ ဗုဒၶဂါမလိုေက်ာင္းမ်ိဳးဆိုရင္ အလယ္တန္းေက်ာင္းျဖစ္ေနျပီ။ ျဖစ္ေနတဲ့ ဥစၥာမွာေက်ာင္းအုပ္တစ္ေယာက္၊ အလယ္တန္းျပတစ္ေယာက္၊ ေက်ာင္းအေထြေထြ၀န္ထမ္းတစ္ေယာက္ သံုးေယာက္ပဲက်န္တယ္။ ဘယ္လိုမွ ေက်ာင္းဖြင့္လို႔မရဘူး။

ဆရာ၊ဆရာမေတြက ပလက္၀ေဒသမွာ မေနရဲဘူး စစ္ပြဲေၾကာင့္ ေျပာင္းသြားတာ" 1

ေမး- အဲဒါဆိုရင္ ၁၁၈ ေက်ာင္းက ပိတ္ထားရတဲ့ပံုစံမ်ိဳးလား
ေျဖ – ဟုတ္ပါတယ္။ ဆရာ၊ ဆရာမ, မရွိတဲ့အတြက္ပိတ္ ထားပါတယ္။

ေမး – တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြျဖစ္ေနလို႔ ဆရာ၊ ဆရာမေတြက သူတို႔ လံုျခံဳေရးအရ မလာရဲလို႔ ပိတ္ထားတာလား
ခင္ဗ်

ေျဖ – မဟုတ္ဘူး။ ဆရာ၊ ဆရာမေတြက အကုန္ျပည္မကိုေျပာင္းသြားတာ။ စစ္ပြဲေၾကာင့္ေျပာင္းသြားတာ။ေပါ့။ ကၽြန္ေတာ္တို႔ေဒသမွာ သူတို႔မေနရဲဘူး။ မေနရဲလို႔ေျပာင္းသြားတာ။ ေျပာင္းသြားလို ့ဆရာ၊ ဆရာမ မလံုေလာက္တာေပါ့။ ေက်ာင္းသားေတြရွိတယ္။ ဒါေပမယ့္ ဖြင့္လို႔မရဘူး။ တစ္ခ်ိဳ႕ေနရာက်ေတာ့လည္း စစ္ေဘးေၾကာင့္ ဖြင့္လို႔မရတာရွိတယ္။ အဲဒီေက်ာင္းေတြမွာလည္း ဆရာ၊ ဆရာမ, မရွိဘူး။

ေမး – ဒါဆိုရင္ စစ္ေဘးေၾကာင့္ လံုျခံဳေရးအရေၾကာက္ျပီး
ေျပာင္းသြားတာေပါ့

ေျဖ – ဟုတ္တယ္။

ေမး – ေျပာင္းသြားတဲ့ ဆရာ၊ ဆရာမေတြေနရာမွာ အစားထိုးဖို႔က ဘယ္လိုအေျခအေနမ်ိဳးရွိလည္းခင္ဗ်

ေျဖ – ေျပာင္းေပးလိုက္တာလည္း ျပည္ေထာင္စုပညာေရး၀န္ၾကီးဌာနက ေျပာင္းေပးလိုက္တာျဖစ္တယ္။ ပညာေရး၀န္ၾကီးဌာကေန ျပန္ခ်ေပးမွ ရမွာေပါ့။ ျပီးခဲ့တဲ့ နွစ္ ၂၀၁၈- ၂၀၁၉ ကတည္းက ေက်ာင္းေပါင္း ၄၇ေက်ာင္းမွာ ဆရာ၊ ဆရာမလံုး၀မရွိဘူး။ အဲဒါကို ကၽြန္ေတာ္တို႔တင္ျပတယ္။ တင္ျပေပမယ့္ ျပန္ျဖည့္ဆည္းေပးတာ မရွိဘူး။ မရွိေသးေပမယ့္ အခု တစ္ႏွစ္ျပည့္လို႔ဆိုျပီး က်န္တဲ့ ဆရာ၊ ဆရာမေတြကိုလည္း ေရြ႕ေပးလိုက္တဲ့အခါက်ေတာ့ ေနာက္ထပ္ ဆရာ၊ ဆရာ မ ပိုေလ်ာ့သြားတယ္။ အခုဆိုရင္ ဆရာ။ဆရာမလိုအပ္ခ်က္ က၃၀၀ ေက်ာ္ ၄၀၀ ျဖစ္ေနျပီ။

ဆရာ၊ဆရာမေတြက ပလက္၀ေဒသမွာ မေနရဲဘူး စစ္ပြဲေၾကာင့္ ေျပာင္းသြားတာ" 2

ေမး တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြ ျဖစ္ေနရင္ ဆရာ၊ဆရာမေတြကလည္း လာရဲမယ့္ပံုစံရွိမလားခင္ဗ်

ေျဖ – တိုက္ပြဲျဖစ္ေနတဲ့ေနရာမွာေတာ့ ဆရာ၊ဆရာမေတြ မေနရဲၾကဘူး။ မေနရဲတဲ့အတြက္လည္း သူတို႔ကတစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ ေျပာင္းေရြ႕ခြင့္တင္တာပါ့။ တင္တဲ့အတြက္ ျပည္ေထာင္စုကလည္းေျပာင္းေပးလိုက္တယ္။ ေျပာင္းတဲ့ေနရာမွာ အစားထိုးကမ၀င္လာဘူးျဖစ္ေနတယ္။ ေျပာင္းေရြ႕ တာလည္း ျပည္ေထာင္စုကပဲလုပ္တာ။ ခ်ေပးမွာလည္း ျပည္ေထာင္စုက ခ်ေပးရမွာ။ အဲဒီေတာ့ ျပည္မဘက္က ဆရာ၊
ဆရာမေတြမလာနိုင္ရင္ ကၽြန္ေတာ္တို႔ ေဒသခံေတြကို အစားထိုးျပီး ေျဖေလွ်ာ့ျပီးေတာ့ ခန္႔ေပးရင္ရတယ္။ အဲဒီဟာကိုလည္းမလုပ္ေပးဘူးဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ေဒသမွာ ဘယ္လိုမွ ပညာေရးကေကာင္းလာစရာအေၾကာင္းမရွိဘူး။

ေမး – ပလက္၀ေဒသမွာ AA နဲ႔ တပ္မေတာ္ တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ေဒသခံေတြကလည္းထြက္ေျပးတိမ္းေရွာင္
ေနတာေတြရွိတယ္။ မေန႔က ဆိုရင္လည္း ပလက္၀ျမိဳ႕ေပၚကို ၆၀၀ ေက်ာ္ေလာက္ေရာက္လာတယ္လို႔ကၽြန္ေတာ္တို႔သိရတယ္ခင္ဗ်။ ဒီလို တိုက္ပြဲျဖစ္ပြားေနမႈကိုေရာ ၀န္ၾကီးအေနနဲ႔ ဘာမ်ားေျပာၾကားခ်င္လည္း ခင္ဗ်

ေျဖ – တိုက္ပြဲျဖစ္ေနတဲ့ဟာက။ AA မရွိရင္ တိုက္ပြဲမရွိဘူး။ AA ရွိရင္ေတာ့ တိုက္ပြဲေတြရွိေနမွာပဲ။ AA က သူဟာသူ သူတို႔ရဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနလိုက္မယ္ဆိုရင္ေတာ့ တုိက္ပြဲေတြလည္း ျဖစ္မွာမဟုတ္ဘူး။ အဲဒါေတာ့အေျဖမွန္ပဲ။

ေမး – ျပီးခဲ့တဲ့ လပိုင္းတုန္းကဆိုရင္ ပလက္၀ေဒသခံ ၅၂ဦးကို AA က ဖမ္းဆီးထားတယ္လို႔သိရတယ္။ အဲဒီေတာ့ ဖမ္းဆီးခံထားရတဲ့ သူေတြအေပၚမွာေရာ ဘာေတြမ်ား ေဆာင္ရြက္ေပးဖို႔ အစီအစဥ္ရွိလည္း ခင္ဗ်

ေျဖ – AA က ဖမ္းသြားတာ ၅၄ေယာက္။ ၂ေယာက္ထြက္ေျပးလြတ္လာတယ္။ ၅၂ေယာက္က်န္တယ္။ AA ကလည္း သတင္းအမ်ိဳးမ်ဳိး ထုတ္တယ္။ သူတို႔က အႏၱရာယ္ကင္းတဲ့ေနရာကိုေခၚသြားတာလို႔ေျပာတယ္။ လြတ္ေျမာက္ထြက္ေျပးလာတဲ့ ႏွစ္ေယာက္ရဲ့ေျပာဆိုခ်က္အရေတာ့။ သူတို႔ခိုင္းသမွ်လုပ္ရတယ္။ ေနာက္ျပီးေတာ့ သူတို႔ကို အတင္းေခၚသြားလုိ႔လိုက္သြားရတယ္ဆိုတာမ်ိဳး အေျဖထုတ္ပါတယ္။ ေလာေလာဆယ္ေတာ့ ဘဂၤလားေဒ့ရွ္ နယ္စပ္ထဲမွာရွိတယ္ဆိုတဲ့အတြက္ ျပန္ေခၚဖို႔လက္လွမ္းမမွီဘူး။ တပ္ကလည္း လက္လွမ္းမမွီနိုင္ဘူး။ ကၽြန္ေတာ္တို႔ အရပ္ဖက္ကလည္း လက္လွမ္းမမွီနိုင္ဘူး။ လက္နက္ကိုင္ပဋိပကၡေတြအေပၚမွာ သူတို႔ရဲ့ လြတ္ ေျမာက္နယ္ေျမထဲမွာေရာက္ေနတာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔အစိုးရအဖြဲ႕ ဘာမွလည္းလုပ္ေပးလို႔လည္းမရနိုင္ဘူး။ ကၽြန္ေတာ္တို႔လည္း ဆုေတာင္းတာလြဲျပီးေတာ့ ဘာမွလုပ္ေပးလို႔မရနိုင္ဘူးျဖစ္ေနပါတယ္။

ဆရာ၊ဆရာမေတြက ပလက္၀ေဒသမွာ မေနရဲဘူး စစ္ပြဲေၾကာင့္ ေျပာင္းသြားတာ" 3

ေမး -၀န္ၾကီးက မီဒီယာတစ္ခုကို ေျပာထားတာရွိတယ္ခင္ဗ်။ ခ်င္းျပည္နယ္က ၀န္ထမ္းေတြထဲမွာ AA ကို အေကာင့္အတုေတြနဲ႔ ေထာက္ခံေနတဲ့၀န္ထမ္းေတြရွိဆိုတာ။ အဲဒီေတာ့ ဘယ္လိုပံုစံမ်ိဳးေထာက္ခံေနတာလည္း။ ေနာက္ျပီးေတာ့ ဘယ္လိုပံုစံမ်ိဳးလုပ္ေဆာင္ေနတာလည္းခင္ဗ်

ေျဖ – ကၽြန္ေတာ္တို႔က ၀န္ထမ္းေတြကို အေရးယူမယ္လို႔ေျပာတာမဟုတ္ဘူး။ AA ကိုေထာက္ခံျပီးေတာ့ အေကာင့္အတုေတြနဲ႔ လုပ္ေနတဲ့ ၀န္ထမ္းေတြကို ကၽြန္ေတာ္တို႔သိေနတယ္။ သိေပမယ့္ ေစာင့္ၾကည့္ေနတယ္။ ကၽြန္ေတာ္ စည္ပင္သာယာေရး၊ လွ်ပ္စစ္၊ စက္မႈ၀န္ၾကီးဦးစိုးထက္ဆိုရင္ အြန္လိုင္းေပၚမွာ ကၽြန္ေတာ္ဓါတ္ပံုနဲ႔ ဒီဟာတြကို ရွင္းပစ္ရမယ္လို႔တင္တယ္။ သတ္ပစ္္ရမယ္လို႔ အဲလိုတင္တယ္။ အဲဒါမ်ိဳးက်ေတာ့ ကၽြန္ေတာ္တို႔သည္းခံလို႔မရဘူး။ ဒါ အေကာင့္အတုေတြနဲ႔ ဒီ၀န္ထမ္းေတြကပဲလုပ္ေနတာ။ ေနာက္ျပီး အရင္ ၀န္ ၾကီးေဟာင္း ဦးအိုင္းဇက္ခင္နဲ႔ ကၽြန္ေတာ္ပံုကို ယွဥ္ျပီးေတာ့ တင္ထားတယ္။ ဦးအိုင္းဇက္ခင္ကိုလည္း ရွင္းပစ္ရမယ္လို႔တင္တယ္။ အဲဒါကို မခံနိုင္ဘူး။ ကၽြန္ေတာ္တို႔ထက္ တစ္ရက္ႏွစ္ရက္ေစာျပီးေတာ့ ႏွစ္ျခင္းခရစ္ယာန္ဘုန္းၾကီး ဦးစတီဗင္ကုိလည္း ဓါတ္ပံုနဲ႔တကြ အြန္လိုင္းေပၚမွာ ” ဒီလူကို ေတြ႔တဲ့ေနရာမွာရွင္းပစ္ အမ်ိဳးတို႔” ဆိုျပီး အဲလိုေတြတင္ တယ္။ ဒါတစ္ကမၻာလံုးျပန္႔တယ္။ တစ္နိုင္ငံလံုးျပန္႔တယ္။ ဒီေလာက္ အႏၱရာယ္ၾကီးမားေအာင္ အေကာင့္အတုေတြနဲ႔ လုပ္တဲ့ ဒီ၀န္ထမ္းေတြကို ကၽြန္ေတာ္က အေရးယူဖို႔ေျပာတာ။

ဆရာ၊ဆရာမေတြက ပလက္၀ေဒသမွာ မေနရဲဘူး စစ္ပြဲေၾကာင့္ ေျပာင္းသြားတာ" 4

ေမး – ၀န္ၾကီးအေနနဲ႔ ဘာမ်ားျဖည့္စြက္ျပီး အမိန္႔ရွိခ်င္ပါေသးလည္း ခင္ဗ်။

ေျဖ – ကၽြန္ေတာ္တို႔က ကိုယ့္ေဒသကို ျငိမ္းခ်မ္းခ်င္တယ္။ ေအးခ်မ္းခ်င္တယ္။ ကိုယ့္ေဒသမွာလည္း ပညာေရးကိစၥေတြ အကုန္ေျပေျပလည္လည္ျဖစ္ခ်င္တယ္။ အခုဆိုရင္ ၁၀တန္းေအာင္စာရင္းက ၈ရက္ေန႔က ထြက္တယ္။ ကၽြန္ေတာ္တို႔ ျမိဳ့မွာဆုိရင္ ၆.၈၄ ရာခိုင္ႏႈန္းပဲေအာင္တယ္။ ၁၇၇၀ ေလာက္ေျဖတဲ့ေနရာမွာ ၁၂၁ေယာက္ပဲေအာင္တယ္။ ပညာေရးက အရမ္းက်ဆင္းတယ္။ ဒီပံုစံနဲ႔ဆိုရင္။ အခုဆို ေက်ာင္းက ၁၁၈ေက်ာင္းက ဆရာ၊ ဆရာမ မရွိဘူး။ ဆရာ၊ ဆရာမတစ္ေယာက္စီရွိတာ ၉၄ ေက်ာင္းျဖစ္တဲ့အတြက္။ အဲလိုဟာမ်ိဳးနဲ႔သာသြားမယ္ဆိုရင္ေတာ့။ ကၽြန္ေတာ္တို႔ ေဒသက ပညာေရးမွာေတာ့ ေနာက္အက်ဆံုးျဖစ္ေနဦးမွာပဲ။ဦးစိုးထက္/ ကိုေက်ာ္ေအာင္

ေအာင္ရဲေနာင္

 

Unicode Version ျဖင့္ဖတ္ရန္

 

“AA မရှိရင် တိုက်ပွဲမရှိဘူး AA ရှိရင်တော့ တိုက်ပွဲတွေရှိနေမှာပဲ”

(ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာ ရေး၊လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးထက်နှင့် အင်တာဗျူ း )

တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေသော ချင်းပြည် နယ် ပလက်ဝမြို့နယ်အတွင်း၌ စာသင်ကျောင်းများ ပိတ်ထားရခြင်းနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးထက် အား The Ladies Newsက ဆက်သွယ်မေးမြန်းထားသည်။

မေး – ပလက်ဝမြိူ့နယ်ထဲမှာ စာသင်ကျောင်းတော်တော်များများက ဆရာ၊ ဆရာမတွေမရှိလို့ ပိတ်ထားရတယ်လို့သိရတယ်ခင်ဗျ

ဖြေ – ကျွန်တော်တို့ ပလက်ဝမြို့နယ်ထဲမှ စာသင်ကျောင်း ၃၇၄ကျောင်းရှိပါတယ်။ အဲဒီအထဲမှာမှ ဆရာ၊ ဆရာမ လုံးဝ မရှိတာက ၁၁၈ကျောင်း။ ဆရာ၊ ဆရာမ တစ်ယောက်တစ်ယောက်စီပဲရှိတာက ၉၄ ကျောင်း။ အားလုံး ၂၁၂ကျောင်းပါ။ အဲဒါက ဆရာ တစ်ယောက် တစ်ယောက်စီပဲရှိတာကိုပြောတာ။ နှစ်ယောက်တို့ သုံးယောက်တို့ရှိတာတွေကတော့ ရှိတယ်လို့ပြောတာပေါ့။ ဒါပေမယ့် အလယ်တန်းကျောင်းတစ်ကျောင်းမှာ ဆရာ၊ဆရာမက ဥပမာ ဗုဒ္ဓဂါမလိုကျောင်းမျိုးဆိုရင် အလယ်တန်းကျောင်းဖြစ်နေပြီ။ ဖြစ်နေတဲ့ ဥစ္စာမှာကျောင်းအုပ်တစ်ယောက်၊ အလယ်တန်းပြတစ်ယောက်၊ ကျောင်းအထွေထွေဝန်ထမ်းတစ်ယောက် သုံးယောက်ပဲကျန်တယ်။ ဘယ်လိုမှ ကျောင်းဖွင့်လို့မရဘူး။

မေး- အဲဒါဆိုရင် ၁၁၈ ကျောင်းက ပိတ်ထားရတဲ့ပုံစံမျိုးလား
ဖြေ – ဟုတ်ပါတယ်။ ဆရာ၊ ဆရာမ, မရှိတဲ့အတွက်ပိတ် ထားပါတယ်။

မေး – တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်နေလို့ ဆရာ၊ ဆရာမတွေက သူတို့ လုံခြုံရေးအရ မလာရဲလို့ ပိတ်ထားတာလား
ခင်ဗျ

ဖြေ – မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေက အကုန်ပြည်မကိုပြောင်းသွားတာ။ စစ်ပွဲကြောင့်ပြောင်းသွားတာ။ပေါ့။ ကျွန်တော်တို့ဒေသမှာ သူတို့မနေရဲဘူး။ မနေရဲလို့ပြောင်းသွားတာ။ ပြောင်းသွားလို ့ဆရာ၊ ဆရာမ မလုံလောက်တာပေါ့။ ကျောင်းသားတွေရှိတယ်။ ဒါပေမယ့် ဖွင့်လို့မရဘူး။ တစ်ချို့နေရာကျတော့လည်း စစ်ဘေးကြောင့် ဖွင့်လို့မရတာရှိတယ်။ အဲဒီကျောင်းတွေမှာလည်း ဆရာ၊ ဆရာမ, မရှိဘူး။

မေး – ဒါဆိုရင် စစ်ဘေးကြောင့် လုံခြံုရေးအရကြောက်ပြီး
ပြောင်းသွားတာပေါ့

ဖြေ – ဟုတ်တယ်။

မေး – ပြောင်းသွားတဲ့ ဆရာ၊ ဆရာမတွေနေရာမှာ အစားထိုးဖို့က ဘယ်လိုအခြေအနေမျိုးရှိလည်းခင်ဗျ

ဖြေ – ပြောင်းပေးလိုက်တာလည်း ပြည်ထောင်စုပညာရေးဝန်ကြီးဌာနက ပြောင်းပေးလိုက်တာဖြစ်တယ်။ ပညာရေးဝန်ကြီးဌာကနေ ပြန်ချပေးမှ ရမှာပေါ့။ ပြီးခဲ့တဲ့ နှစ် ၂၀၁၈- ၂၀၁၉ ကတည်းက ကျောင်းပေါင်း ၄၇ကျောင်းမှာ ဆရာ၊ ဆရာမလုံးဝမရှိဘူး။ အဲဒါကို ကျွန်တော်တို့တင်ပြတယ်။ တင်ပြပေမယ့် ပြန်ဖြည့်ဆည်းပေးတာ မရှိဘူး။ မရှိသေးပေမယ့် အခု တစ်နှစ်ပြည့်လို့ဆိုပြီး ကျန်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ရွေ့ပေးလိုက်တဲ့အခါကျတော့ နောက်ထပ် ဆရာ၊ ဆရာ မ ပိုလျော့သွားတယ်။ အခုဆိုရင် ဆရာ။ဆရာမလိုအပ်ချက် က၃၀၀ ကျော် ၄၀၀ ဖြစ်နေပြီ။

မေး တပ်မတော်နဲ့ AA တိုက်ပွဲတွေ ဖြစ်နေရင် ဆရာ၊ဆရာမတွေကလည်း လာရဲမယ့်ပုံစံရှိမလားခင်ဗျ

ဖြေ – တိုက်ပွဲဖြစ်နေတဲ့နေရာမှာတော့ ဆရာ၊ဆရာမတွေ မနေရဲကြဘူး။ မနေရဲတဲ့အတွက်လည်း သူတို့ကတစ်နှစ်ပြည့်တဲ့အချိန်မှာ ပြောင်းရွေ့ခွင့်တင်တာပါ့။ တင်တဲ့အတွက် ပြည်ထောင်စုကလည်းပြောင်းပေးလိုက်တယ်။ ပြောင်းတဲ့နေရာမှာ အစားထိုးကမဝင်လာဘူးဖြစ်နေတယ်။ ပြောင်းရွေ့ တာလည်း ပြည်ထောင်စုကပဲလုပ်တာ။ ချပေးမှာလည်း ပြည်ထောင်စုက ချပေးရမှာ။ အဲဒီတော့ ပြည်မဘက်က ဆရာ၊
ဆရာမတွေမလာနိုင်ရင် ကျွန်တော်တို့ ဒေသခံတွေကို အစားထိုးပြီး ဖြေလျှော့ပြီးတော့ ခန့်ပေးရင်ရတယ်။ အဲဒီဟာကိုလည်းမလုပ်ပေးဘူးဆိုရင်တော့ ကျွန်တော်တို့ဒေသမှာ ဘယ်လိုမှ ပညာရေးကကောင်းလာစရာအကြောင်းမရှိဘူး။

မေး – ပလက်ဝဒေသမှာ AA နဲ့ တပ်မတော် တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ဒေသခံတွေကလည်းထွက်ပြေးတိမ်းရှောင်
နေတာတွေရှိတယ်။ မနေ့က ဆိုရင်လည်း ပလက်ဝမြို့ပေါ်ကို ၆၀၀ ကျော်လောက်ရောက်လာတယ်လို့ကျွန်တော်တို့သိရတယ်ခင်ဗျ။ ဒီလို တိုက်ပွဲဖြစ်ပွားနေမှုကိုရော ၀န်ကြီးအနေနဲ့ ဘာများပြောကြားချင်လည်း ခင်ဗျ

ဖြေ – တိုက်ပွဲဖြစ်နေတဲ့ဟာက။ AA မရှိရင် တိုက်ပွဲမရှိဘူး။ AA ရှိရင်တော့ တိုက်ပွဲတွေရှိနေမှာပဲ။ AA က သူဟာသူ သူတို့ရဲ့ လွတ်မြောက်နယ်မြေမှာ နေလိုက်မယ်ဆိုရင်တော့ တိုက်ပွဲတွေလည်း ဖြစ်မှာမဟုတ်ဘူး။ အဲဒါတော့အဖြေမှန်ပဲ။

မေး – ပြီးခဲ့တဲ့ လပိုင်းတုန်းကဆိုရင် ပလက်ဝဒေသခံ ၅၂ဦးကို AA က ဖမ်းဆီးထားတယ်လို့သိရတယ်။ အဲဒီတော့ ဖမ်းဆီးခံထားရတဲ့ သူတွေအပေါ်မှာရော ဘာတွေများ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိလည်း ခင်ဗျ

ဖြေ – AA က ဖမ်းသွားတာ ၅၄ယောက်။ ၂ယောက်ထွက်ပြေးလွတ်လာတယ်။ ၅၂ယောက်ကျန်တယ်။ AA ကလည်း သတင်းအမျိုးမျိုး ထုတ်တယ်။ သူတို့က အန္တရာယ်ကင်းတဲ့နေရာကိုခေါ်သွားတာလို့ပြောတယ်။ လွတ်မြောက်ထွက်ပြေးလာတဲ့ နှစ်ယောက်ရဲ့ပြောဆိုချက်အရတော့။ သူတို့ခိုင်းသမျှလုပ်ရတယ်။ နောက်ပြီးတော့ သူတို့ကို အတင်းခေါ်သွားလို့လိုက်သွားရတယ်ဆိုတာမျိုး အဖြေထုတ်ပါတယ်။ လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ထဲမှာရှိတယ်ဆိုတဲ့အတွက် ပြန်ခေါ်ဖို့လက်လှမ်းမမှီဘူး။ တပ်ကလည်း လက်လှမ်းမမှီနိုင်ဘူး။ ကျွန်တော်တို့ အရပ်ဖက်ကလည်း လက်လှမ်းမမှီနိုင်ဘူး။ လက်နက်ကိုင်ပဋိပက္ခတွေအပေါ်မှာ သူတို့ရဲ့ လွတ် မြောက်နယ်မြေထဲမှာရောက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ ဘာမှလည်းလုပ်ပေးလို့လည်းမရနိုင်ဘူး။ ကျွန်တော်တို့လည်း ဆုတောင်းတာလွဲပြီးတော့ ဘာမှလုပ်ပေးလို့မရနိုင်ဘူးဖြစ်နေပါတယ်။

မေး -၀န်ကြီးက မီဒီယာတစ်ခုကို ပြောထားတာရှိတယ်ခင်ဗျ။ ချင်းပြည်နယ်က ၀န်ထမ်းတွေထဲမှာ AA ကို အကောင့်အတုတွေနဲ့ ထောက်ခံနေတဲ့ဝန်ထမ်းတွေရှိဆိုတာ။ အဲဒီတော့ ဘယ်လိုပုံစံမျိုးထောက်ခံနေတာလည်း။ နောက်ပြီးတော့ ဘယ်လိုပုံစံမျိုးလုပ်ဆောင်နေတာလည်းခင်ဗျ

ဖြေ – ကျွန်တော်တို့က ၀န်ထမ်းတွေကို အရေးယူမယ်လို့ပြောတာမဟုတ်ဘူး။ AA ကိုထောက်ခံပြီးတော့ အကောင့်အတုတွေနဲ့ လုပ်နေတဲ့ ၀န်ထမ်းတွေကို ကျွန်တော်တို့သိနေတယ်။ သိပေမယ့် စောင့်ကြည့်နေတယ်။ ကျွန်တော် စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုဝန်ကြီးဦးစိုးထက်ဆိုရင် အွန်လိုင်းပေါ်မှာ ကျွန်တော်ဓါတ်ပုံနဲ့ ဒီဟာတွကို ရှင်းပစ်ရမယ်လို့တင်တယ်။ သတ်ပစ််ရမယ်လို့ အဲလိုတင်တယ်။ အဲဒါမျိုးကျတော့ ကျွန်တော်တို့သည်းခံလို့မရဘူး။ ဒါ အကောင့်အတုတွေနဲ့ ဒီဝန်ထမ်းတွေကပဲလုပ်နေတာ။ နောက်ပြီး အရင် ၀န် ကြီးဟောင်း ဦးအိုင်းဇက်ခင်နဲ့ ကျွန်တော်ပုံကို ယှဉ်ပြီးတော့ တင်ထားတယ်။ ဦးအိုင်းဇက်ခင်ကိုလည်း ရှင်းပစ်ရမယ်လို့တင်တယ်။ အဲဒါကို မခံနိုင်ဘူး။ ကျွန်တော်တို့ထက် တစ်ရက်နှစ်ရက်စောပြီးတော့ နှစ်ခြင်းခရစ်ယာန်ဘုန်းကြီး ဦးစတီဗင်ကိုလည်း ဓါတ်ပုံနဲ့တကွ အွန်လိုင်းပေါ်မှာ ” ဒီလူကို တွေ့တဲ့နေရာမှာရှင်းပစ် အမျိုးတို့” ဆိုပြီး အဲလိုတွေတင် တယ်။ ဒါတစ်ကမ္ဘာလုံးပြန့်တယ်။ တစ်နိုင်ငံလုံးပြန့်တယ်။ ဒီလောက် အန္တရာယ်ကြီးမားအောင် အကောင့်အတုတွေနဲ့ လုပ်တဲ့ ဒီဝန်ထမ်းတွေကို ကျွန်တော်က အရေးယူဖို့ပြောတာ။

မေး – ၀န်ကြီးအနေနဲ့ ဘာများဖြည့်စွက်ပြီး အမိန့်ရှိချင်ပါသေးလည်း ခင်ဗျ။

ဖြေ – ကျွန်တော်တို့က ကိုယ့်ဒေသကို ငြိမ်းချမ်းချင်တယ်။ အေးချမ်းချင်တယ်။ ကိုယ့်ဒေသမှာလည်း ပညာရေးကိစ္စတွေ အကုန်ပြေပြေလည်လည်ဖြစ်ချင်တယ်။ အခုဆိုရင် ၁၀တန်းအောင်စာရင်းက ၈ရက်နေ့က ထွက်တယ်။ ကျွန်တော်တို့ မြို့မှာဆိုရင် ၆.၈၄ ရာခိုင်နှုန်းပဲအောင်တယ်။ ၁၇၇၀ လောက်ဖြေတဲ့နေရာမှာ ၁၂၁ယောက်ပဲအောင်တယ်။ ပညာရေးက အရမ်းကျဆင်းတယ်။ ဒီပုံစံနဲ့ဆိုရင်။ အခုဆို ကျောင်းက ၁၁၈ကျောင်းက ဆရာ၊ ဆရာမ မရှိဘူး။ ဆရာ၊ ဆရာမတစ်ယောက်စီရှိတာ ၉၄ ကျောင်းဖြစ်တဲ့အတွက်။ အဲလိုဟာမျိုးနဲ့သာသွားမယ်ဆိုရင်တော့။ ကျွန်တော်တို့ ဒေသက ပညာရေးမှာတော့ နောက်အကျဆုံးဖြစ်နေဦးမှာပဲ။ဦးစိုးထက်/ ကိုကျော်အောင်

အောင်ရဲနောင်