ဝရမ်းထုတ်ခံထားရသည့်  ဦးပညာဝံသကို  ဖမ်းမိပြီ 1
Unicode Version ဖြင့်ဖတ်ရန်
ဝရမ်းထုတ်ခံထားရသည့် ဦးပညာဝံသကို ဖမ်းမိပြီ
လွန်ခဲ့သည့် ၂နှစ်က ရန်ကုန်မြို့၌ အစိုးရနုတ်ထွက်ပေးရေးသပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဆရာတော် ဦးပညာဝံသကို ယနေ့ (ဇွန်လ ၁၀ရက်)တွင် ဖမ်းဆီးလိုက်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝရမ်းထုတ်ခံထားရသည့်  ဦးပညာဝံသကို  ဖမ်းမိပြီ 1
ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲတွင် ပါဝင်လာသည့် ဦးပညာဝံသကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။ဦးပညာဝံသ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားသူဆိုသူများက လက်ရှိအစိုးရနုတ်ထွက်ပေးရန် ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင် ၂၀၁၇ ဩ ဂုတ်၂ ရက်မှ ၅ ရက်အထိ လေးရက်ကြာ သပိတ်စခန်းဖွင့်တောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။- ငြိမ်းချမ်း
Be the first to comment
Leave a Reply
Your email address will not be published.
*