ခွင့်ပြုချက်လိုင်စင်မရှိဘဲ’KTV’ကာရာအိုကေဖွင့်လှစ်သူအရေးယူ

မြို့သစ် ဇွန် ၁၀


ခွင့်ပြုချက်လိုင်စင်မရှိဘဲ'KTV'ကာရာအိုကေဖွင့်လှစ်သူအရေးယူ 1

ခွင့်ပြုချက်လိုင်စင်မရှိဘဲ'KTV'ကာရာအိုကေဖွင့်လှစ်သူအရေးယူ 2


 

Unicode Version ဖြင့်ဖတ်ရန်

 

မြို့သစ် ဇွန် ၁၀

မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်ဂွေးကုန်းကျေးရွာ တောင်တွင်းမြို့သစ်ကားလမ်းပေါ်ရှိစတုံတံထားအနီးရှိဦးမြင့်ထွန်းဂွေ့ကြီးကျေးရွာနေသူပိုင်ဆိုင်သည့်{မိုးနတ်သူဇာ}စားသောက်ဆိုင်၏တောင်ဘက်တွင်ခွင့်ပြုချက်လိုင်စင်မရှိဘဲကာရာအိုကေခန်းဖွင့်နေကြောင်းသတင်းအရမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှုခင်းအကူဌာနစိတ်မှဒုရဲမှူးကျော်သန်းဦးစီးသည့်အဖွဲ့၊ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှရဲအုပ်အောင်တင်ဦးစီးသည့်အဖွဲ့သည်သက်သေဂွေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမင်းထွန်းဆယ်အိမ်မှူးဦးအောင်ကျော်ဦးတို့နှင့်အတူယမန်နေ့ညကဝင်ရောက်ရှာဖွေရာဂွေးကုန်းကျေးရွာတောင်တွင်းကြီးကားလမ်းစတုံချောင်းတံထားအနီးရှိဦးမြင့်ထွန်း ဂွေ့ကြီးကျေးရွာနေသူပိုင်ဆိုင်သည့်”မိုးနတ်သူဇာ”စာသောက်ဆိုင်အတွင်းဝင်ရောက်ရှာဖွေရာKTVကာရာအိုကေအခန်း(၂)ခန်းအားတွေ့ရှိရပြီးအခန်း(၁)အတွင်းမှအမျိုးသား(၃)ဦး၊အမျိုးသမီး(၂)ဦး၊အခန်း(၂)မှ အမျိုးသား(၂)ဦး၊အမျိုးသမီး(၂)ဦးတွေ့ရသဖြင့် ၎င်းကာရာအိုကေKYVအခန်း(၂)ခန်းမှကာရာအိုကေKTVဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ခွင့်ပြုချက်လိုင်စင်မရှိဘဲ'KTV'ကာရာအိုကေဖွင့်လှစ်သူအရေးယူ 3

ဖြစ်စဉ်နှင့်ပတ်သက်၍ဒန့်ဒလွန်ပင်နယ်မြေစခန်းမှူး ရဲအုပ်အောင်တင်မှတရားဝင်ခွင့်ပြုချက် လိုင်စင်မရှိဘဲ KTV ကာရာအိုကေခန်းဖွင့်လှစ်သူ ဦးမြင့်ထွန်းအား ဥပဒေအရ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှ အမှုရေးဖွင့်ပြီး ဒုရဲအုပ်စည်သသအောင်မှဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။ သန်းဝင်းထွန်း ( ပြန်/ဆက် )

Be the first to comment

Leave a Reply

Your email address will not be published.


*