ပုသိမ်နယ်မြေရဲစခန်းက ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူ အမျိုးသ္မီး (၃)ဦး ဖမ်းဆီး အရေးယူ


ပုသိမ်နယ်မြေရဲစခန်းက ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူ အမျိုးသ္မီး (၃)ဦး ဖမ်းဆီး အရေးယူ 1



 

Unicode Version ဖြင့်ဖတ်ရန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထူးအောင်ဇော် နှင့်ရဲတပ်ကြပ်သန်းဇော် ရဲတပ်သား ထင်ကျော်မြင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ က သက်သေများနှင့်အတူ သတင်းအရ ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက် အောင်သပြေလမ်းဘေးရှိ မဇာလီနိုင် အသက်(၃၁)နှစ် နေအိမ်တည်းခိုဆောင်မှာ တရားမဝင် ပြည့်တန်ဆာ လုပ်ငန်း လုပ်နေကြောင်း သတင်းရရှိသဖြင့် အသွင်ယူပြီး ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ် ၁/၂၀၁၉ ဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြကြောင်းသိ့ရသည်။

ပုသိမ်နယ်မြေရဲစခန်းက ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူ အမျိုးသ္မီး (၃)ဦး ဖမ်းဆီး အရေးယူ 1

၇.၆.၂၀၁၉. ရက်နေ့ည (၁၂)နာရီခွဲ အချိန်ခန့် သတင်းရရှိသောနေရာသို့ သက်သေ ဦးရဲကျော်သူ ဦးနိုင်နိုင်ဦး တို့အတူ အသင့်ပြင်ဆင်ထားသည့် (၅၀၀၀ိ/)တန်ငွေစက္ကူ (၄)လူတဦးအား အသွင်ယူပြီး ကြိုတင်စေလွှတ်ဆောင်ရွက်ခဲ့ရာ အောင်သပြေလမ်းနေ မသဇင်နွယ် အသက်(၂၆)နှစ်မှ ခေါင်းဆောင် စီမံခန့်ခွဲဆောင်ရွက်နေကြောင်း မကြည်ကြည်ခိုင် အသက်(၃၇)နှစ် အား အခကြေးငွေ ဖြင့် ပြည့်တန်ဆာ ကိစ္စ အလို့ငှါ မြူဆွယ် ပျော်ပါးနေကြသည်ကိုတွေ့ရှိရသဖြင့်

ခေတ္တ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထူးအောင်ဇော် မှတရားလိုပြု၍ မကြည်ကြည်ခိုင် အား ပုသိမ်နယ်မြေရဲစခန်း (ပ)၂၅၇/၂၀၁၉. ပြည့်တန်ဆာ နှပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(ခ)ဖြင့်၎င်း မဇာလီနိုင် နှင့်မသဇင်နွယ်တို့အား ပုသိမ်နယ်မြေရဲစခန်း (ပ)၂၅၆/၂၀၁၉-ပြည့်တန်ဆာနှပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ) တို့ဖြင့်အမှုဖွင့်၍အမှုအား ဒုရဲအုပ်သန်းထွန်းဝင်း မှစစ်ဆေးဆောင်ရွက်နေကြောင်းသိ့ရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*