မဂၤလာဒုံၿမိဳ႕နယ္အတြင္းတရားမဝင္ သစ္တင္ကားဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ဝင္(၁)ဦး ဒဏ္ရာရရွိၿပီး ပစ္ခတ္ဖမ္းဆီးရ

မဂၤလာဒုံၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဇြန္လ ၉ ရက္ေန႔ နံနက္ေစာေစာ ၆ နာရီအခ်ိန္ ရဲလွည့္ကင္းယာဥ္ျဖင့္နယ္ေျမအတြင္းလွည့္ကင္းေဆာင္ရြက္စဥ္ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကၽြန္းႀကီး ေက်းရြာ၊ ေဇကမၻာ R (၁၁)လမ္းေပၚတြင္ ေမာင္းႏွင္လာေသာ 2D×××× (၆)ဘီးယာဥ္အား မသကၤာဖြယ္ေတြ႕ရွိ၍ တားဆီးစစ္ေဆးရန္ျပဳလုပ္စဥ္ ရပ္တန႔္ေပးျခင္းမရွိသည့္အျပင္ ကားေခါင္း ခန္းပါလူမ်ားမွဓားရွည္မ်ား ေထာင္ျပကာ ေလးခြျဖင့္စတင္ပစ္ခတ္ခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ (၁)ဦး၏ ဝဲပုခုံးထိမွန္ဖူးေယာင္ဒဏ္ရာရရွိခဲ့ၿပီး ၎ယာဥ္က ဆက္လက္ေမာင္းႏွင္ထြက္ေျပး သြားေၾကာင္း၊ အဆိုပါယာဥ္ထြက္ေျပးလြတ္ေျမာက္ေစရန္ 9C××××MARK II ယာဥ္မွ လွည့္ကင္းယာဥ္အား တားဆီးပိတ္ဆို႔ေမာင္းႏွင္ေနျခင္းမ်ား ျပဳလုပ္ေၾကာင္း၊

မဂၤလာဒုံၿမိဳ႕နယ္အတြင္းတရားမဝင္ သစ္တင္ကားဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ဝင္(၁)ဦး ဒဏ္ရာရရွိၿပီး ပစ္ခတ္ဖမ္းဆီးရ 1

၎ယာဥ္အား လွည့္ကင္းယာဥ္မွ ေက်ာ္တက္ၿပီး(၆)ဘီးယာဥ္အား ဆက္လက္လိုက္လံဖမ္းဆီးစဥ္ ေထာက္ၾကန႔္ၿမိဳ႕၊ လမ္းဆုံအေရာက္ ရဲတပ္ဖြဲ႕မွ သတိေပးပစ္ခတ္တားဆီးရာ ယာဥ္၏ေနာက္ဘီးအား ထိမွန္ၿပီး ၎ယာဥ္သည္ အမွတ္(၃)လမ္းမႀကီး ပိတ္ဆို႔ရွာေဖြေရးဂိတ္ရွိ ဘယ္ရီဂိတ္အတားအဆီးမ်ား အားလည္းေကာင္း၊ အျမန္လမ္းမႀကီးတိုးဂိတ္ေမာင္းတံအားလည္းေကာင္း ဝင္တိုက္၍ ဆက္လက္ ေမာင္းႏွင္ထြက္ေျပးၿပီး ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္(၆/၁)အနီးတြင္ ရပ္တန႔္ သြားခဲ့ေၾကာင္း၊ ယာဥ္ေပၚပါသူမ်ားမွာ တိမ္းေရွာင္သြားခဲ့ၿပီး ယာဥ္ေပၚ၌ ကၽြန္းခြဲသားဆိုဒ္စုံ (၄.၉၄၃၄)တန္ အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ အမႈဖြင့္အေရးယူေဆာင္ရြက္ သြားမည္ျဖစ္သည္။

တရားမဝင္ပစၥည္းမ်ား သယ္ေဆာင္မႈမ်ားႏွင့္ ပတ္သတ္၍လည္း ထိေရာက္ျပတ္သားစြာ တားဆီးထိန္းသိမ္းအေရးယူနိုင္ေရး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွ ျပည္နယ္/တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မ်ားသို႔ ညႊန္ၾကားထားသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ ရက်နေ့ နံနက်စောစော ၆ နာရီအချိန် ရဲလှည့်ကင်းယာဉ်ဖြင့်နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော 2D×××× (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီးစစ်ဆေးရန်ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကားခေါင်း ခန်းပါလူများမှဓားရှည်များ ထောင်ပြကာ လေးခွဖြင့်စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦး၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းယာဉ်က ဆက်လက်မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါယာဉ်ထွက်ပြေးလွတ်မြောက်စေရန် 9C××××MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်နေခြင်းများ ပြုလုပ်ကြောင်း၊

မဂၤလာဒုံၿမိဳ႕နယ္အတြင္းတရားမဝင္ သစ္တင္ကားဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ဝင္(၁)ဦး ဒဏ္ရာရရွိၿပီး ပစ္ခတ္ဖမ္းဆီးရ 1

၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး(၆)ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးရာ ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ်သည် အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများ အားလည်းကောင်း၊ အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံအားလည်းကောင်း ဝင်တိုက်၍ ဆက်လက် မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင် ရပ်တန့် သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူများမှာ တိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်၌ ကျွန်းခွဲသားဆိုဒ်စုံ (၄.၉၄၃၄)တန် အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုများနှင့် ပတ်သတ်၍လည်း ထိရောက်ပြတ်သားစွာ တားဆီးထိန်းသိမ်းအရေးယူနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်းဒေသကြီး ရဲတပ်ဖွဲ့များသို့ ညွှန်ကြားထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*