ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ
ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ 1
ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ 2
ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ 3
ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ 4
ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကို ကူညီသွားမယ်ဆိုတဲ့ လင်းလင်းတို့ ဇနီးမောင်နှံ 5
Unicode Version ဖြင့်ဖတ်ရန်
ချိုမြိန်​လွန်​းလှတဲ့ မိသားစုဘဝ​လေးကို ပိုင်​ဆိုင်​ထားတဲ့ လင်​းလင်​းနဲ့ ချစ်​သု​ဝေတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ စိတ်ထားကောင်းသူတွေမို့ တကယ်လိုအပ်တဲ့နေရာတွေမှာ အလှူတွေပြုလုပ်လေ့ရှိတဲ့ ဇနီးမောင်နှံနှစ်ဦးပါ။ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ​ခေတ်​နဲ့သစ်​တို့နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေလည်း ကျန်းမာရေးမကောင်းတဲ့ ကလေးတွေကို ကုသပေးနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း လင်းလင်းက ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်လေးကို ပညာကုသိုလ်ပြုသွားမယ်လို့ ဝမ်းမြောက်စွာပြောထားတာ တွေ့ရပါတယ်။ တကယ့်ကိုပဲ ပီတိဖြစ်စရာ သတင်းလေးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာဂုဏ်ထူးရှင်လေးကို ပညာကုသိုလ်ပြုမယ်ဆိုတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
လင်းလင်းကတော့ “ခုမှ ရုတ်တရက် FB ကြည့်မိပါတယ် အလုပ်တွေရှုပ်ပြီး ဒီည ထရီဇာနဲ့ဖုန်းမပြောဖြစ်တော့ FB မှာ နှစ်ယောက်ထဲ tag တွဲပြောထားမှကျွန်တော်သိရပါတယ်။ ကျွန်တော် နဲ့ ထရီဇာမှ ဒီသမီးလေးရဲ့ ဆေးကျောင်းပညာစရိတ် လိုအပ်ချက်အားလုံးကို ပညာကုသိုလ်ပြုချင်ပါတယ်။ သမီးလေးနဲ့ နီးစပ်ရာမှလဲဆက်သွယ်ပေးကြပါ။ ကျွန်တော်တို့လဲ ကြိုးစားဆက်သွယ်ပါ့မယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာပါ။
ချစ်သုဝေက အဆိုပါသတင်းလေးကို Share ပြီး လင်းလင်းကို ကူညီဖို့ပြောထားတာဖြစ်ပြီး လင်းလင်းကလည်း ချက်ခြင်းကို ပညာအလှူလှူဖို့ ဆုံးဖြတ်ခဲ့တာပါ။ တကယ့်ကို အတိုင်အဖောက်ညီတဲ့ ဇနီးမောင်နှံပါပဲနော်…
စိတ်ထားကောင်းတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ တစ်နေ့တစ်ခြား အောင်မြင်မှုတွေရော အားပေးတဲ့ ပရိသတ်တွေပါ ပိုပိုပြီး များလာတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ငါးဘာသာ ဂုဏ်ထူးရှင်လေးကို ပညာရေးကုသိုလ်ပြုမယ်ဆိုတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံရဲ့ သတင်းလေးကို Share သွားကြဖို့ မမေ့ပါနဲ့နော်။ Htwe Lynn Ko’s Facebook
Be the first to comment
Leave a Reply
Your email address will not be published.
*