

အမြန်လမ်းတွင် ဒုရဲအုပ်တစ်ဦး လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိသေဆုံးမှုဖြစ်ပွား 1

ဖြစ်စဉ်မှာ ဇွန်လ(၉)ရက်နေ့  ည(၁၀၃၀) နာရီချိန်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ အနီး ရှိ စမိုးရဲကင်းမှ ဒုရဲအုပ်ထွန်းဝင်းသည်. လမ်းတစ်ဖက် နေပြည်တော်-ရန်ကုန် လမ်း. စုပေါင်း သန့်စင်ခန်းအနီးရှိ ဈေးဆိုင် မှ ထမင်းစားပြီးအပြန် လမ်း ဖြတ်ကူးလာစဉ် နေပြည်တော်-ရန်ကုန် သို့ ယာဉ်မောင်း ကိုချစ်ကိုကိုလွင် (၃၅) နှစ်- ရွှေပြည်သာနေသူ မောင်းနှင်လာသည့် Honda. FIT-2H/—. အနက်ရောင်ယာဉ် ဖြင့် တိုက်မိပြီး. ဖြစ်စဉ်နေရာတွင် ဒုရဲအုပ် ထွန်းဝင်း သေဆုံးသွားသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ဇီးပင်သာစခန်း မှတပ်ဖွဲ့ ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ. ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမြန်လမ်းတွင် ဒုရဲအုပ်တစ်ဦး လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိသေဆုံးမှုဖြစ်ပွား 2

အမြန်လမ်းတွင် ဒုရဲအုပ်တစ်ဦး လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိသေဆုံးမှုဖြစ်ပွား 3


 

Unicode Version ဖြင့်ဖတ်ရန်

 

အမြန်လမ်းတွင် ဒုရဲအုပ်တစ်ဦး လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန်လ(၉)ရက်နေ ့ ည(၁၀၃၀) နာရီချိန်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ အနီး ရှိ စမိုးရဲကင်းမှ ဒုရဲအုပ်ထွန်းဝင်းသည်. လမ်းတစ်ဖက် နေပြည်တော်-ရန်ကုန် လမ်း. စုပေါင်း သန့်စင်ခန်းအနီးရှိ စျေးဆိုင် မှ ထမင်းစားပြီးအပြန် လမ်း ဖြတ်ကူးလာစဉ် နေပြည်တော်-ရန်ကုန် သို့ ယာဉ်မောင်း ကိုချစ်ကိုကိုလွင် (၃၅) နှစ်- ရွှေပြည်သာနေသူ မောင်းနှင်လာသည့် Honda. FIT-2H/—. အနက်ရောင်ယာဉ် ဖြင့် တိုက်မိပြီး. ဖြစ်စဉ်နေရာတွင် ဒုရဲအုပ် ထွန်းဝင်း သေဆုံးသွားသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ ဇီးပင်သာစခန်း မှတပ်ဖွဲ ့ဝင်များနှင့် အထောက်အကူပြု အဖွဲ ့များ. ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တာဝန် အပ အမြန်လမ်းမပေါ် ဖြတ်သန်း သွားလာသည့်. ဒုရဲအုပ် ထွန်းဝင်း အား အမြန်လမ်းမကြီး ဥပဒေ နှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး