အသက်(၅)နှစ်အရွယ်ကလေးမလေးကို မုဒိန်းမှုကျူးလွန်ရန် ကြံစည်နေစဉ် အချိန်မှီတာဆီးပြီး ဖမ်းစီးနိုင်ခဲ့

၂၀၁၉ ဇွန်လ ၉ရက်

အသက်(၅)နှစ်အရွယ်ကလေးမလေးကို မုဒိန်းမှုကျူးလွန်ရန် ကြံစည်နေစဉ် အချိန်မှီတာဆီးပြီး ဖမ်းစီးနိုင်ခဲ့ 1


အသက်(၅)နှစ်အရွယ်ကလေးမလေးကို မုဒိန်းမှုကျူးလွန်ရန် ကြံစည်နေစဉ် အချိန်မှီတာဆီးပြီး ဖမ်းစီးနိုင်ခဲ့ 2


အသက်(၅)နှစ်အရွယ်ကလေးမလေးကို မုဒိန်းမှုကျူးလွန်ရန် ကြံစည်နေစဉ် အချိန်မှီတာဆီးပြီး ဖမ်းစီးနိုင်ခဲ့ 3


ရွှေကျား(ဇရပ်ကွင်း)

 

Unicode Version ဖြင့်ဖတ်ရန်

 

၂၀၁၉ ဇွန်လ ၉ရက်
မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ ကိုရင်လေးတောင် ကွက်သစ် ၈.၆.၂၀၁၉ ရက်နေ့ ညနေ ၅း၃၀ အချိန်ခန့်တွင် သက်ငယ်မုဒိန်းမှု့ဖြစ်ပွားကြောင်းသတင်း ရရှိပါတယ်။

အဆိုပါအမှု့တွင် အဘ ဦးဖိုးသိန်း အသက်၂၅ အရွယ် မောင်ထက် ဆိုသူမှ အသက် ၅ နှစ်အရွယ် မ×××× အား အရက်မူးကာတောထဲသို့ခေါ်ဆောင်သွားပြီး အဓ္ဓမပြုကျင့်ရန် ကြံစည်ခဲ့ပါသည်။

မ××××× ၏ အဖိုးဖြစ်သူ မှ မြေးဖြစ်သူအားအိမ်မှာ မတွေ့သဖြင့် တောထဲ၌လိုက်လံရှာဖွေခဲ့ရာ တရားခံဖြစ်သူ မောင်ထက် မှ ကလေးငယ်အား ပါးစပ်ပိတ်၊ အဝတ်အစားများချွတ်ကာ လုံးထွေး နေချိန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မ××××× ၏ အဖိုးပြောပြချက် အရ သိရှိရပါသည်။

တရားခံ မောင်ထက်အား မြေနီတောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှ ဇရပ်ကွင်း ရဲကင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပြီး ဇရပ်ကွင်း ရဲကင်းမှ ရဲအုပ်မျိုးမင်းလွင်နှင့်အဖွဲ့သည် တရားခံအား သပိတ်ကျင်း မြို့နယ် ရဲစခန်း သို့ပို့ဆောင်ကာ တရားခံမောင်ထက်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့်တရားစွဲဆိုထားကြောင်း သိရှိရပါ သည်။

ရွှေကျား(ဇရပ်ကွင်း)
ရွှေပြည်တော် မှု့ခင်းနှင့်သတင်းစုံ ဂျာနယ်

Be the first to comment

Leave a Reply

Your email address will not be published.


*