ယခုႏွစ္အတြင္းေက်းရြာေပါင္း ၅,၀၈၀ ခန္႕လ်ပ္စစ္မီးရရွိေတာ့မည္

ယခုႏွစ္အတြင္းေက်းရြာေပါင္း ၅,၀၈၀ ခန္႕လ်ပ္စစ္မီးရရွိေတာ့မည္

ကမၻာဘဏ္ အကူအညီ ျဖင့္ အေကာင္အထည္ ေဖၚေနေသာ အမ်ဳိးသား လ်ပ္စစ္ဓါတ္အား ရရွိေရး စီမံကိန္း NEP ၏ အစီအစဥ္ တစိတ္တပုိင္း အျဖစ္ ယခုႏွစ္တြင္ ေက်းရြာေပါင္း ၅,၀၈၀ ခန္႕ ၂၄ နာရီ ပါတ္လုံး လ်ပ္စစ္မီးမ်ား ရရွိေတာ့မည္ ျဖစ္သည္ဟု စီမံကိန္း မန္ေနဂ်ာ ဦးသူရ ေအာင္ဘုိက ျမန္မာတုိင္းမ္ သတင္းစာ ကုိ ေျပာျပခဲ့ပါတယ္။NEP စီမံကိန္း မ်ားအတြက္ ကမၻာဘဏ္မွ ေဒၚလာ သန္း ၄၀၀ လ်ာထားေပးခဲ့ရာ သန္း ၉၀ အား ဓါတ္အားလုိင္းမ်ား ႏွင့္ ေ၀းကြာသည့္ ေက်းရြာမ်ား လ်ပ္စစ္ဓါတ္အားရရွိေရး ေဆာင္ရြက္ေနသည့္ လယ္ယာ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္း ၀န္ၾကီးဌာနအတြက္ ခဲြတမ္းခ်ထားေပးခဲ့သည္။ က်န္သည့္ သန္း ၃၁၀ အား လ်ပ္စစ္ ႏွင့္ စြမ္းအင္ ၀န္ၾကီးဌာန ၏ ဓါတ္အားလုိင္းမ်ား တုိးခ်ဲ႕ သြယ္တန္းေရး အတြက္ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

ပထမအဆင့္ အျဖစ္ လ်ပ္စစ္ ႏွင့္ စြမ္းအင္ ဌာန၏ ဓါတ္အား လုိင္း တုိးခ်ဲ႕မႈ အစီအစဥ္အရ အဆုိပါ အမ်ဳိးသား ဓါတ္အားလုိင္းၾကီး ႏွင့္ ႏွစ္မုိင္ ခန္႕ အကြာရွိ ေက်းရြားေပါင္း ၅,၀၈၀ ခန္႕ မီးရရွိလာမွာ ျဖစ္ပါတယ္။ အဆုိပါ လုပ္ငန္းမ်ားအတြက္ ကုမၸဏီ ေပါင္း ၁၂ ခုက တာ၀န္ယူေဆာင္ရြက္ေနျပီ ျဖစ္ပါတယ္။မီးရရွိမည့္ ေက်းရြာမ်ားမွာ ပဲခူးတုိင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ဧရာ၀တီတုိင္း၊ မႏၱေလးတုိင္း ႏွင့္ ရန္ကုန္တုိင္းတုိ႕ ပါ၀င္ၾကပါတယ္။ဒုတိယဆင့္အျဖစ္ စစ္ကုိင္းတုိင္း။ မေကြးတုိ္င္း၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ ႏွင့္ ရခုိင္ျပည္နယ္မ်ားမွာ ဆက္လက္ အေကာင္အထည္ေဖၚသြားမယ္လုိ႕ ဆုိပါတယ္။

ဒီေနရာ မွာ အလ်င္းသင့္လုိ႕ ေျပာခ်င္တာက Mini-grid လုိ႕ေခၚတဲ့ ဘက္ထရီ အေျမာက္အျမားကုိ ဆုိလာ နဲ႕ အားသြင္းျပီး လ်ပ္စစ္ဓါတ္အား ျဖန္႕ျဖဴးတာမ်ဳိး ေကာ မလုပ္ၾကဖူးလား ဆုိတာပဲ ျဖစ္ပါတယ္၊ အခ်ဳိ႕ေဒသေတြမွာ လုပ္ရင္လည္း လုပ္ေနႏူိင္ပါတယ္။ ကီလုိ၀ပ္ အနည္းဆုံး ႏွစ္ဆယ္ေက်ာ္ရွိျပီး အိမ္ေတြကုိ ၾကဳိး ေတြနဲ႕ သြယ္တန္းျပီး မီးေပးႏူိင္ပါတယ္။

လ်ပ္စစ္မီးရရွိဖုိ႕ သြယ္တန္းေပးတာမ်ဳိးက လြယ္ကူေပမယ့္ ဒီလ်ပ္စစ္ဓါတ္အားကုိ မိမိတုိ႕ အတြက္ အက်ဳိးရွိရာ ရွိေၾကာင္း၊ စီးပြား ျဖစ္ထြန္းဖုိ႕ ဘယ္လုိ အသုံးခ်ရမလဲ ဆုိတာ သိဖုိ႕ က ခက္ေနျပန္ပါတယ္။လယ္ယာ ေျမမ်ား အတြက္ ေရစုပ္စက္ေတြနဲ႕ ေရသြယ္ေပးႏူိင္ျခင္း၊ ေရာင္းခ်လုိ႕ ရမယ့္ ကုန္ပစၥည္းမ်ား ထုတ္လုပ္ႏူိင္ျခင္း တုိ႕ကုိ အိမ္ေထာင္စုမ်ား အေနနဲ႕ လုပ္ကုိင္လာႏူိင္ဖုိ႕ အေရးၾကီးပါတယ္။ပုဂၢလိက ေတြ အေနနဲ႕ Mini-grid ေတြ တည္ေဆာက္ဖုိ႕ ရင္းႏွီးျမဳပ္ႏွံႏူိ္င္ၾကေပမယ့္ ျပႆနာတခု ရွိေနျပန္တာက စုိက္ထုပ္ထားတဲ့ ေငြ ျပန္ကာမိေအာင္ ၇ ႏွစ္ေလာက္ ေစာင့္မွ ျဖစ္တယ္လုိ႕ ဆုိတယ့္အျဖစ္ နဲ႕ လုိင္စင္ရဖုိ႔၊ အစုိးရဆီက ေထာက္ပံ့မႈေတြရဖုိ႕ နဲ႕ ဘယ္ေစ်းနဲ႕ ေရာင္းခ်ရမလဲ ဆုိတာကလည္း ႏူိင္ငံေရးအရ မုိင္းကြင္း ေတြ ျဖစ္လာႏူိင္စရာ ရွိပါတယ္။

အစုိးရ အေနနဲ႕ အဆုိပါ Mini-grid မ်ား ပုဂၢလိက ေတြ ျပဳလုပ္ႏူိင္ေအာင္ တြန္းအား ေပးသင့္ျပီး အဆုိပါ ေဒသမ်ား အတြက္ ဓါတ္အား သြယ္တန္းေပးမႈအား အေလာသုံးဆယ္ လုပ္စရာ မလုိေတာ့ပဲ အျခား တဖက္ကုိ လွည့္ႏူိင္မွာ ျဖစ္ပါတယ္။အစုိးရ ဓါတ္အားေပးလုိင္းမ်ား မၾကာမီ ေရာက္လာဖုိ႕ ရွိေနရင္ လည္း ရင္းႏွီးျမဳပ္ႏွံတဲ့ လူေတြ ထိခုိက္သြားႏူိင္ျပန္တာေၾကာင့္ ျဖစ္ပါတယ္။ Hla Soewai

 

Unicode Version ျဖင့္ဖတ္ရန္

 

ယခုနှစ်အတွင်းကျေးရွာပေါင်း ၅,၀၈၀ ခန့်လျပ်စစ်မီးရရှိတော့မည်

ကမ္ဘာဘဏ် အကူအညီ ဖြင့် အကောင်အထည် ဖေါ်နေသော အမျိုးသား လျပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်း NEP ၏ အစီအစဉ် တစိတ်တပိုင်း အဖြစ် ယခုနှစ်တွင် ကျေးရွာပေါင်း ၅,၀၈၀ ခန့် ၂၄ နာရီ ပါတ်လုံး လျပ်စစ်မီးများ ရရှိတော့မည် ဖြစ်သည်ဟု စီမံကိန်း မန်နေဂျာ ဦးသူရ အောင်ဘိုက မြန်မာတိုင်းမ် သတင်းစာ ကို ပြောပြခဲ့ပါတယ်။NEP စီမံကိန်း များအတွက် ကမ္ဘာဘဏ်မှ ဒေါ်လာ သန်း ၄၀၀ လျာထားပေးခဲ့ရာ သန်း ၉၀ အား ဓါတ်အားလိုင်းများ နှင့် ဝေးကွာသည့် ကျေးရွာများ လျပ်စစ်ဓါတ်အားရရှိရေး ဆောင်ရွက်နေသည့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာနအတွက် ခွဲတမ်းချထားပေးခဲ့သည်။ ကျန်သည့် သန်း ၃၁၀ အား လျပ်စစ် နှင့် စွမ်းအင် ၀န်ကြီးဌာန ၏ ဓါတ်အားလိုင်းများ တိုးချဲ့ သွယ်တန်းရေး အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ပထမအဆင့် အဖြစ် လျပ်စစ် နှင့် စွမ်းအင် ဌာန၏ ဓါတ်အား လိုင်း တိုးချဲ့မှု အစီအစဉ်အရ အဆိုပါ အမျိုးသား ဓါတ်အားလိုင်းကြီး နှင့် နှစ်မိုင် ခန့် အကွာရှိ ကျေးရွားပေါင်း ၅,၀၈၀ ခန့် မီးရရှိလာမှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများအတွက် ကုမ္ပဏီ ပေါင်း ၁၂ ခုက တာဝန်ယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။မီးရရှိမည့် ကျေးရွာများမှာ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း နှင့် ရန်ကုန်တိုင်းတို့ ပါ၀င်ကြပါတယ်။ဒုတိယဆင့်အဖြစ် စစ်ကိုင်းတိုင်း။ မကွေးတို်င်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ဆက်လက် အကောင်အထည်ဖေါ်သွားမယ်လို့ ဆိုပါတယ်။

ဒီနေရာ မှာ အလျင်းသင့်လို့ ပြောချင်တာက Mini-grid လို့ခေါ်တဲ့ ဘက်ထရီ အမြောက်အမြားကို ဆိုလာ နဲ့ အားသွင်းပြီး လျပ်စစ်ဓါတ်အား ဖြန့်ဖြူးတာမျိုး ကော မလုပ်ကြဖူးလား ဆိုတာပဲ ဖြစ်ပါတယ်၊ အချို့ဒေသတွေမှာ လုပ်ရင်လည်း လုပ်နေနိူင်ပါတယ်။ ကီလို၀ပ် အနည်းဆုံး နှစ်ဆယ်ကျော်ရှိပြီး အိမ်တွေကို ကြိုး တွေနဲ့ သွယ်တန်းပြီး မီးပေးနိူင်ပါတယ်။

လျပ်စစ်မီးရရှိဖို့ သွယ်တန်းပေးတာမျိုးက လွယ်ကူပေမယ့် ဒီလျပ်စစ်ဓါတ်အားကို မိမိတို့ အတွက် အကျိုးရှိရာ ရှိကြောင်း၊ စီးပွား ဖြစ်ထွန်းဖို့ ဘယ်လို အသုံးချရမလဲ ဆိုတာ သိဖို့ က ခက်နေပြန်ပါတယ်။လယ်ယာ မြေများ အတွက် ရေစုပ်စက်တွေနဲ့ ရေသွယ်ပေးနိူင်ခြင်း၊ ရောင်းချလို့ ရမယ့် ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ခြင်း တို့ကို အိမ်ထောင်စုများ အနေနဲ့ လုပ်ကိုင်လာနိူင်ဖို့ အရေးကြီးပါတယ်။ပုဂ္ဂလိက တွေ အနေနဲ့ Mini-grid တွေ တည်ဆောက်ဖို့ ရင်းနှီးမြုပ်နှံနိူ်င်ကြပေမယ့် ပြဿနာတခု ရှိနေပြန်တာက စိုက်ထုပ်ထားတဲ့ ငွေ ပြန်ကာမိအောင် ရ နှစ်လောက် စောင့်မှ ဖြစ်တယ်လို့ ဆိုတယ့်အဖြစ် နဲ့ လိုင်စင်ရဖို့၊ အစိုးရဆီက ထောက်ပံ့မှုတွေရဖို့ နဲ့ ဘယ်စျေးနဲ့ ရောင်းချရမလဲ ဆိုတာကလည်း နိူင်ငံရေးအရ မိုင်းကွင်း တွေ ဖြစ်လာနိူင်စရာ ရှိပါတယ်။

အစိုးရ အနေနဲ့ အဆိုပါ Mini-grid များ ပုဂ္ဂလိက တွေ ပြုလုပ်နိူင်အောင် တွန်းအား ပေးသင့်ပြီး အဆိုပါ ဒေသများ အတွက် ဓါတ်အား သွယ်တန်းပေးမှုအား အလောသုံးဆယ် လုပ်စရာ မလိုတော့ပဲ အခြား တဖက်ကို လှည့်နိူင်မှာ ဖြစ်ပါတယ်။အစိုးရ ဓါတ်အားပေးလိုင်းများ မကြာမီ ရောက်လာဖို့ ရှိနေရင် လည်း ရင်းနှီးမြုပ်နှံတဲ့ လူတွေ ထိခိုက်သွားနိူင်ပြန်တာကြောင့် ဖြစ်ပါတယ်။ Hla Soewai