ကိုယ့္သားသမီး (၁၀)တန္းေအာင္တာ ဘယ္မိဘမဆိုေပ်ာ္တာပဲေလ အခုေတာ့ ကၽြန္မတို႔မေပ်ာ္နိုင္ေတာ့ပါဘူး

ေမေမတို႔အတြက္ ေနာက္ဆုံးလက္ေဆာင္
မိခင္ႏွစ္ေယာက္။ ေနရာေဒသခ်င္းမတူ၊ အသက္အရြယ္ခ်င္းလည္းမတူ။ သို႔ေသာ္ တူေနတာေတာ့ တစ္ခုရွိသည္။ ထိုမိခင္ႏွစ္ေယာက္စလုံး မနက္ဆိုလၽွင္ သိရေတာ့မည့္ တကၠသိုလ္ဝင္ တန္းစာေမးပြဲေအာင္စာရင္းကို ေမၽွာ္ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ဒီည ဘယ္လိုမွအိပ္လို႔မရ။ အိပ္လို႔မရ႐ုံတင္မက၊ ေနလို႔၊ ထိုင္လို႔ပါ ဘယ္လိုမွမေကာင္း။ ရင္ထဲမွာတစ္ဆို႔ေနသည္။ မနက္ဆိုလၽွင္ သူတို႔သားသမီးေတြ၏ ရလဒ္ေတြ ထြက္ေပၚလာေတာ့မည္။ က်လၽွင္ပို၍ပို၍ စိတ္ဆင္းရဲရမည္။ ေအာင္လၽွင္ေကာ… ။ သူတို႔ေလးေတြ ေအာင္သြားလၽွင္ေကာ မိခင္ႏွစ္ ေယာက္စလုံး ေပ်ာ္လို႔ရပါမည္တဲ့လား။ သားသမီးေတြ ဆယ္တန္းေအာင္ခဲ့လၽွင္ေတာင္ မေပ်ာ္နိုင္ေလာက္ေအာင္ ထိုမိခင္ႏွစ္ေယာက္ဘာမ်ား ခံစားေနရပါ သလဲ… ။

မိခင္ (၁)
ပထမမိခင္က မေကြးတိုင္းေဒသႀကီး ေရစႀကိဳၿမိဳ႕နယ္ ေပါက္ေတာႀကီးေက်းရြာမွ ေဒၚညြန႔္စန္းျဖစ္သည္။ သူ႔တြင္ သားႀကီးတစ္ေယာက္ႏွင့္ သမီးႏွစ္ေယာက္ရွိ သည့္အနက္ သမီးအငယ္ဆုံးေလး အသက္ (၁၉)ႏွစ္အရြယ္ မေအးျမင့္ၾကဴမွာ ဒီႏွစ္ဆယ္တန္းေျဖဆို ထားေလသည္။ သမီးေလးသည္ လိမၼာလွသည္။ ဘာခိုင္းခိုင္း သြက္သြက္လက္ ထလုပ္သည္။ မိဘ အေပၚလည္း သိတတ္သည္။ ႐ုပ္ရည္ေလးကလည္း ေခ်ာ၊ အေျပာအဆိုကလည္း ရည္မြန္လွသျဖင့္ ခ်စ္ခင္သူမိတ္ေဆြေတြ ေပါေလ သည္။

သမီးသည္ ဒီႏွစ္မွဆယ္တန္း ေျဖသည္ေတာ့မဟုတ္ပါ။ သမီး ဆယ္တန္းေျဖတာဆို ဒီႏွစ္နဲ႔ဆို ေလးႏွစ္ေျမာက္ေလၿပီ။ သူငယ္တန္းကတည္းကေန ခုနစ္တန္းအထိ ႏွစ္စဥ္ထူးခၽြန္ဆုေတြရခဲ့ ေသာ သမီးသည္ ဆယ္တန္းက်မွ ဘယ္လိုျဖစ္တယ္ရယ္မသိ၊ သုံးႀကိမ္တိုင္က်ေလသည္။ သို႔ေသာ္သူစိတ္မပ်က္။ ႏွစ္စဥ္ႀကိဳးစားေၿဖ ရွာသည္။ မိဘေတြက ေတာင္သူ ေခ်ာင္လည္လွသည္ မဟုတ္တာ မို႔ သမီးက အားနာပုံရသည္။ ‘‘ဒီ ႏွစ္ သမီး ေအာင္ေအာင္ေျဖမွာပါ’’ဟု ကတိေပးရွာသည္။

ေရစႀကိဳတြင္ ေဘာ္ဒါထား ေပးထားသျဖင့္ စာေမးပြဲေျဖသည့္ ရက္တိုင္း မိခင္ျဖစ္သူ ေဒၚညြန႔္စန္းက သြားေတြ႕ေပးသည္။ စာေမးပြဲသြားမေျဖခင္ မေအကိုကန္ေတာ့သည္။ အစ္ကိုႀကီးလိုက္လာေတာ့ လည္း အစ္ကိုႀကီးကိုပါ ကန္ေတာ့ သည္။ စာေမးပြဲၿပီးေတာ့ သူ႔ အစ္ကိုကို ေျပာသည္။ ‘‘အစ္ကိုေရ ဒီႏွစ္ သမီးေအာင္ကိုေအာင္မွာ သိလား။ မေအာင္ရင္ အစ္ကို သမီးကို ႀကိဳက္သေလာက္ရိုက္’’တဲ့။

စာေမးပြဲၿပီးေတာ့ ရန္ကုန္ကအထည္ခ်ဳပ္စက္႐ုံတစ္ခုကို သြား လုပ္ဖို႔ ခြင့္ေတာင္းေသးသည္။ သူ႔အစ္ကိုက ခြင့္မျပဳ။ သူ႔သေဘာက ေတာ့ မိဘေတြ သူ႔အတြက္ကုန္တာမ်ားေနၿပီမို႔ တတ္နိုင္သေလာက္ေလး ျပန္ရွာေပးခ်င္ေနသည္။ အေဝးသြားမလုပ္ရ ေတာင္ ေရစႀကိဳမွာလုပ္ဖို႔ ခြင့္ေတာင္းသည္။ ေအာင္စာရင္း ထြက္ၿပီးမွ တစ္ခုခုလုပ္ဖို႔ ေျပာထားရသည္။ သမီးက ရြာထဲကဓမၼစကူးလ္မွာလည္း ဆရာမအ ျဖစ္ လုပ္အားေပးေနသည္မို႔ တကၠသိုလ္က်ဴတာျဖစ္ခ်င္ေၾကာင္းကို လည္း မိဘေတြကို ေျပာျပခဲ့ဖူး ေလသည္။

မိခင္ (၂)
ေနာက္ထပ္ မိခင္တစ္ေယာက္ကေတာ့ မႏၲေလးတိုင္း ေဒသႀကီး ေတာင္သာၿမိဳ႕နယ္ ျခဳံႀကီးအေရွ႕ေက်းရြာက ေဒၚျဖဴ ေဖြးျဖစ္သည္။ ေဒၚျဖဴေဖြးေရာ သူ႔အမ်ိဳးသား ဦးစိန္ေသာင္းပါ ေတာင္သူေတြ။ သူတို႔မွာ သား ခ်ည္းသုံးေယာက္ရွိသည္။ ေဒၚျဖဴေဖြးတို႔က ေတာေနေတာင္သူေတြေပသိ သားသမီးပညာေရး အထူးအေလးေပးသည္။ ဦးစိန္ေသာင္းကဆို ‘‘တို႔တုန္းက ေနမွမေနခဲ့ရ တာ။ တို႔ကေလးေတြေတာ့ တို႔လို အျဖစ္မခံဘူး’’ဟု ေျပာကာ သားေတြပညာေရး ထိပ္ဆုံးေရာက္ ေအာင္ ပခုံးထမ္းတင္သည္။ ဒါ ေၾကာင့္ အခုဆို အႀကီးဆုံးက ျမင္းၿခံနည္းပညာတကၠသိုလ္မွာ။ အငယ္ဆုံးေလးကေတာ့ ဒီႏွစ္ဆယ္တန္းတက္မည္။ အလတ္ေလးကေတာ့ ဆယ္တန္းေျဖဆိုထား သည္။ ဆယ္တန္းေျဖထားသည့္ သားေလးနာမည္က ခပ္ဆန္းဆန္း ေမာင္တိမ္လႊာမိုးဟူ၏။

ဆယ္တန္းေျဖထားသည့္ တိမ္လႊာမိုးေလးက စာဖတ္ဝါ သနာပါ၏။ အားေနစာအုပ္ ကေလးတစ္အုပ္ႏွင့္ ၿငိမ္ေန၏။ သတင္းစာယူသည့္ သူ႔အေဒၚအိမ္မၾကာခဏ သတင္းစာသြားသြား ဖတ္သည္။ ျပည္တြင္း၊ ျပည္ပနိုင္ငံေရးအေျခအေနေတြ သူ ေတာ္ေတာ္မ်ားမ်ားသိေလ၏။

တိမ္လႊာမိုးက ဆယ္တန္းစာ ေမးပြဲၿပီးကတည္းက သူ႔ကိုယ္သူ စာေမးပြဲနဲ႔ ပတ္သက္လို႔ ယုံၾကည္မွုအျပည့္။ ဂုဏ္ထူးေတာင္ပါခ်င္ပါမွာဟု တက္တက္ႂကြႂကြေျပာ ဖူးသည္။ ဆယ္တန္းေအာင္လၽွင္ ျပင္ဦးလြင္က ဆိုက္ဘာစီးတီး တက္ခ်င္ေၾကာင္းကိုလည္း ေျပာ သည္။ ေဒၚျဖဴေဖြးတို႔ကေတာ့ မင္းသာအမွတ္မီပါေစ အေမတို႔က လုပ္ေပးဖို႔အသင့္ဟု ေျပာခဲ့သည္။

တိမ္လႊာမိုးက ဆယ္တန္း ေအာင္လၽွင္ သူ႔ကို ဖုန္းတစ္လုံးနဲ႔ ဆုခ်ဖို႔ေျပာသည္။ ဖေအျဖစ္သူက လည္း ေအာင္တာနဲ႔ ခ်က္ခ်င္းသြားဝယ္ေပးဖို႔ ဆုံးျဖတ္ထားသည္။ သားက ေနာက္ထပ္ ေတာင္းဆိုတာ ရွိေသးသည္။ သူေအာင္လၽွင္ ရြာထဲတစ္ခုခု ေကၽြးခ်င္ေၾကာင္း ေျပာသည္။ မိခင္ေရာ ဖခင္ကပါ စဥ္းစားထားၿပီး သားမို႔ အလြယ္တကူပင္ ေခါင္း ညိတ္ခဲ့ေလသည္။

ဆယ္တန္းေျဖထားသည့္ သမီးအတြက္ ေမၽွာ္လင့္ခ်က္ေတြ ျပည့္ေနခဲ့ေသာ ေဒၚညြန႔္စန္းတစ္ေယာက္ သူ႔အိပ္မက္ေတြ ရိုက္ခ်ိဳး ခံရဖို႔ အေၾကာင္းဖန္လာခဲ့သည္။ ေအာင္စာရင္းမထြက္မီ ႏွစ္လခန႔္အလို မတ္လ ၂၄ ရက္ေန႔ မနက္ကျဖစ္သည္။ အနီးနားရြာတစ္ရြာသို႔ သြားသည့္ ေဒၚညြန႔္စန္းကို သမီးမေအးျမင့္ၾကဴက ဆိုင္ကယ္ျဖင့္လိုက္ပို႔ၿပီးအျပန္ သူတို႔ေနထိုင္ရာရြာထဲတင္ ကုန္ကားတစ္စီးႏွင့္ သမီး တိုက္မိကာ သမီးျဖစ္သူ ဆုံးပါးသြားခဲ့ရေလသည္။

အလားတူ သားအတြက္ ရည္မွန္းခ်က္ေတြ ေတာင္လိုပုံခဲ့ေသာ ေဒၚျဖဴေဖြးလည္း ထိုေတာင္ႀကီးၿပိဳက်ခဲ့သည္။ ေအာင္စာရင္း မထြက္မီ ငါးရက္အလို ဇြန္လ ၃ ရက္ ညေနက ျဖစ္သည္။ ရြာထဲက သူငယ္ခ်င္းအခ်ိဳ႕ႏွင့္ ခဏဆိုၿပီးထြက္သြားလိုက္တာ အေတာ္ၾကာမွ သတင္းဆိုးတစ္ခု ေရာက္လာခဲ့သည္။ သူတို႔ႏွင့္ ေလးမိုင္အ ကြာေလာက္က နဘဲကန္ဆည္မွာ သားေလး ေရနစ္လို႔တဲ့။ သူတို႔ အေျပးအလႊားသြားခဲ့ၾကသည္။ သို႔ေသာ္ အသက္မမီေတာ့။

ေဒၚညြန႔္စန္းတို႔ မိသားစု ေရာ ေဒၚျဖဴေဖြးတို႔ မိသားစုပါ ျဖစ္စဥ္ခ်င္းမတူေပမယ့္ သားသမီး ေတြအတြက္ ေသာကမီးေတြ ေတာက္ေလာင္ပုံခ်င္း တူခဲ့ၾက သည္။ မိသားစုကိုယ္စီ စိတ္ဆင္း ရဲကိုယ္ဆင္းရဲျဖင့္ ဆယ္တန္း ေအာင္စာရင္းထြက္မည့္ရက္ကို ေရာက္လာခဲ့သည္။ ေအာင္စာ ရင္းမထြက္မီညက မိသားစုကိုယ္စီ အိပ္လို႔မေပ်ာ္။ သူတို႔သားသမီးေတြ စာေမးပြဲေအာင္မွ ေအာင္ပါ့ မလား စိတ္ပူရသည္။ သို႔ေသာ္ ေအာင္ေတာ့ေရာ သူတို႔သိမွ မသိ နိုင္ေတာ့တာဟူသည့္ အေတြး က ဝင္လာျပန္သည္။ ဘယ္လိုပဲ ေတြးေတြး စိတ္ေတြပဲဆင္းရဲခဲ့ရ သည္။

ဇြန္လ ၈ ရက္ မနက္ မိုးမလင္းမီပင္ ထိုကေလးႏွစ္ေယာက္၏ စာေမးပြဲရလဒ္ ထို မိသားစုႏွစ္စုဆီ ေရာက္လာခဲ့ပါသည္။

ထိုရလဒ္သိရခါနီး ရင္ေတြ တဒိန္းဒိန္းခုန္လာခဲ့ၾကသည္။ မနက္လင္းခ်ိန္မွာေတာ့ သတင္း စကားကိုယ္စီ ၾကားခဲ့ရသည္။ တမလြန္ေရာက္သြားၿပီျဖစ္သည့္ ႏွစ္ဦးစလုံး ဆယ္တန္းကို ေအာင္ ျမင္ခဲ့ၿပီ။

မိသားစုႏွစ္စုစလုံး ယူက်ဳံးမရ ျဖစ္ၾကရသည္။ မိခင္ႏွစ္ေယာက္စလုံး ရင္ထုမနာ ျဖစ္ကာ မ်က္ရည္ေတြက်ရသည္။ သူတို႔စာေမးပြဲ ေအာင္သြားတာေလးေတာင္ မသိလိုက္ရတဲ့အျဖစ္။

မိသားစုဝင္ေတြ ရင္ေတြနာရသည္။ သားသမီးေတြ ဆယ္တန္းေအာင္လၽွင္ ဘယ္မိဘမဆို ဝမ္းသာလိုက္ၾကမွာမလြဲ။

သို႔ေသာ္ သူတို႔ေတြမွာေတာ့ မ်က္ရည္လည္ရႊဲ။

ေရစႀကိဳနယ္က မေအးျမင့္ ၾကဴက သူစာေမးပြဲေအာင္လၽွင္ ဓမၼစကူးလ္က ကေလးေတြကို ေကာ ရြာထဲကလူေတြကို တစ္ခုခုေကၽြးခ်င္ေၾကာင္း ေျပာဖူးသျဖင့္ သူစာေမးပြဲေအာင္ျမင္သည့္ အထိမ္းအမွတ္အျဖစ္ မုန႔္ဟင္းခါးေကၽြးရန္ မိသားစုက တိုင္ပင္ထား သည္။ ေတာင္သာနယ္က တိမ္ လႊာမိုးေလးကလည္း ထို႔အတူ။

တိမ္လႊာမိုးကေတာ့ ယေန႔ဇြန္လ ၉ ရက္တြင္ သူ႔ရက္လည္ ျဖစ္သည္။ ရက္လည္ေန႔မွာပင္ ဘုန္းႀကီးဆြမ္းကပ္ၿပီးေနာက္ သူစာေမးပြဲေအာင္သည့္ အထိမ္းအမွတ္အျဖစ္ တစ္ရြာလုံး မုန႔္ဟင္းခါးေကၽြးမည္ျဖစ္သည္။ ထု႔ိအျပင္ေန႔ခင္းမွာ သူ႔ဆရာ၊ ဆရာမ ၄၀ ေက်ာ္ကိုဖိတ္ၿပီး ဂုဏ္ျပဳထမင္းစားပြဲ က်င္းပေပးရန္ မိသားစုက စီစဥ္ထားၿပီးျဖစ္ေလသည္။ ဆယ္တန္းေအာင္၍ ေကၽြးေမြးသည့္ပြဲမွာ ကာယကံရွင္ကေလးေတြကေတာ့ ရွိမေနေတာ့ပါ။ သူတို႔သည္ ျပန္မလာနိုင္ေတာ့သည့္ ဟိုးအေဝးႀကီးကို ထြက္သြားခဲ့ၾကၿပီျဖစ္သည္။ ‘‘ကိုယ့္သားသမီး ဆယ္တန္းေအာင္တာ ဘယ္မိဘမဆိုေပ်ာ္တာပဲေလ။ အခုေတာ့ ကၽြန္မတို႔မွာ… ’’ ေဒၚညြန႔္စန္းတစ္ ေယာက္ ဆက္မေျပာနိုင္ေတာ့။
အသံေတြ တိမ္ဝင္သြားခဲ့ေလသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

မေမေတို့အတွက် နောက်ဆုံးလက်ဆောင်
မိခင်နှစ်ယောက်။ နေရာဒေသချင်းမတူ၊ အသက်အရွယ်ချင်းလည်းမတူ။ သို့သော် တူနေတာတော့ တစ်ခုရှိသည်။ ထိုမိခင်နှစ်ယောက်စလုံး မနက်ဆိုလျှင် သိရတော့မည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်စာရင်းကို မျှော်နေခြင်းဖြစ်သည်။ ထို့ကြောင့်ဒီည ဘယ်လိုမှအိပ်လို့မရ။ အိပ်လို့မရရုံတင်မက၊ နေလို့၊ ထိုင်လို့ပါ ဘယ်လိုမှမကောင်း။ ရင်ထဲမှာတစ်ဆို့နေသည်။ မနက်ဆိုလျှင် သူတို့သားသမီးတွေ၏ ရလဒ်တွေ ထွက်ပေါ်လာတော့မည်။ ကျလျှင်ပို၍ပို၍ စိတ်ဆင်းရဲရမည်။ အောင်လျှင်ကော… ။ သူတို့လေးတွေ အောင်သွားလျှင်ကော မိခင်နှစ် ယောက်စလုံး ပျော်လို့ရပါမည်တဲ့လား။ သားသမီးတွေ ဆယ်တန်းအောင်ခဲ့လျှင်တောင် မပျော်နိုင်လောက်အောင် ထိုမိခင်နှစ်ယောက်ဘာများ ခံစားနေရပါ သလဲ… ။

မိခင် (၁)
ပထမမိခင်က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပေါက်တောကြီးကျေးရွာမှ ဒေါ်ညွန့်စန်းဖြစ်သည်။ သူ့တွင် သားကြီးတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိ သည့်အနက် သမီးအငယ်ဆုံးလေး အသက် (၁၉)နှစ်အရွယ် မအေးမြင့်ကြူမှာ ဒီနှစ်ဆယ်တန်းဖြေဆို ထားလေသည်။ သမီးလေးသည် လိမ္မာလှသည်။ ဘာခိုင်းခိုင်း သွက်သွက်လက် ထလုပ်သည်။ မိဘ အပေါ်လည်း သိတတ်သည်။ ရုပ်ရည်လေးကလည်း ချော၊ အပြောအဆိုကလည်း ရည်မွန်လှသဖြင့် ချစ်ခင်သူမိတ်ဆွေတွေ ပေါလေ သည်။

သမီးသည် ဒီနှစ်မှဆယ်တန်း ဖြေသည်တော့မဟုတ်ပါ။ သမီး ဆယ်တန်းဖြေတာဆို ဒီနှစ်နဲ့ဆို လေးနှစ်မြောက်လေပြီ။ သူငယ်တန်းကတည်းကနေ ခုနစ်တန်းအထိ နှစ်စဉ်ထူးချွန်ဆုတွေရခဲ့ သော သမီးသည် ဆယ်တန်းကျမှ ဘယ်လိုဖြစ်တယ်ရယ်မသိ၊ သုံးကြိမ်တိုင်ကျလေသည်။ သို့သော်သူစိတ်မပျက်။ နှစ်စဉ်ကြိုးစားဖြေ ရှာသည်။ မိဘတွေက တောင်သူ ချောင်လည်လှသည် မဟုတ်တာ မို့ သမီးက အားနာပုံရသည်။ ‘‘ဒီ နှစ် သမီး အောင်အောင်ဖြေမှာပါ’’ဟု ကတိပေးရှာသည်။

ရေစကြိုတွင် ဘော်ဒါထား ပေးထားသဖြင့် စာမေးပွဲဖြေသည့် ရက်တိုင်း မိခင်ဖြစ်သူ ဒေါ်ညွန့်စန်းက သွားတွေ့ပေးသည်။ စာမေးပွဲသွားမဖြေခင် မအေကိုကန်တော့သည်။ အစ်ကိုကြီးလိုက်လာတော့ လည်း အစ်ကိုကြီးကိုပါ ကန်တော့ သည်။ စာမေးပွဲပြီးတော့ သူ့ အစ်ကိုကို ပြောသည်။ ‘‘အစ်ကိုရေ ဒီနှစ် သမီးအောင်ကိုအောင်မှာ သိလား။ မအောင်ရင် အစ်ကို သမီးကို ကြိုက်သလောက်ရိုက်’’တဲ့။

စာမေးပွဲပြီးတော့ ရန်ကုန်ကအထည်ချုပ်စက်ရုံတစ်ခုကို သွား လုပ်ဖို့ ခွင့်တောင်းသေးသည်။ သူ့အစ်ကိုက ခွင့်မပြု။ သူ့သဘောက တော့ မိဘတွေ သူ့အတွက်ကုန်တာများနေပြီမို့ တတ်နိုင်သလောက်လေး ပြန်ရှာပေးချင်နေသည်။ အဝေးသွားမလုပ်ရ တောင် ရေစကြိုမှာလုပ်ဖို့ ခွင့်တောင်းသည်။ အောင်စာရင်း ထွက်ပြီးမှ တစ်ခုခုလုပ်ဖို့ ပြောထားရသည်။ သမီးက ရွာထဲကဓမ္မစကူးလ်မှာလည်း ဆရာမအ ဖြစ် လုပ်အားပေးနေသည်မို့ တက္ကသိုလ်ကျူတာဖြစ်ချင်ကြောင်းကို လည်း မိဘတွေကို ပြောပြခဲ့ဖူး လေသည်။

မိခင် (၂)
နောက်ထပ် မိခင်တစ်ယောက်ကတော့ မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ခြုံကြီးအရှေ့ကျေးရွာက ဒေါ်ဖြူ ဖွေးဖြစ်သည်။ ဒေါ်ဖြူဖွေးရော သူ့အမျိုးသား ဦးစိန်သောင်းပါ တောင်သူတွေ။ သူတို့မှာ သား ချည်းသုံးယောက်ရှိသည်။ ဒေါ်ဖြူဖွေးတို့က တောနေတောင်သူတွေပေသိ သားသမီးပညာရေး အထူးအလေးပေးသည်။ ဦးစိန်သောင်းကဆို ‘‘တို့တုန်းက နေမှမနေခဲ့ရ တာ။ တို့ကလေးတွေတော့ တို့လို အဖြစ်မခံဘူး’’ဟု ပြောကာ သားတွေပညာရေး ထိပ်ဆုံးရောက် အောင် ပခုံးထမ်းတင်သည်။ ဒါ ကြောင့် အခုဆို အကြီးဆုံးက မြင်းခြံနည်းပညာတက္ကသိုလ်မှာ။ အငယ်ဆုံးလေးကတော့ ဒီနှစ်ဆယ်တန်းတက်မည်။ အလတ်လေးကတော့ ဆယ်တန်းဖြေဆိုထား သည်။ ဆယ်တန်းဖြေထားသည့် သားလေးနာမည်က ခပ်ဆန်းဆန်း မောင်တိမ်လွှာမိုးဟူ၏။

ဆယ်တန်းဖြေထားသည့် တိမ်လွှာမိုးလေးက စာဖတ်ဝါ သနာပါ၏။ အားနေစာအုပ် ကလေးတစ်အုပ်နှင့် ငြိမ်နေ၏။ သတင်းစာယူသည့် သူ့အဒေါ်အိမ်မကြာခဏ သတင်းစာသွားသွား ဖတ်သည်။ ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအခြေအနေတွေ သူ တော်တော်များများသိလေ၏။

တိမ်လွှာမိုးက ဆယ်တန်းစာ မေးပွဲပြီးကတည်းက သူ့ကိုယ်သူ စာမေးပွဲနဲ့ ပတ်သက်လို့ ယုံကြည်မှုအပြည့်။ ဂုဏ်ထူးတောင်ပါချင်ပါမှာဟု တက်တက်ကြွကြွပြော ဖူးသည်။ ဆယ်တန်းအောင်လျှင် ပြင်ဦးလွင်က ဆိုက်ဘာစီးတီး တက်ချင်ကြောင်းကိုလည်း ပြော သည်။ ဒေါ်ဖြူဖွေးတို့ကတော့ မင်းသာအမှတ်မီပါစေ အမေတို့က လုပ်ပေးဖို့အသင့်ဟု ပြောခဲ့သည်။

တိမ်လွှာမိုးက ဆယ်တန်း အောင်လျှင် သူ့ကို ဖုန်းတစ်လုံးနဲ့ ဆုချဖို့ပြောသည်။ ဖအေဖြစ်သူက လည်း အောင်တာနဲ့ ချက်ချင်းသွားဝယ်ပေးဖို့ ဆုံးဖြတ်ထားသည်။ သားက နောက်ထပ် တောင်းဆိုတာ ရှိသေးသည်။ သူအောင်လျှင် ရွာထဲတစ်ခုခု ကျွေးချင်ကြောင်း ပြောသည်။ မိခင်ရော ဖခင်ကပါ စဉ်းစားထားပြီး သားမို့ အလွယ်တကူပင် ခေါင်း ညိတ်ခဲ့လေသည်။

ဆယ်တန်းဖြေထားသည့် သမီးအတွက် မျှော်လင့်ချက်တွေ ပြည့်နေခဲ့သော ဒေါ်ညွန့်စန်းတစ်ယောက် သူ့အိပ်မက်တွေ ရိုက်ချိုး ခံရဖို့ အကြောင်းဖန်လာခဲ့သည်။ အောင်စာရင်းမထွက်မီ နှစ်လခန့်အလို မတ်လ ၂၄ ရက်နေ့ မနက်ကဖြစ်သည်။ အနီးနားရွာတစ်ရွာသို့ သွားသည့် ဒေါ်ညွန့်စန်းကို သမီးမအေးမြင့်ကြူက ဆိုင်ကယ်ဖြင့်လိုက်ပို့ပြီးအပြန် သူတို့နေထိုင်ရာရွာထဲတင် ကုန်ကားတစ်စီးနှင့် သမီး တိုက်မိကာ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရလေသည်။

အလားတူ သားအတွက် ရည်မှန်းချက်တွေ တောင်လိုပုံခဲ့သော ဒေါ်ဖြူဖွေးလည်း ထိုတောင်ကြီးပြိုကျခဲ့သည်။ အောင်စာရင်း မထွက်မီ ငါးရက်အလို ဇွန်လ ၃ ရက် ညနေက ဖြစ်သည်။ ရွာထဲက သူငယ်ချင်းအချို့နှင့် ခဏဆိုပြီးထွက်သွားလိုက်တာ အတော်ကြာမှ သတင်းဆိုးတစ်ခု ရောက်လာခဲ့သည်။ သူတို့နှင့် လေးမိုင်အ ကွာလောက်က နဘဲကန်ဆည်မှာ သားလေး ရေနစ်လို့တဲ့။ သူတို့ အပြေးအလွှားသွားခဲ့ကြသည်။ သို့သော် အသက်မမီတော့။

ဒေါ်ညွန့်စန်းတို့ မိသားစု ရော ဒေါ်ဖြူဖွေးတို့ မိသားစုပါ ဖြစ်စဉ်ချင်းမတူပေမယ့် သားသမီး တွေအတွက် သောကမီးတွေ တောက်လောင်ပုံချင်း တူခဲ့ကြ သည်။ မိသားစုကိုယ်စီ စိတ်ဆင်း ရဲကိုယ်ဆင်းရဲဖြင့် ဆယ်တန်း အောင်စာရင်းထွက်မည့်ရက်ကို ရောက်လာခဲ့သည်။ အောင်စာ ရင်းမထွက်မီညက မိသားစုကိုယ်စီ အိပ်လို့မပျော်။ သူတို့သားသမီးတွေ စာမေးပွဲအောင်မှ အောင်ပါ့ မလား စိတ်ပူရသည်။ သို့သော် အောင်တော့ရော သူတို့သိမှ မသိ နိုင်တော့တာဟူသည့် အတွေး က ဝင်လာပြန်သည်။ ဘယ်လိုပဲ တွေးတွေး စိတ်တွေပဲဆင်းရဲခဲ့ရ သည်။

ဇွန်လ ၈ ရက် မနက် မိုးမလင်းမီပင် ထိုကလေးနှစ်ယောက်၏ စာမေးပွဲရလဒ် ထို မိသားစုနှစ်စုဆီ ရောက်လာခဲ့ပါသည်။

ထိုရလဒ်သိရခါနီး ရင်တွေ တဒိန်းဒိန်းခုန်လာခဲ့ကြသည်။ မနက်လင်းချိန်မှာတော့ သတင်း စကားကိုယ်စီ ကြားခဲ့ရသည်။ တမလွန်ရောက်သွားပြီဖြစ်သည့် နှစ်ဦးစလုံး ဆယ်တန်းကို အောင် မြင်ခဲ့ပြီ။

မိသားစုနှစ်စုစလုံး ယူကျုံးမရ ဖြစ်ကြရသည်။ မိခင်နှစ်ယောက်စလုံး ရင်ထုမနာ ဖြစ်ကာ မျက်ရည်တွေကျရသည်။ သူတို့စာမေးပွဲ အောင်သွားတာလေးတောင် မသိလိုက်ရတဲ့အဖြစ်။

မိသားစုဝင်တွေ ရင်တွေနာရသည်။ သားသမီးတွေ ဆယ်တန်းအောင်လျှင် ဘယ်မိဘမဆို ဝမ်းသာလိုက်ကြမှာမလွဲ။

သို့သော် သူတို့တွေမှာတော့ မျက်ရည်လည်ရွှဲ။

ရေစကြိုနယ်က မအေးမြင့် ကြူက သူစာမေးပွဲအောင်လျှင် ဓမ္မစကူးလ်က ကလေးတွေကို ကော ရွာထဲကလူတွေကို တစ်ခုခုကျွေးချင်ကြောင်း ပြောဖူးသဖြင့် သူစာမေးပွဲအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် မုန့်ဟင်းခါးကျွေးရန် မိသားစုက တိုင်ပင်ထား သည်။ တောင်သာနယ်က တိမ် လွှာမိုးလေးကလည်း ထို့အတူ။

တိမ်လွှာမိုးကတော့ ယနေ့ဇွန်လ ၉ ရက်တွင် သူ့ရက်လည် ဖြစ်သည်။ ရက်လည်နေ့မှာပင် ဘုန်းကြီးဆွမ်းကပ်ပြီးနောက် သူစာမေးပွဲအောင်သည့် အထိမ်းအမှတ်အဖြစ် တစ်ရွာလုံး မုန့်ဟင်းခါးကျွေးမည်ဖြစ်သည်။ ထု့ိအပြင်နေ့ခင်းမှာ သူ့ဆရာ၊ ဆရာမ ၄၀ ကျော်ကိုဖိတ်ပြီး ဂုဏ်ပြုထမင်းစားပွဲ ကျင်းပပေးရန် မိသားစုက စီစဉ်ထားပြီးဖြစ်လေသည်။ ဆယ်တန်းအောင်၍ ကျွေးမွေးသည့်ပွဲမှာ ကာယကံရှင်ကလေးတွေကတော့ ရှိမနေတော့ပါ။ သူတို့သည် ပြန်မလာနိုင်တော့သည့် ဟိုးအဝေးကြီးကို ထွက်သွားခဲ့ကြပြီဖြစ်သည်။ ‘‘ကိုယ့်သားသမီး ဆယ်တန်းအောင်တာ ဘယ်မိဘမဆိုပျော်တာပဲလေ။ အခုတော့ ကျွန်မတို့မှာ… ’’ ဒေါ်ညွန့်စန်းတစ် ယောက် ဆက်မပြောနိုင်တော့။
အသံတွေ တိမ်ဝင်သွားခဲ့လေသည်။