ေမာ္လၿမိဳင္ခရိုင္မႈခင္းအကူႏွင့္ မုပြန္နယ္ေျမရဲစခန္းအဖြဲ႕ကပူေပါင္းဖမ္းဆီးလိုက္တဲ႔ ၾကာအင္းရႊာကၾကက္ဝိုင္း

ေမာ္လၿမိဳင္ ဇြန္ ၉

ေမာ္လၿမိဳင္ၿမိဳ႕၊ ၾကာအင္းေက်းရြာ၊ ေဒၚအုန္းမွ်င္ ေနအိမ္ေနာက္ေဖး ေျမကြက္လပ္တြင္ ၾကက္တိုက္ေလာင္း ကစားေနေၾကာင္း သတင္းအရ ၉-၆-၂၀၁၉ရက္ေန႔ ၁၃း၀၀ နာရီအခ်ိန္တြင္ ေမာ္လၿမိဳင္ခရိုင္ မႈခင္းအကူဌာနမွဒုရဲအုပ္ ေ၀မင္းဦးႏွင့္တပ္ဖဲြ႕၀င္မ်ား၊ မုပြန္နယ္ေျမရဲစခန္းမွနယ္ထိန္းတပ္ဖဲြ႕၀င္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္သက္ေသမ်ားႏွင့္အတူေမာ္လၿမိဳင္ၿမိဳ႕၊ ၾကာအင္းေက်းရြာ၊ ေဒၚအုန္းမွ်င္ ေနအိမ္ေနာက္ေဖး ေျမကြက္လပ္ရွိၾကက္တိုက္ ေလာင္းကစားျပဳလုပ္ရာေနရာသို႔၀င္ေရာက္ရွာေဖြရာအဆိုပါေနရာတြင္

ေမာ္လၿမိဳင္ခရိုင္မႈခင္းအကူႏွင့္ မုပြန္နယ္ေျမရဲစခန္းအဖြဲ႕ကပူေပါင္းဖမ္းဆီးလိုက္တဲ႔ ၾကာအင္းရႊာကၾကက္ဝိုင္း 1

ေမာ္လၿမိဳင္ခရိုင္မႈခင္းအကူႏွင့္ မုပြန္နယ္ေျမရဲစခန္းအဖြဲ႕ကပူေပါင္းဖမ္းဆီးလိုက္တဲ႔ ၾကာအင္းရႊာကၾကက္ဝိုင္း 2

အမည္မသိလူ(၁၅)ဦးခန္႔မွာထြက္ေျပးသြားခဲ့ၿပီး ေအာင္ၿဖိဳးဦးႏွင့္ ေအာင္ထြန္းလင္းတို႔(၂)ဦးအား တိုက္ၾကက္ဖ(၂)ေကာင္၊ ၾကက္တိုက္ ေလာင္းကစားရာတြင္အသံုးျပဳေသာ အနက္ေရာင္ေကာ္ပံုး(၁)လံုး၊ ျမန္မာေငြစကၠဴေရာရာ(၁၅၀၀၀ိ/-)ႏွင့္ ဆိုင္ကယ္(၈)စီးအား ေတြ႕ရွိသျဖင့္ ဒုရဲအုပ္ ေ၀မင္းမွ သက္ေသမ်ားေရွ႕ေမွာက္၌ ရွာေဖြ ပံုစံျဖင့္သိမ္းဆည္းၿပီး ေအာင္ၿဖိဳးဦး၊ ၃၅ႏွစ္၊ (ဘ)ဦး××××၊ အမွတ္မရွိ၊ ခရြန္ဘုရား လမ္း၊ ၾကာအင္းေက်းရြာ၊ ေမာ္လၿမိဳင္ေနသူႏွင့္ ေအာင္ထြန္းလင္း၊ ၃၄ႏွစ္၊ (ဘ)ဦး×××××၊ အမွတ္(-)၊ ေက်ာင္းနားလမ္း၊ ေကာ့ခနိေက်းရြာ၊ ေမာ္လၿမိဳင္ေနသူတို႔(၂)ဦးအား မုပြန္နယ္ေျမရဲစခန္း(ပ)၂၀၂၉/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ-၁၅(က) ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိပါသည္။ ကိုၿဖိဳး -(မွဳခင္းသတင္း)

 

Unicode Version ျဖင့္ဖတ္ရန္

 

မော်လမြိုင် ဇွန် ၉

မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ဒေါ်အုန်းမျှင် နေအိမ်နောက်ဖေး မြေကွက်လပ်တွင် ကြက်တိုက်လောင်း ကစားနေကြောင်း သတင်းအရ ၉-၆-၂၀၁၉ရက်နေ့ ၁၃းဝဝ နာရီအချိန်တွင် မော်လမြိုင်ခရိုင် မှုခင်းအကူဌာနမှဒုရဲအုပ် ဝေမင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ မုပွန်နယ်မြေရဲစခန်းမှနယ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်သက်သေများနှင့်အတူမော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ဒေါ်အုန်းမျှင် နေအိမ်နောက်ဖေး မြေကွက်လပ်ရှိကြက်တိုက် လောင်းကစားပြုလုပ်ရာနေရာသို့ဝင်ရောက်ရှာဖွေရာအဆိုပါနေရာတွင်

အမည်မသိလူ(၁၅)ဦးခန့်မှာထွက်ပြေးသွားခဲ့ပြီး အောင်ဖြိုးဦးနှင့် အောင်ထွန်းလင်းတို့(၂)ဦးအား တိုက်ကြက်ဖ(၂)ကောင်၊ ကြက်တိုက် လောင်းကစားရာတွင်အသုံးပြုသော အနက်ရောင်ကော်ပုံး(၁)လုံး၊ မြန်မာငွေစက္ကူရောရာ(၁၅၀၀၀ိ/-)နှင့် ဆိုင်ကယ်(၈)စီးအား တွေ့ရှိသဖြင့် ဒုရဲအုပ် ဝေမင်းမှ သက်သေများရှေ့မှောက်၌ ရှာဖွေ ပုံစံဖြင့်သိမ်းဆည်းပြီး အောင်ဖြိုးဦး၊ ၃၅နှစ်၊ (ဘ)ဦး××××၊ အမှတ်မရှိ၊ ခရွန်ဘုရား လမ်း၊ ကြာအင်းကျေးရွာ၊ မော်လမြိုင်နေသူနှင့် အောင်ထွန်းလင်း၊ ၃၄နှစ်၊ (ဘ)ဦး×××××၊ အမှတ်(-)၊ ကျောင်းနားလမ်း၊ ကော့ခနိကျေးရွာ၊ မော်လမြိုင်နေသူတို့(၂)ဦးအား မုပွန်နယ်မြေရဲစခန်း(ပ)၂၀၂၉/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ-၁၅(က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ ကိုဖြိုး -(မှုခင်းသတင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*