“ ေက်ာင္းထိုင္ႏွင့္ ေလာင္းကစားဒိုင္”

၁၃၈၁-ခု၊ နယုန္လဆန္း(၆)ရက္ေန႔ည (၁၀)နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သီရိေဟမာအေနာက္ရပ္ကြက္၊ စကုေက်ာင္းတိုက္၊ သံေတာ္ဆင့္ေက်ာင္းအတြင္း ဖဲေလာင္းကစားမ်ား ျပဳလုပ္ေနေၾကာင္း ၿမိဳ႕နယ္သံဃာ့နာယကအဖြဲ႕ထံ တိုင္းၾကားေလွ်ာက္ထားခ်က္အရ
ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၊ ရပ္ေက်းသံဃာ့နာယကအဖြဲ႕၊ သာသနာထိန္းသိမ္းေရးအဖြဲ႕ဆရာေတာ္မ်ား ႂကြေရာက္၍ စစ္ေဆးၾကရာ ေလာင္းေၾကးေငြ အနည္းငယ္ျဖင့္ ဖဲကစားေနၾကေသာ ဦးဇင္း(၁)ပါး၊ ကိုရင္(၁)ပါး၊ လူပုဂၢိဳလ္(၂)ဦးတို႔ ေတြ႕ရွိရသည္အျပင္ –

“ ေက်ာင္းထိုင္ႏွင့္ ေလာင္းကစားဒိုင္" 1

(၂)လံုး (၃)လံုးေလာင္းကစားႏွင့္ပတ္သက္ေသာ ကြန္ပ်ဴတာ၊ ပရင္တာ၊ ေဘာင္ခ်ာျဖတ္စက္စေသာ ပစၥည္းမ်ားကို ေတြ႕ရွိရ၍ ေလာင္းကစားဒိုင္မ်ား လက္မခံရန္ ဝန္ခံကတိလက္မွတ္ေရးထိုးထားေသာ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္သူ ဦးကု႑လ(ခ) စိန္ေဌး၊ သံေတာ္ဆင့္ေက်ာင္း၊စကုတိုက္အား ဥပေဒအရ အေရးယူေဆာင္ရြက္ႏိုင္ရန္ လူဝတ္လဲ၍ သက္ဆိုင္ရာ ရဲစခန္းသို႔ အပ္ႏွံလိုက္ပါသည္။

ေက်ာင္းအတြင္း ဖဲကစားေနၾကေသာ ဦးဇင္း(၁)ပါး၊ ကိုရင္(၁)ပါး၊ လူပုဂၢိဳလ္(၂)ဦးတို႔အားလည္း ေလာင္းကစား ဥပေဒ-အရ အေရးယူ ေဆာင္ရြက္ႏိုင္ရန္ သက္ဆိုင္ရာ ရဲစခန္းသို႔ အပ္ႏွံလိုက္ပါသည္။

“ ေက်ာင္းထိုင္ႏွင့္ ေလာင္းကစားဒိုင္" 2

” သတိေပးအႀကိမ္ႀကိမ္ ”

ေလာင္းကစားဒိုင္ လက္ခံေသာ ေက်ာင္းထိုင္ဘုန္းႀကီးကို ၂၀၀၇-ခု ယခင္ သာထိန္းအဖြဲ႕လက္ထက္မွာ တစ္ႀကိမ္၊ ယခု သာ/ထိန္းလက္ထက္ (၂၅-၁၀-၂၀၁၇)ရက္ေန႔တြင္တစ္ႀကိမ္ လူမႈေရး ျပႆနာျဖစ္ပြားမႈမ်ားေၾကာင့္ ဝန္ခံကတိလက္မွတ္ ေရးထိုးခဲ့ဘူးသည့္ပုဂၢိဳလ္ျဖစ္ပါသည္။

ေလာင္းကစားဒိုင္မ်ား ဘုန္းေတာ္ႀကီးေက်ာင္းတိုက္မ်ားအတြင္း လက္ခံ ထားရွိျခင္း မျပဳၾကရန္ ၿမိဳ႕နယ္သံဃာ့နာယကအဖြဲ႕ႏွင့္ ေက်ာင္းတိုက္သံဃာေတာ္မ်ား ေရွ႕ေမွာက္တြင္ ဝန္ခံကတိလက္မွတ္ ေရးထိုးခဲ့ၿပီးျဖစ္ပါသည္။

“ ေက်ာင္းထိုင္ႏွင့္ ေလာင္းကစားဒိုင္" 3

ဝန္ခံကတိလက္မွတ္ ေရးထိုးၿပီးေနာက္ပိုင္း ေလာင္းကစားဒိုင္ လက္ခံထားရွိေၾကာင္း တိုင္တန္းမႈေၾကာင့္ သာ/ထိန္းဆရာေတာ္မ်ား ႏွင့္ သက္ဆိုင္ရာ နယ္ေျမခံ တာဝန္ရွိသူမ်ားနဗင့္ ၂၀၁၉-ခု မတ္လပိုင္းတြင္ (၂)ႀကိမ္ ဝင္ေရာက္ စစ္ေဆးခဲ့ေသာ္လည္း ေလာင္းကစားဒိုင္နဲ႔ ပတ္သက္ေသာ ပစၥည္းမ်ား မေတြ႕ရွိတာေၾကာင့္ ၿမိဳ႕နယ္ဆရာေတာ္မ်ားမွ ေလာင္းကစားဒိုင္ လံုးဝ မထားရွိရန္ သတိအႀကိမ္ႀကိမ္ ေပးခဲ့ၿပီးျဖစ္ပါသည္။

ယခုမွာမူ ဝန္ခံကတိမ်ားကို ေဖာက္ဖ်က္၊ သတိအႀကိမ္ႀကိမ္ေပးမႈကိုလည္း အေလးမထား လြန္က်ဴးတာေၾကာင့္ ယခုလို ဥပေဒ-အရ အေရးယူခံရန္ သက္ဆိုင္ရာသို႔ အပ္ႏွံရျခင္းျဖစ္ပါသည္။

” အမွန္တကယ္ အေရးယူတာပါ”

အခ်ိဳ႕ေသာ ဘုန္းႀကီးေက်ာငိးမ်ားအတြင္း ေလာင္းကစားဒိုင္း လက္ခံဖြင့္ေနၾကသည့္ အခ်ိဳ႕ ဘုန္းႀကီးမ်ား ေလာင္းကစားဒိုင္ခံ ပုဂၢိဳလ္မ်ားမွ သူတို႔ေက်ာင္း သူတို႔ဒိုင္ကို ၿမိဳ႕နယ္သံဃာ့အဖြဲ႕အစည္းမွ အေရးယူ မႏိုင္ပါဘူး အေရးယူဘို႔ မဝံ့ရဲပါဘူး၊ လာေရာက္ အေရးယူရင္ မည္ကဲ့သို႔ တံု႔ျပန္လိုက္မည္ဟု ၾကံဳးဝါးေနၾကေၾကာင္းကိုလည္း ၾကားသိေနရပါသည္။

“ ေက်ာင္းထိုင္ႏွင့္ ေလာင္းကစားဒိုင္" 4

မည္သို႔ပင္ ျဖစ္ေနပါေစ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ သံဃာ့အဖြဲ႕အစည္းအေနျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္း ဘုန္းႀကီးေက်ာင္းတိုက္ ေက်ာင္းေတြမွာ ေလာင္းကစားဒိုင္းမ်ား လက္ခံထားရွိေၾကာင္း ေက်ာ္ေဇာ၍ျဖစ္ေစ၊ တိုင္ၾကား၍ျဖစ္ေစ ေတြ႕ရွိခဲ့ပါက ဝန္ခံကတိလက္မွတ္မ်ား ေရးထိုးထားသည္ႏွင့္အညီ ဥပေဒ-အရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္သံဃအဖြဲ႕အစည္း ဆရာေတာ္မ်ားမွ မိန္႔ၾကားပါသည္။

သာသနာထိန္းသိမ္းေရးအဖြဲ႕ ခ်မ္းေအးသာစံ၊ မႏၲေလး။ Uka Weinda

 

Unicode Version ျဖင့္ဖတ္ရန္

 

၁၃၈၁-ခု၊ နယုန်လဆန်း(၆)ရက်နေ့ည (၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ စကုကျောင်းတိုက်၊ သံတော်ဆင့်ကျောင်းအတွင်း ဖဲလောင်းကစားများ ပြုလုပ်နေကြောင်း မြို့နယ်သံဃာ့နာယကအဖွဲ့ထံ တိုင်းကြားလျှောက်ထားချက်အရ
မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကျေးသံဃာ့နာယကအဖွဲ့၊ သာသနာထိန်းသိမ်းရေးအဖွဲ့ဆရာတော်များ ကြွရောက်၍ စစ်ဆေးကြရာ လောင်းကြေးငွေ အနည်းငယ်ဖြင့် ဖဲကစားနေကြသော ဦးဇင်း(၁)ပါး၊ ကိုရင်(၁)ပါး၊ လူပုဂ္ဂိုလ်(၂)ဦးတို့ တွေ့ရှိရသည်အပြင် –

(၂)လုံး (၃)လုံးလောင်းကစားနှင့်ပတ်သက်သော ကွန်ပျူတာ၊ ပရင်တာ၊ ဘောင်ချာဖြတ်စက်စသော ပစ္စည်းများကို တွေ့ရှိရ၍ လောင်းကစားဒိုင်များ လက်မခံရန် ဝန်ခံကတိလက်မှတ်ရေးထိုးထားသော ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဦးကုဏ္ဍလ(ခ) စိန်ဌေး၊ သံတော်ဆင့်ကျောင်း၊စကုတိုက်အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လူဝတ်လဲ၍ သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံလိုက်ပါသည်။

ကျောင်းအတွင်း ဖဲကစားနေကြသော ဦးဇင်း(၁)ပါး၊ ကိုရင်(၁)ပါး၊ လူပုဂ္ဂိုလ်(၂)ဦးတို့အားလည်း လောင်းကစား ဥပဒေ-အရ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံလိုက်ပါသည်။

” သတိပေးအကြိမ်ကြိမ် ”

လောင်းကစားဒိုင် လက်ခံသော ကျောင်းထိုင်ဘုန်းကြီးကို ၂၀၀၇-ခု ယခင် သာထိန်းအဖွဲ့လက်ထက်မှာ တစ်ကြိမ်၊ ယခု သာ/ထိန်းလက်ထက် (၂၅-၁၀-၂၀၁၇)ရက်နေ့တွင်တစ်ကြိမ် လူမှုရေး ပြဿနာဖြစ်ပွားမှုများကြောင့် ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ဘူးသည့်ပုဂ္ဂိုလ်ဖြစ်ပါသည်။

လောင်းကစားဒိုင်များ ဘုန်းတော်ကြီးကျောင်းတိုက်များအတွင်း လက်ခံ ထားရှိခြင်း မပြုကြရန် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ကျောင်းတိုက်သံဃာတော်များ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

ဝန်ခံကတိလက်မှတ် ရေးထိုးပြီးနောက်ပိုင်း လောင်းကစားဒိုင် လက်ခံထားရှိကြောင်း တိုင်တန်းမှုကြောင့် သာ/ထိန်းဆရာတော်များ နှင့် သက်ဆိုင်ရာ နယ်မြေခံ တာဝန်ရှိသူများနဗင့် ၂၀၁၉-ခု မတ်လပိုင်းတွင် (၂)ကြိမ် ဝင်ရောက် စစ်ဆေးခဲ့သော်လည်း လောင်းကစားဒိုင်နဲ့ ပတ်သက်သော ပစ္စည်းများ မတွေ့ရှိတာကြောင့် မြို့နယ်ဆရာတော်များမှ လောင်းကစားဒိုင် လုံးဝ မထားရှိရန် သတိအကြိမ်ကြိမ် ပေးခဲ့ပြီးဖြစ်ပါသည်။

ယခုမှာမူ ဝန်ခံကတိများကို ဖောက်ဖျက်၊ သတိအကြိမ်ကြိမ်ပေးမှုကိုလည်း အလေးမထား လွန်ကျူးတာကြောင့် ယခုလို ဥပဒေ-အရ အရေးယူခံရန် သက်ဆိုင်ရာသို့ အပ်နှံရခြင်းဖြစ်ပါသည်။

” အမှန်တကယ် အရေးယူတာပါ”

အချို့သော ဘုန်းကြီးကျောငိးများအတွင်း လောင်းကစားဒိုင်း လက်ခံဖွင့်နေကြသည့် အချို့ ဘုန်းကြီးများ လောင်းကစားဒိုင်ခံ ပုဂ္ဂိုလ်များမှ သူတို့ကျောင်း သူတို့ဒိုင်ကို မြို့နယ်သံဃာ့အဖွဲ့အစည်းမှ အရေးယူ မနိုင်ပါဘူး အရေးယူဘို့ မဝံ့ရဲပါဘူး၊ လာရောက် အရေးယူရင် မည်ကဲ့သို့ တုံ့ပြန်လိုက်မည်ဟု ကြုံးဝါးနေကြကြောင်းကိုလည်း ကြားသိနေရပါသည်။

မည်သို့ပင် ဖြစ်နေပါစေ၊ ချမ်းအေးသာစံမြို့နယ် သံဃာ့အဖွဲ့အစည်းအနေဖြင့် ချမ်းအေးသာစံမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတိုက် ကျောင်းတွေမှာ လောင်းကစားဒိုင်းများ လက်ခံထားရှိကြောင်း ကျော်ဇော၍ဖြစ်စေ၊ တိုင်ကြား၍ဖြစ်စေ တွေ့ရှိခဲ့ပါက ဝန်ခံကတိလက်မှတ်များ ရေးထိုးထားသည်နှင့်အညီ ဥပဒေ-အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃအဖွဲ့အစည်း ဆရာတော်များမှ မိန့်ကြားပါသည်။

သာသနာထိန်းသိမ်းရေးအဖွဲ့ ချမ်းအေးသာစံ၊ မန္တလေး။ Uka Weinda