မႏၲေလးတြင္ မူးယစ္ေက်ာ္ေဇာသည့္ေနအိမ္ကို ရဲ၀င္ဖမ္းရာ မွတ္ပံုတင္(၅၃)ခုအပါအ၀င္ ယာဥ္ေမာင္းလိုင္စင္ႏွင့္ အံုနာဘုတ္မ်ား စုစုေပါင္း(၂၀၀)ေက်ာ္ ဖမ္းမိ

အမ္တီ၊ ဇြန္-၉

မႏၲေလးၿမိဳ႔ ကမ္းနားလမ္းအငွားအိမ္ယာရွိ မူးယစ္ေက်ာ္ေဇာသည့္ ေနအိမ္တိုက္ခန္းကို ရဲတပ္ဖြဲ႔မွ ၀င္ေရာက္ဖမ္းဆီးခဲ့ရာ မွတ္ပံုတင္ကဒ္ (၅၃)ခုအပါအ၀င္ ယာဥ္ေမာင္းလိုင္စင္၊ အံုနာဘုတ္မ်ား စုစုေပါင္း(၂၀၀)ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သက္ဆိုင္ရာနယ္ေျမ ရဲစခန္းမွ သတင္းရရွိသည္။

မႏၲေလးတြင္ မူးယစ္ေက်ာ္ေဇာသည့္ေနအိမ္ကို ရဲ၀င္ဖမ္းရာ မွတ္ပံုတင္(၅၃)ခုအပါအ၀င္ ယာဥ္ေမာင္းလိုင္စင္ႏွင့္ အံုနာဘုတ္မ်ား စုစုေပါင္း(၂၀၀)ေက်ာ္ ဖမ္းမိ 1

မႏၲေလးၿမိဳ႔ ေအာင္ေျမသာစံၿမိဳ႔နယ္ ၁၉လမ္းႏွင့္ လမ္း၂၀ၾကား၊ ကမ္းနားလမ္း အငွားအိမ္ယာတိုက္တန္းရွိ ေနအိမ္တိုက္ခန္းတစ္ခန္း တြင္ မူးယစ္ေဆးဝါးမ်ား ေရာင္းခ်ေနေၾကာင္း သတင္းအရ ဇြန္(၉)ရက္ နံနက္(၅)နာရီခန္႔တြင္ ရဲတပ္ဖြဲ႔၀င္မ်ားက ၀င္ေရာက္႐ွာေဖြစစ္ေဆး ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ရဲတပ္ဖြဲ႔မွ ဝင္ေရာက္႐ွာေဖြရာ တိုက္ခန္းေနအိမ္အတြင္း ေနထိုင္သူ အသက္(၂၀)ေက်ာ္အရြယ္ အမ်ိဳးသားတစ္ဦး၊ အသက္(၄၀)၀န္းက်င္အရြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္(၂)စီး ေတြ႕ရွိဖမ္းဆီးႏိုင္ခဲ့သည္။ ထို႔ေနာက္ တိုက္ခန္းအတြင္း ဆက္လက္ရွာေဖြရာ အိပ္ယာေဘး ေျပာက္က်ားအိတ္(၁)လုံးအတြင္းမွ ႏိုင္ငံသားစီစစ္ေရးကဒ္ျပား(၅၃)ခု၊ ယာဥ္ေမာင္းလိုင္စင္(၅၈)ခု၊ ယာဥ္မွတ္ပုံတင္ သက္ေသခံလက္မွတ္ (ဝွီးတက္)(၈၅)ခု၊ ေမာ္ေတာ္ယာဥ္မွတ္ပုံတင္စာအုပ္ႏွင့္ အာမခံပရီမီယံစာအုပ္(၄၀)ခုကို ရွာေဖြေတြ႕ရွိခဲ့သည္ဟုဆိုသည္။

မႏၲေလးတြင္ မူးယစ္ေက်ာ္ေဇာသည့္ေနအိမ္ကို ရဲ၀င္ဖမ္းရာ မွတ္ပံုတင္(၅၃)ခုအပါအ၀င္ ယာဥ္ေမာင္းလိုင္စင္ႏွင့္ အံုနာဘုတ္မ်ား စုစုေပါင္း(၂၀၀)ေက်ာ္ ဖမ္းမိ 2

အထက္ပါ ဖမ္းဆီးေတြ႕႐ွိမူမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းစိစစ္ရာ ပိုင္ဆိုင္ေၾကာင္း အေထာက္အထားမျပနိဳင္သျဖင့္ မွတ္ပံုတင္ႏွင့္ လိုင္စင္မ်ားကို ရဲတပ္ဖြဲ႔မွ သိမ္းဆည္းခဲ့ၿပီး ေနအိမ္တိုက္ခန္းအတြင္း ေနထိုင္သူ အမ်ိဳးသားႏွင့္အမ်ိဳးသမီးတို႔ကိုလည္း မႏၲေလးၿမိဳ႔ အမွတ္(၅)ရဲစခန္းတြင္ အမူဖြင့္အေရးယူမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။ ဖမ္းဆီးရမိသည့္ မွတ္ပံုတင္မ်ား။ Mandalay Indepth News

 

Unicode Version ျဖင့္ဖတ္ရန္

 

အမ်တီ၊ ဇွန်-၉

မန္တလေးမြို့ ကမ်းနားလမ်းအငှားအိမ်ယာရှိ မူးယစ်ကျော်ဇောသည့် နေအိမ်တိုက်ခန်းကို ရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ရာ မှတ်ပုံတင်ကဒ် (၅၃)ခုအပါအဝင် ယာဉ်မောင်းလိုင်စင်၊ အုံနာဘုတ်များ စုစုပေါင်း(၂၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉လမ်းနှင့် လမ်း၂၀ကြား၊ ကမ်းနားလမ်း အငှားအိမ်ယာတိုက်တန်းရှိ နေအိမ်တိုက်ခန်းတစ်ခန်း တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ဇွန်(၉)ရက် နံနက်(၅)နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေစစ်ဆေး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ တိုက်ခန်းနေအိမ်အတွင်း နေထိုင်သူ အသက်(၂၀)ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၄၀)၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦးနှင့် မော်တော်ဆိုင်ကယ်(၂)စီး တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် တိုက်ခန်းအတွင်း ဆက်လက်ရှာဖွေရာ အိပ်ယာဘေး ပြောက်ကျားအိတ်(၁)လုံးအတွင်းမှ နိုင်ငံသားစီစစ်ရေးကဒ်ပြား(၅၃)ခု၊ ယာဉ်မောင်းလိုင်စင်(၅၈)ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်)(၈၅)ခု၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်နှင့် အာမခံပရီမီယံစာအုပ်(၄၀)ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။

အထက်ပါ ဖမ်းဆီးတွေ့ရှိမူများနှင့် ပတ်သက်၍ မေးမြန်းစိစစ်ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် မှတ်ပုံတင်နှင့် လိုင်စင်များကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ပြီး နေအိမ်တိုက်ခန်းအတွင်း နေထိုင်သူ အမျိုးသားနှင့်အမျိုးသမီးတို့ကိုလည်း မန္တလေးမြို့ အမှတ်(၅)ရဲစခန်းတွင် အမူဖွင့်အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဖမ်းဆီးရမိသည့် မှတ်ပုံတင်များ။ Mandalay Indepth News

Be the first to comment

Leave a Reply

Your email address will not be published.


*