က်ိဳင္းတုံ၌ ဆိုင္ကယ္အား မီးရွို့ဖ်က္စီးၿပီး ေနအိမ္အတြင္းရွိ ပရိေဘာဂပစၥည္းမ်ားအား ရိုက္ခ်ိဳးဖ်က္စီးသူအား အေရးယူ

က်ိဳင္းတုံ ဇြန္ ၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ိဳင္းတုံၿမိဳ့၊ မိုင္းလပ္အုပ္စု၊ ျပည္ၿငိမ္းေအးအိမ္ယာ၌ မိမိေနအိမ္အတြင္းရွိ ဆိုင္ကယ္ႏွင့္ ပရိေဘာဂပစၥည္းမ်ားအား မီးရွို့ဖ်က္စီးခဲ့သူကို ဇြန္ ၈ ရက္ ညပိုင္းက အမွုဖြင့္ အေရးယူခဲ့သည္။

က်ိဳင္းတုံ၌ ဆိုင္ကယ္အား မီးရွို့ဖ်က္စီးၿပီး ေနအိမ္အတြင္းရွိ ပရိေဘာဂပစၥည္းမ်ားအား ရိုက္ခ်ိဳးဖ်က္စီးသူအား အေရးယူ 1

ျဖစ္စဥ္မွာ ဇြန္ ၈ ရက္ေန႔တြင္ ေအာင္လင္းဦး(၂၅ ႏွစ္)သည္ မိုင္းလပ္အုပ္စု၊ ျပည္ၿငိမ္းေအးအိမ္ယာမွ က်ိဳင္းတုံၿမိဳ့တြင္းသို့ သြားေရာက္လည္ပတ္ရန္အတြက္ ဖခင္ျဖစ္ သူထံ ပိုက္ဆံေတာင္းခဲ့ရာ မနက္မွ ေပးထားၿပီးျဖစ္သည့္အတြက္ ဆက္လက္မေပးလိုေၾကာင္း ေျပာရာ သားျဖစ္သူ ေအာင္းလင္းဦးက အိမ္အတြင္းရွိ Honda Dream 125ဆိုင္ကယ္၏ လိုင္စင္စာအုပ္မ်ားအား ေတာင္းယူခဲ့ၿပီး ဆိုင္ကယ္အား တူျဖင့္ ထုေခ်ဖ်က္စီးသည့္အျပင္ ဆိုင္ကယ္အား အိမ္ေရွ႕လမ္းမေပၚသို့ တြန္းထုတ္ကာ မီးရွို့ခဲ့ၿပီးေနာက္ ေနအိမ္ အတြင္းရွိ ပရိေဘာဂပစၥည္းမ်ား၊ တီဗြီႏွင့္ အျခားပစၥည္းမ်ားအား ရိုက္ခ်ိဳးဖ်က္စီးခဲ့သျဖင့္ ဖခင္ျဖစ္သူမွ တရားလိုျပဳလုပ္ တိုင္တန္းခဲ့သည္။

က်ိဳင္းတုံ၌ ဆိုင္ကယ္အား မီးရွို့ဖ်က္စီးၿပီး ေနအိမ္အတြင္းရွိ ပရိေဘာဂပစၥည္းမ်ားအား ရိုက္ခ်ိဳးဖ်က္စီးသူအား အေရးယူ 2

အမွုမွ ဆိုင္ကယ္အား မီးရွို့ဖ်က္စီးၿပီး ေနအိမ္အတြင္းရွိ ပရိေဘာဂပစၥည္းမ်ားအား ရိုက္ခ်ိဳးဖ်က္စီးသူ ေအာင္လင္းဦးအား က်ိဳင္းတုံၿမိဳ့မရဲစခန္းက အမွုဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။ ျမင့္မိုရ္(တာခ်ီလိတ္)

 

Unicode Version ျဖင့္ဖတ္ရန္

 

ကျိုင်းတုံ ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ပြည်ငြိမ်းအေးအိမ်ယာ၌ မိမိနေအိမ်အတွင်းရှိ ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအား မီးရှို့ဖျက်စီးခဲ့သူကို ဇွန် ၈ ရက် ညပိုင်းက အမှုဖွင့် အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ဇွန် ၈ ရက်နေ့တွင် အောင်လင်းဦး(၂၅ နှစ်)သည် မိုင်းလပ်အုပ်စု၊ ပြည်ငြိမ်းအေးအိမ်ယာမှ ကျိုင်းတုံမြို့တွင်းသို့ သွားရောက်လည်ပတ်ရန်အတွက် ဖခင်ဖြစ် သူထံ ပိုက်ဆံတောင်းခဲ့ရာ မနက်မှ ပေးထားပြီးဖြစ်သည့်အတွက် ဆက်လက်မပေးလိုကြောင်း ပြောရာ သားဖြစ်သူ အောင်းလင်းဦးက အိမ်အတွင်းရှိ Honda Dream 125ဆိုင်ကယ်၏ လိုင်စင်စာအုပ်များအား တောင်းယူခဲ့ပြီး ဆိုင်ကယ်အား တူဖြင့် ထုချေဖျက်စီးသည့်အပြင် ဆိုင်ကယ်အား အိမ်ရှေ့လမ်းမပေါ်သို့ တွန်းထုတ်ကာ မီးရှို့ခဲ့ပြီးနောက် နေအိမ် အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ တီဗွီနှင့် အခြားပစ္စည်းများအား ရိုက်ချိုးဖျက်စီးခဲ့သဖြင့် ဖခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

အမှုမှ ဆိုင်ကယ်အား မီးရှို့ဖျက်စီးပြီး နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများအား ရိုက်ချိုးဖျက်စီးသူ အောင်လင်းဦးအား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ မြင့်မိုရ်(တာချီလိတ်)

Be the first to comment

Leave a Reply

Your email address will not be published.


*