မႏၲေလးၿမိဳ႕ေနအသက္(၇၃)ႏွစ္အရြယ္အမ်ိဳးသား တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ႏွစ္တြင္ထပ္မံေျဖဆိုမည္ဟုဆို

မႏၲေလးၿမိဳ႕ေနအသက္(၇၃)ႏွစ္အရြယ္အမ်ိဳးသား တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ႏွစ္တြင္ထပ္မံေျဖဆိုမည္ဟုဆို

၂၀၁၉ တကၠသိုလ္ဝင္ တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆို သည့္ အသက္(၇၃)ႏွစ္အရြယ္ ဦးစိုင္းေအာင္ၫြန္႔သည္ ယခုႏွစ္ စာေမးပြဲတြင္ မေအာင္ျမင္ေသာ္ လည္း လာမည့္ႏွစ္ ဆက္လက္ေျဖဆိုမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ထပ္ၿပီး ေျဖဖို႔ရွိတယ္။ အလုပ္ေတြမအားတဲ့ၾကားက ဒီအတိုင္းမေနဘဲ ေျဖလိုက္လို႔ေအာင္မယ္ဆိုရင္ ပညာေရးအတြက္ ေကာင္းတာေပါ့။ ေနာက္ႏွစ္မွာ ထပ္ႀကိဳးစားသြားမယ္’’ဟု ဦးစိုင္းေအာင္ၫြန္႔က ေျပာသည္။

ဦးစိုင္းေအာင္ၫြန္႔သည္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕ နယ္ရွိ အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ခံုအ မွတ္ မနတ ၅၃၄ ျဖင့္ ဝင္ေရာက္ ေျဖဆိုခဲ့သည္။ဇြန္လ ၈ ရက္ ေအာင္စာရင္း ေၾကညာၿပီးခ်ိန္တြင္ ဦးစိုင္းေအာင္ ၫြန္႔သည္ သံုးဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္ေၾကာင္း သတင္းမွား မ်ား ထြက္ေပၚခဲ့သည္။

၁၉၄၆ တြင္ ေမြးဖြားခဲ့သည့္ ဦးစိုင္းေအာင္ၫြန္႔သည္ နဝမတန္း ကို ၁၉၆၄ အသက္(၁၈)ႏွစ္အရြယ္တြင္ ေအာင္ျမင္ခဲ့ၿပီး တကၠ သိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆို ရာ က်႐ႈံးခဲ့ၿပီးေနာက္ ၂၀၁၉ တြင္ ျပန္လည္ေျဖဆိုခဲ့သည္။ယခုႏွစ္တကၠသိုလ္ဝင္တန္း စာေမးပြဲတြင္ မႏၲေလးတုိင္းေဒသ ႀကီးက ေက်ာင္းသား၊ ေက်ာင္းသူတစ္သိန္းႏွစ္ေသာင္းခန္႔ ဝင္ ေရာက္ေျဖဆိုၿပီး ေအာင္ခ်က္ ၃၆ ရာခိုင္ႏႈန္းေက်ာ္ရွိသည္။ 7DaysDailyNews

 

Unicode Version ျဖင့္ဖတ္ရန္

 

မန္တလေးမြို့နေအသက်(၇၃)နှစ်အရွယ်အမျိုးသား တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်နှစ်တွင်ထပ်မံဖြေဆိုမည်ဟုဆို

၂၀၁၉ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို သည့် အသက်(၇၃)နှစ်အရွယ် ဦးစိုင်းအောင်ညွန့်သည် ယခုနှစ် စာမေးပွဲတွင် မအောင်မြင်သော် လည်း လာမည့်နှစ် ဆက်လက်ဖြေဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။ထပ်ပြီး ဖြေဖို့ရှိတယ်။ အလုပ်တွေမအားတဲ့ကြားက ဒီအတိုင်းမနေဘဲ ဖြေလိုက်လို့အောင်မယ်ဆိုရင် ပညာရေးအတွက် ကောင်းတာပေါ့။ နောက်နှစ်မှာ ထပ်ကြိုးစားသွားမယ်’’ဟု ဦးစိုင်းအောင်ညွန့်က ပြောသည်။

ဦးစိုင်းအောင်ညွန့်သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ခုံအ မှတ် မနတ ၅၃၄ ဖြင့် ဝင်ရောက် ဖြေဆိုခဲ့သည်။ဇွန်လ ၈ ရက် အောင်စာရင်း ကြေညာပြီးချိန်တွင် ဦးစိုင်းအောင် ညွန့်သည် သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း သတင်းမှား များ ထွက်ပေါ်ခဲ့သည်။

၁၉၄၆ တွင် မွေးဖွားခဲ့သည့် ဦးစိုင်းအောင်ညွန့်သည် နဝမတန်း ကို ၁၉၆၄ အသက်(၁၈)နှစ်အရွယ်တွင် အောင်မြင်ခဲ့ပြီး တက္က သိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆို ရာ ကျရှုံးခဲ့ပြီးနောက် ၂၀၁၉ တွင် ပြန်လည်ဖြေဆိုခဲ့သည်။ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေးတိုင်းဒေသ ကြီးက ကျောင်းသား၊ ကျောင်းသူတစ်သိန်းနှစ်သောင်းခန့် ဝင် ရောက်ဖြေဆိုပြီး အောင်ချက် ၃၆ ရာခိုင်နှုန်းကျော်ရှိသည်။ 7DaysDailyNews

Be the first to comment

Leave a Reply

Your email address will not be published.


*