အမ်ဳိးသမီးတစ္ဦးေသဆုံးမႈ ၇ လေက်ာ္ၾကာမွ လူသတ္မႈျဖင့္ ေျပာင္းလဲအမႈဖြင့္

သာမန္​ ေသမႈ​ေသခင္​းနဲ႔ အမႈဖြင့္ထားတဲ့ ခ်မ္းျမသာစည္ၿမိဳ႕နယ္က အမ်ဳိးသမီးတဦး ေသဆုံးမႈကုိ ၇ လေက်ာ္ၾကာမွ လူသတ္မႈနဲ႔ ေျပာင္းလဲအမႈဖြင့္လုိက္တယ္လုိ႔ ရဲက ေျပာပါတယ္။

မႏၱ​ေလးၿမိဳ႕၊ခ်မ္​းျမသာစည္​ၿမိဳ႕နယ္​၊ ကြၽန္​းလံုးဥ​ေသ်ွာင္​ရပ္​ကြက္၊ မဟာမုနိဘုရားႀကီး​ ေျမာက္​ဘက္​တိုက္​တန္​း၊ အခန္​း ၇ မွာ ​ေနထိုင္​တဲ့ အမ်ိဳးသမီးတ​ဦး​ဟာ ၂၀၁၈ ခုႏွစ္​၊ ႏို၀င္​ဘာလ ၈ ရက္​​ေန႔က ​ေ​ရခ်ိဳးခန္​းအတြင္​း ​ေသဆံုး​ခဲ့တာပါ။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ခ်မ္​းျမသာစည္​ၿမိဳ႕မရဲစခန္​းမွာ ​ေသမႈ​ေသခင္​းအမွတ္​စဥ္​ ၉/၂၀၁၈ နဲ႔ အမႈ ​ေရးဖြင္​့စစ္​​ေဆးခဲ့ရာက ေသဆံုးမႈကို စစ္ေဆးတဲ့ ​ေဆးစာမွာ တ​စံုတ​ဦးရဲ႕ ျပဳလုပ္​မႈ​ေၾကာင္​့ ​ေသဆံုးတာျဖစ္​​တယ္လို႔ သိရိွရတဲ့အတြက္ ဇြန္​လ ၇ ရက္​​ေန႔က လူသတ္​မႈပုဒ္​မနဲ႔ ​ေျပာင္​းလဲ အမႈဖြင့္လွစ္ စစ္ေဆးေနတယ္လို႔ ခ်မ္းျမသာစည္ ၿမိဳ႕မရဲစခန္းမွ ေခတၱစခန္းမႉး ရဲအုပ္ေက်ာ္ေက်ာ္ဦးက ေျပာပါတယ္။

အမ်ဳိးသမီးတစ္ဦးေသဆုံးမႈ ၇ လေက်ာ္ၾကာမွ လူသတ္မႈျဖင့္ ေျပာင္းလဲအမႈဖြင့္ 1

“ေဆးစာမ႐ွင္းလင္းတဲ့အတြက္ ဆံုးျဖတ္ရခက္ခဲေနလို႔ ေနာက္ထပ္ ျပန္ေမးရတဲ့အတြက္ နည္းနည္းၾကန္႔ၾကာသြားတယ္။ မႈခင္းဆရာဝန္နဲ႔ ေဆြးေႏြးၿပီးေတာ့ လူသတ္မႈနဲ႔ ဖြင့္သင့္တယ္ ထင္လို႔ ဖြင့္လိုက္တာ။”

​ေသဆံုးသူဟာ ဦး​ေခါင္​းနဲ႔ လည္​ပင္​းမွာ ရ႐ွိထားတဲ့ ဒဏ္​ရာေတြေၾကာင့္ ​ေသဆံုးခ့ဲတာ လုိ႔ မႈခင္​းဆရာ၀န္​ႀကီးက မွတ္​ခ်က္​ျပဳထားၿပီး ရင္​ခြဲစစ္​​ေဆးခ်က္​မွတ္​တမ္​းအား ထပ္​မံ​ေတာင္​းခံၾကည္​့တဲ့အခါ ယာခ်ိဳ​ေစာင္​းပိုင္​းနဲ႔ ဦး​ေႏွာက္​ငယ္​တို႔မွာ ဦး​ေႏွာက္​အ​ေမွး​ေအာက္​ ​ေသြးယိုစီးထားတာ၊ လည္​ပင္​း၀ဲဘက္​ျခမ္​းမွာ႐ွိတဲ့ ႂကြက္​သားေတြမွာ ​ေသြး​ခ်ည္ဥဒဏ္​ရာ ေတြ႔ရိွတာ၊ ၀ဲ/ယာ​ေမး႐ိုး​ေအာက္​​ေျခ​ ေသြး​ခ်ည္ဥဒဏ္​ရာေတြ ​ေတြ႔႐ွိခ့ဲတဲ့အတြက္​ မႈခင္​းဆရာ၀န္​ရဲ႕ သံုးသပ္ ​ေျပာၾကားခ်က္​အရ တ​စံုတ​ဦးရဲ႕ ျပဳလုပ္​မႈ​ေၾကာင္​့ ရ႐ွိ​တဲ့ ဒဏ္​ရာေတြနဲ႔ ​ေသဆံုးခဲ့ရတာကို ထပ္မံေတြ႔ရိွခဲ့ရတယ္လို႔ ဆိုပါတယ္။

အခုလို စစ္ေဆးေတြ႔ရိွရတဲ့အတြက္ ခ်မ္​းျမသာစည္​ၿမိဳ႕မရဲစခန္​းမွ ေခတၱစခန္​းမႉး ရဲအုပ္​ ​ေက်ာ္​​ေက်ာ္​ဦးက တရားလို ျပဳလုပ္ၿပီး (ပ)၃၈၆/၂၀၁၉၊ ရာဇသတ္​ႀကီးဥပ​ေဒပုဒ္​မ ၃၀၂ အရခ်မ္းျမသာစည္ ရဲစခန္းမွာပဲ ​ေျပာင္​းလဲအမႈဖြင့္လွစ္ထား​ပါတယ္။ အဆိုပါအမႈနဲ႔ ပတ္သက္လို႔ အေသးစိတ္၊အေျခခံက စၿပီး ျပန္လည္စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ထိန္ထိန္လင္း/DVB

 

Unicode Version ျဖင့္ဖတ္ရန္

 

သာမန်​ သေမှု​သေခင်​းနဲ့ အမှုဖွင့်ထားတဲ့ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတဦး သေဆုံးမှုကို ရ လကျော်ကြာမှ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ရဲက ပြောပါတယ်။

မန္တ​လေးမြို့၊ချမ်​းမြသာစည်​မြို့နယ်​၊ ကျွန်​းလုံးဥ​သျှောင်​ရပ်​ကွက်၊ မဟာမုနိဘုရားကြီး​ မြောက်​ဘက်​တိုက်​တန်​း၊ အခန်​း ရ မှာ ​နေထိုင်​တဲ့ အမျိုးသမီးတ​ဦး​ဟာ ၂၀၁၈ ခုနှစ်​၊ နိုဝင်​ဘာလ ၈ ရက်​​နေ့က ​ေ​ရချိုးခန်​းအတွင်​း ​သေဆုံး​ခဲ့တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး ချမ်​းမြသာစည်​မြို့မရဲစခန်​းမှာ ​သေမှု​သေခင်​းအမှတ်​စဉ်​ ၉/၂၀၁၈ နဲ့ အမှု ​ရေးဖွင်​့စစ်​​ဆေးခဲ့ရာက သေဆုံးမှုကို စစ်ဆေးတဲ့ ​ဆေးစာမှာ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင်​့ ​သေဆုံးတာဖြစ်​​တယ်လို့ သိရှိရတဲ့အတွက် ဇွန်​လ ရ ရက်​​နေ့က လူသတ်​မှုပုဒ်​မနဲ့ ​ပြောင်​းလဲ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ချမ်းမြသာစည် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ပြောပါတယ်။

“ဆေးစာမရှင်းလင်းတဲ့အတွက် ဆုံးဖြတ်ရခက်ခဲနေလို့ နောက်ထပ် ပြန်မေးရတဲ့အတွက် နည်းနည်းကြန့်ကြာသွားတယ်။ မှုခင်းဆရာဝန်နဲ့ ဆွေးနွေးပြီးတော့ လူသတ်မှုနဲ့ ဖွင့်သင့်တယ် ထင်လို့ ဖွင့်လိုက်တာ။”

အမ်ဳိးသမီးတစ္ဦးေသဆုံးမႈ ၇ လေက်ာ္ၾကာမွ လူသတ္မႈျဖင့္ ေျပာင္းလဲအမႈဖြင့္ 1

​သေဆုံးသူဟာ ဦး​ခေါင်​းနဲ့ လည်​ပင်​းမှာ ရရှိထားတဲ့ ဒဏ်​ရာတွေကြောင့် ​သေဆုံးခဲ့တာ လို့ မှုခင်​းဆရာဝန်​ကြီးက မှတ်​ချက်​ပြုထားပြီး ရင်​ခွဲစစ်​​ဆေးချက်​မှတ်​တမ်​းအား ထပ်​မံ​တောင်​းခံကြည်​့တဲ့အခါ ယာချို​စောင်​းပိုင်​းနဲ့ ဦး​နှောက်​ငယ်​တို့မှာ ဦး​နှောက်​အ​မှေး​အောက်​ ​သွေးယိုစီးထားတာ၊ လည်​ပင်​းဝဲဘက်​ခြမ်​းမှာရှိတဲ့ ကြွက်​သားတွေမှာ ​သွေး​ချည်ဥဒဏ်​ရာ တွေ့ရှိတာ၊ ၀ဲ/ယာ​မေးရိုး​အောက်​​ခြေ​ သွေး​ချည်ဥဒဏ်​ရာတွေ ​တွေ့ရှိခဲ့တဲ့အတွက်​ မှုခင်​းဆရာဝန်​ရဲ့ သုံးသပ် ​ပြောကြားချက်​အရ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင်​့ ရရှိ​တဲ့ ဒဏ်​ရာတွေနဲ့ ​သေဆုံးခဲ့ရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်​းမြသာစည်​မြို့မရဲစခန်​းမှ ခေတ္တစခန်​းမှူး ရဲအုပ်​ ​ကျော်​​ကျော်​ဦးက တရားလို ပြုလုပ်ပြီး (ပ)၃၈၆/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂ အရချမ်းမြသာစည် ရဲစခန်းမှာပဲ ​ပြောင်​းလဲအမှုဖွင့်လှစ်ထား​ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်လို့ အသေးစိတ်၊အခြေခံက စပြီး ပြန်လည်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း/DVB

Be the first to comment

Leave a Reply

Your email address will not be published.


*