လမ်းစားရိတ်ပြတ်သွားသည့် အသက် ၁၁နှစ်အရွယ် (၅)တန်းကျောင်းသူ မိန်းကလေးကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စောင့်ရှောက်ပေးထား၊ မိဘများ လာခေါ်မည်
ဇွန်(၉) ရက် နံနက်(၀၇၃၀) နာရီအချိန်တွင် နေပြည်တော်- မန္တလေး၊ အမြန်လမ်း မိုင်တိုင်၃၂၅/၅လမ်းဆုံတွင် အမြန် လမ်းမကြီးရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ လှည့်ကင်းတပ်ဖွဲ့ ဝင်များက အမျိုးသမီးငယ်တဦးကို တွေ့ရှိခဲ့သည်။
လမ်းစားရိတ်ပြတ်သွားသည့် အသက် ၁၁နှစ်အရွယ်  (၅)တန်းကျောင်းသူ မိန်းကလေးကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စောင့်ရှောက်ပေးထား၊ မိဘများ လာခေါ်မည် 1
Unicode Version ဖြင့်ဖတ်ရန်
ယနေ ့(ဇွန် ၉) နံနက်တွင် ကွတ်ခိုင်သို ့သွားရောက်မည့် လမ်းစားရိတ်ပြတ်သွားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ ့ရှိရသည့်အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့၏ပြင်စည်စခန်းမှမိသားစုများက ကူညီကျွေးမွေး စောင့်ရှောက်ထားလျက်ရှိပြီး မိဘများလာခေါ်ယူမည်ကိုစောင့်ဆိုင်းနေကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ ့၏သတင်း ထုတ်ပြန်မှု ့အရ သိရသည်။
ဇွန်(၉) ရက် နံနက်(၀၇၃၀) နာရီအချိန်တွင် နေပြည််တော်- မန္တလေး၊ အမြန်လမ်း မိုင်တိုင်၃၂၅/၅လမ်းဆုံတွင် အမြန် လမ်းမကြီးရဲတပ်ဖွဲ ့ပြင်စည်စခန်းမှ လှည့်ကင်းတပ်ဖွဲ ့ဝင်များက အမျိုးသမီးငယ်တဦးကို တွေ့ရှိခဲ့သည်။
အခက်အခဲကိုမေးမြန်းရာတွင် ကွတ်ခိုင်သို့သွားမည်ဖြစ်ကြောင်း နှင့် လမ်းစရိတ်မပါတော့ကြောင်းသိရသဖြင့် ရဲစခန်းသို့ ခေါ်ယူစောင့်ရှောက်စိစစ်ခဲ့ရာ မနန်းဖွေးလောင်၊အသက် ၁၁နှစ်၊ (၅)တန်းကျောင်းသူ၊ အဘဦးစိုင်းအိုက်၊ အမိဒေါ်ခမ်းလျန်၊ကျိန်ယန်းလွယ်ရွာ၊ပန်ဆိုင်းကြူကုတ်၊မူဆယ်မြို့နယ်ဖြစ်ကြောင်းသိရှိရသည်။
လမ်းစားရိတ်ပြတ်သွားသည့် အသက် ၁၁နှစ်အရွယ်  (၅)တန်းကျောင်းသူ မိန်းကလေးကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စောင့်ရှောက်ပေးထား၊ မိဘများ လာခေါ်မည် 1
သက်ဆိုင်ရာ မူဆယ်ကွတ်ခိုင်စခန်းများမှတဆင့်အခြေအနေကို စုံစမ်းပြီး ပန်ဆိုင်းကြူကုတ်မှမိဘများထံဆက်သွယ်၍ ကလေးမ၏ပုံများကို တိုက်ဆိုင်စစ်ဆေးရာတွင် မှန်ကန် ကြောင်း သိရှိခဲ့ရသည်။
မိဘများကလာရောက်ခေါ်ယူမည်ဟုသိရှိရသလို မနန်းဖွေးလောင်ကို ပြင်စည်စခန်းမိသားစုများက ကူညီ ကျွေးမွေး စောင့်ရှောက်ထားလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ ့မှူ းရုံးမှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ The Ladies News
Be the first to comment
Leave a Reply
Your email address will not be published.
*