ေတာင္ငူ၌ ေစတီေတာ္တစ္ဆူ ဌာပနာ ေဖာက္ထြင္းခံခဲ့ရ

ပဲခူးတုိင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ ဒိုးေသာင္ေက်းရြာအုပ္စု ေပါင္းေလာင္တိန္ေက်းရြာရွိ ၂၄ ပစၥည္​း ပဌာန္းေစတီေတာ္၏ ဌာပနာလက္​ဝတ္​ရတနာမ်ား ဇြန္​လ ၆ ရက္​ မြန္​းလြဲပိုင္​းက ေဖာက္ထြက္ခိုးယူခံရေၾကာင္း ထံုးဘို နယ္ေျမရဲစခန္းမွသိရသည္​။

“လက္​ဝတ္​ရတနာပစၥည္​းမ်ဳိးစံု ၁၁ သိန္​း​ေက်ာ္​ဖုိးခန္​႔ ပါသြားတယ္​လို႔ သိရတယ္​။ ျဖစ္​စဥ္​နဲ႔ပတ္​သက္​ၿပီး စံုစမ္​း​ေနဆဲပါ”ဟု ထံုးဘိုနယ္​​ေျမရဲစခန္​းမွ တာဝန္​႐ွိသူတစ္​ဦးက​ ေျပာၾကားသည္​။

ေတာင္ငူ၌ ေစတီေတာ္တစ္ဆူ ဌာပနာ ေဖာက္ထြင္းခံခဲ့ရ 1

​ေတာင္​ငူၿမိဳ႕နယ္​​ ဒိုး​ေသာင္​​ေက်းရြာအုပ္​စု ​ေပါင္​း​ေလာင္​းတိန္​​ေက်းရြာအနီး ၂၄ ပစၥည္​း ပဌာန္းေစတီေတာ္ပန္းေမွာက္​ေအာက္​ဘက္တြင္​ ဇြန္လ ၆ ရက္ေန႔က အေပါက္တစ္ခုေတြ႔ရွိရေၾကာင္း သတင္​းရ႐ွိခဲ့သည္​့အတြက္​ ​ေက်းရြာတာဝန္​႐ွိသူမ်ားႏွင္​့​ ေပါင္​း​ေလာင္​းတိန္​​ေက်ာင္​းဆရာ​ေတာ္​တို႔က သြား​ေရာက္​စစ္​​ေဆးရာ ဘုရားတည္စက ဌာပနာထည္​့သြင္​းထားသည္​့ ဆယ္​့တစ္​သိန္​း​ေက်ာ္​တန္​ဖိုး႐ွိ လက္၀တ္​ရတနာမ်ိဳးစံု ​ေပ်ာက္ဆံုး​ေနသည္​ကို သိ႐ွိခဲ့ရေၾကာင္း ထံုးဘိုနယ္​​ေျမရဲစခန္​းမွ သိရွိရသည္။

ေတာင္ငူ၌ ေစတီေတာ္တစ္ဆူ ဌာပနာ ေဖာက္ထြင္းခံခဲ့ရ 2

လြန္​ခဲ့သည္​့ ၂ ႏွစ္​​နီးပါးကလည္​း ဒိုး​ေသာင္​​ေက်းရြာအနီး ​ေ႐ွး​ေဟာင္​းသမိုင္​းဝင္​ ျမတ္​​ေစာညီ​ေနာင္​​ေစတီ႐ွိ ​ေနာင္​​ေတာ္​​ေစတီ စိန္​ဖူးေတာ္​ႏွင္​့ ငွက္​ျမတ္​နား​ေတာ္​မွ က်ပ္​သိန္​း​ေထာင္​ခ်ီတန္​သည့္ လက္​ဝတ္​ရတနာမ်ား ​ခုိးယူခံခဲ့ရ​သည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု ပေါင်းလောင်တိန်ကျေးရွာရှိ ၂၄ ပစ္စည်​း ပဌာန်းစေတီတော်၏ ဌာပနာလက်​ဝတ်​ရတနာများ ဇွန်​လ ၆ ရက်​ မွန်​းလွဲပိုင်​းက ဖောက်ထွက်ခိုးယူခံရကြောင်း ထုံးဘို နယ်မြေရဲစခန်းမှသိရသည်​။

“လက်​ဝတ်​ရတနာပစ္စည်​းမျိုးစုံ ၁၁ သိန်​း​ကျော်​ဖိုးခန်​့ ပါသွားတယ်​လို့ သိရတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး စုံစမ်​း​နေဆဲပါ”ဟု ထုံးဘိုနယ်​​မြေရဲစခန်​းမှ တာဝန်​ရှိသူတစ်​ဦးက​ ပြောကြားသည်​။

​တောင်​ငူမြို့နယ်​​ ဒိုး​သောင်​​ကျေးရွာအုပ်​စု ​ပေါင်​း​လောင်​းတိန်​​ကျေးရွာအနီး ၂၄ ပစ္စည်​း ပဌာန်းစေတီတော်ပန်းမှောက်​အောက်​ဘက်တွင်​ ဇွန်လ ၆ ရက်နေ့က အပေါက်တစ်ခုတွေ့ရှိရကြောင်း သတင်​းရရှိခဲ့သည်​့အတွက်​ ​ကျေးရွာတာဝန်​ရှိသူများနှင်​့​ ပေါင်​း​လောင်​းတိန်​​ကျောင်​းဆရာ​တော်​တို့က သွား​ရောက်​စစ်​​ဆေးရာ ဘုရားတည်စက ဌာပနာထည်​့သွင်​းထားသည်​့ ဆယ်​့တစ်​သိန်​း​ကျော်​တန်​ဖိုးရှိ လက်ဝတ်​ရတနာမျိုးစုံ ​ပျောက်ဆုံး​နေသည်​ကို သိရှိခဲ့ရကြောင်း ထုံးဘိုနယ်​​မြေရဲစခန်​းမှ သိရှိရသည်။

လွန်​ခဲ့သည်​့ ၂ နှစ်​​နီးပါးကလည်​း ဒိုး​သောင်​​ကျေးရွာအနီး ​ရှေး​ဟောင်​းသမိုင်​းဝင်​ မြတ်​​စောညီ​နောင်​​စေတီရှိ ​နောင်​​တော်​​စေတီ စိန်​ဖူးတော်​နှင်​့ ငှက်​မြတ်​နား​တော်​မှ ကျပ်​သိန်​း​ထောင်​ချီတန်​သည့် လက်​ဝတ်​ရတနာများ ​ခိုးယူခံခဲ့ရ​သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*