ဦးဝီရသူ ကရင်ပြည်နယ်တွင်လုံခြုံရေးအပြည့်ဖြင့်ရှိနေဟု ဆို လာဖမ်းသူများ၏ အသက်ကို အာမ,မခံဟု သတိပေးထား

အမျိုးသားရေးဝါဒီဆရာတော်ဦးဝီရသူမှာကရင်ပြည်နယ်တွင် ရောက်ရှိနေပြီး လုံခြုံရေးအပြည့်အဝ ယူထားကြောင်း ဦးဝီရသူ၏ အတူနေသံဃာတပည့်တစ်ဦးက ၄င်း၏လူမှု့ ကွန်ရက် တွင် ဖော်ပြထားသည်။

ဦးဝီရသူ ကရင်ပြည်နယ်တွင်လုံခြုံရေးအပြည့်ဖြင့်ရှိနေဟု ဆို  လာဖမ်းသူများ၏ အသက်ကို အာမ,မခံဟု  သတိပေးထား 1

ပုဒ်မ၁၂၄(က)ဖြင့်အမှုဖွင့်ဝရမ်းထုတ်ထားခြင်းခံထားရသော ဦးဝီရသူကိုဖမ်းဆီးနိုင်ရေးအတွက် ရှိနိုင်သည့်နေရာများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးဝီရသူ ကရင်ပြည်နယ်တွင်လုံခြုံရေးအပြည့်ဖြင့်ရှိနေဟု ဆို  လာဖမ်းသူများ၏ အသက်ကို အာမ,မခံဟု  သတိပေးထား 2

ဦးဝီရသူ၏ ဝီရမျိုးဆက်တစ်ဦးဖြစ်သည့် ဝီရ​တေ​ဇော (ဝီရမျိုးဆက်​သစ်​)ကမူ ဦးဝီရသူ(မစိုးရိမ်)မှာ ကရင်​ပြည်​နယ်​တွင် ရှိနေပြီး လုံခြုံ​ရေးအပြည့်​အဝယူထားကြောင်းနှင့် လာဖမ်းသူများ၏အသက်​ကိုအာမခံချက်​မ​ပေးကြောင်း ၄င်း၏လူမှု့ ကွန် ရက်တွင် ဇွန် ၇ နေ့ ည ၉း၅၇ နာရီက ဓါတ်ပုံများနှင့်အတူ ပို့ စ်တစ်ခု ရေးတင်ခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ ကရင်ပြည်နယ်တွင်လုံခြုံရေးအပြည့်ဖြင့်ရှိနေဟု ဆို  လာဖမ်းသူများ၏ အသက်ကို အာမ,မခံဟု  သတိပေးထား 3

ဦးဝီရသူကို ပြီးခဲ့သည့် မေလ ၅ရက်နေ့က ရန်ကုန်မြို့တော် ခန်းမရှေ့၌ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးနှင့်ပုဒ်မ ၂၆၁ အမြန်ပြင်ဆင်ပေးရေးဟောပြောပွဲမှ ဟောပြောချက် များနှင့်ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအုပ် ချုပ်ရေးမှူးက ပုဒ်မ၁၂၄(က)ဖြင့်တရားရုံးသို့ ဦးတိုက်လျှေက် ထားခဲ့ရာ တရားရုံးကလက်ခံ၍ ဖမ်းဝရမ်းထုတ်ပေးခဲ့သည်။

ဦးဝီရသူ ကရင်ပြည်နယ်တွင်လုံခြုံရေးအပြည့်ဖြင့်ရှိနေဟု ဆို  လာဖမ်းသူများ၏ အသက်ကို အာမ,မခံဟု  သတိပေးထား 4


 

Unicode Version ဖြင့်ဖတ်ရန်

 

အမျိုးသားရေးဝါဒီဆရာတော်ဦးဝီရသူမှာကရင်ပြည်နယ်တွင် ရောက်ရှိနေပြီး လုံခြံုရေးအပြည့်အဝ ယူထားကြောင်း ဦးဝီရသူ၏ အတူနေသံဃာတပည့်တစ်ဦးက ၄င်း၏လူမှု ့ကွန်ရက် တွင် ဖော်ပြထားသည်။

ပုဒ်မ၁၂၄(က)ဖြင့်အမှုဖွင့်ဝရမ်းထုတ်ထားခြင်းခံထားရသော ဦးဝီရသူကိုဖမ်းဆီးနိုင်ရေးအတွက် ရှိနိုင်သည့်နေရာများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူ းချုပ် ဦးဇော်ဌေးက ဇွန် ရ ရက်နေ ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးဝီရသူ၏ ဝီရမျိုးဆက်တစ်ဦးဖြစ်သည့် ဝီရ​တေ​ဇော (ဝီရမျိုးဆက်​သစ်​)ကမူ ဦးဝီရသူ(မစိုးရိမ်)မှာ ကရင်​ပြည်​နယ်​တွင် ရှိနေပြီး လုံခြုံ​ရေးအပြည်​့အဝယူထားကြောင်းနှင့် လာဖမ်​းသူများ၏အသက်​ကိုအာမခံချက်​မ​ပေးကြောင်း ၄င်း၏လူမှု ့ကွန် ရက်တွင် ဇွန် ရ နေ ့ည ၉း၅၇ နာရီက ဓါတ်ပုံများနှင့်အတူ ပို ့စ်တစ်ခု ရေးတင်ခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူကို ပြီးခဲ့သည့် မေလ ၅ရက်နေ့က ရန်ကုန်မြို့တော် ခန်းမရှေ့၌ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးနှင့်ပုဒ်မ ၂၆၁ အမြန်ပြင်ဆင်ပေးရေးဟောပြောပွွဲမှ ဟောပြောချက် များနှင့်ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအုပ် ချုပ်ရေးမှူ းက ပုဒ်မ၁၂၄(က)ဖြင့်တရားရုံးသို့ ဦးတိုက်လျှေက် ထားခဲ့ရာ တရားရုံးကလက်ခံ၍ ဖမ်းဝရမ်းထုတ်ပေးခဲ့သည်။

ဦးဝီရသူကို ဗဟိုအစိုးရ၏ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီးယနေ့အချိန် အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။ ဝီရ​တေ​ဇော (ဝီရမျိုးဆက်​သစ်​)