ရှေ့တန်းထွက်လာသော တပ်မတော် မော်တော်ယာဉ်တန်းကို ၀င်တိုက်မိသည့်ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံး
ရှေ့တန်းထွက်လာသော တပ်မတော်   မော်တော်ယာဉ်တန်းကို ၀င်တိုက်မိသည့်ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံး 1
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်းလောင်းစိန်ကျေးရွာအနီးလမ်းကွေ့ မုန်း-ကျောက်ကြီး ကားလမ်းတွင် ဇွန်လ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က အမည်မသိလူ ၂ ဦးမောင်းနှင်လာသော Dream-110 ဆိုင်ကယ်သည် ရွှေကျင်မြို့နယ်အခြေပြု ခမရ(၃၄၉)တပ်မှ ရှေ့တန်းထွက်လာသော မော်တော်ယာဉ်(၄)စီးတန်းမှ ရှေ့ဆုံးယာဉ်ကိုရှောင်တိမ်းစဉ် လမ်းဘေးမြေသားလမ်းသို့ ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။
ရှေ့တန်းထွက်လာသော တပ်မတော်   မော်တော်ယာဉ်တန်းကို ၀င်တိုက်မိသည့်ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံး 2
ရှေ့တန်းထွက်လာသော တပ်မတော်   မော်တော်ယာဉ်တန်းကို ၀င်တိုက်မိသည့်ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံး 3
Unicode Version ဖြင့်ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်း-ကျောက်ကြီး ကားလမ်း၌ ရှေ့တန်းထွက်လာသော မော်တော်ယာဉ်တန်းကို ဆိုင်ကယ်တစ်စီးကဝင်တိုက်ရာမှ ဆိုင်ကယ်ပေါ်ပါ ၂ ဦးလုံးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်းလောင်းစိန်ကျေးရွာအနီးလမ်းကွေ့ မုန်း-ကျောက်ကြီး ကားလမ်းတွင် ဇွန်လ ရ ရက် မွန်းတည့် ၁၂ နာရီခန့်က အမည်မသိလူ ၂ ဦးမောင်းနှင်လာသော Dream-110 ဆိုင်ကယ်သည် ရွှေကျင်မြို့နယ်အခြေပြု ခမရ(၃၄၉)တပ်မှ ရှေ့တန်းထွက်လာသော မော်တော်ယာဉ်(၄)စီးတန်းမှ ရှေ့ဆုံးယာဉ်ကိုရှောင်တိမ်းစဉ် လမ်းဘေးမြေသားလမ်းသို့ ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။
ထို့နောက် မြေသားလမ်းမှကားလမ်းပေါ်သို့ပြန်တက်စဉ် လမ်းပခုံးသားဖြင့်တိုက်မိကာ ဆိုင်ကယ်မှာ ယာဉ်တန်း ဒုတိယကား၏ ဝဲဘက်ခြမ်းရှိစီတိုင်ကီနှင့်နောက်ဘီးရှေ့ရှိသံကာဘာကိုတိုက်မိကာ ဆိုင်ကယ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ ဦးခေါင်းခွံကွဲအက်ဒဏ်၊ ပခုံးပေါက်ပြဲ အရိုးကျိုးဒဏ်ရာ၊ စသည့်ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အမှုနှင့်ပတ်သက်၍ မုန်းနယ်မြေရဲစခန်း၌ ယာဉ်(ပ)၉/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။(အကုန်သိသတင်းဌာန)
Be the first to comment
Leave a Reply
Your email address will not be published.
*