ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢

မ​ကွေးတိုင်း​ဒေသကြီး ၊ပွင့်​ဖြူမြို့နယ်​၊ကုန်း​ဇောင်း အ.ထ.က မှ (ဖဋ-၁၅၅)ဂုဏ်​ထူးငါးဘာသာ ၊အမှတ်​​ပေါင်း၅၁၇မှတ်​ဖြင့်​ ထူးချွန်​စွာ​အောင်​မြင်​ခဲ့တဲ့ သမီး​လေး​မေသန္တာလွင်​ထွန်း သူမဝါသနာက ဆရာဝန်​မကြီးတဲ့

မ​ကွေးတိုင်း၊ပွင့်​ဖြူမြို့နယ်​၊ ဇီးကိုင်းအုပ်​စု၊ဝဲ​ဒေါင့်​​ကျေးရွာက ဦးမြင့်​ထွန်း+​ဒေါ်နုနုစိန်​တို့ရဲ့ သားသမီးသုံး​ယောက်​အနက်​အငယ်​ဆုံးသမီး​လေးး

ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢 1

အ​ဖေက လယ်​ယာကျွဲနွားမရှိတဲ့ ကူလီကြုံရာကျဘမ်း၊အ​မေက ဆယ်​တန်း​အောင်​ပညာတတ်​ ​ကောလိပ်​တက်​ခဲ့ရ​ပေမယ့်​ ဘဝ​ပေးအရ တူးရွင်းကိုင်​ မြက်​​ကောက်​ ​နေ့စား

ကူလီပါ။

ဒီမိဘနှစ်​​ယောက်​တ​စ်​​နေ့လုပ်​အားခ ၃၀၀၀ကျပ်​နဲ့ မိသားစု စားဝတ်​​နေ​ရေး​ဖြေရှင်းခဲ့ရင်း သမီး​လေးထူးချွန်​စွာ​အောင်မြင်​ဖို့ သူနှစ်​သက်​ရာထား​ပေးတဲ့အာဂအ​မေ

ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢 2

မိသားစုမ​ပြေလည်​၍ဆယ်​တန်း​ဘော်​ဒါမတက်​ရန်​အ​ဖေဖြစ်​သူတားခဲ့တဲ့အချိန်​ အခါခါငိုခဲ့ရတာက ​ဒေါ်နုနုစိန်​နဲ့သမီး​လေးးးးဒီလိုနဲ့ ကိုးတန်း​အောင်​ ဆယ်​တန်းအတွက်​​ဘော်​ဒါဝင်​ခွင့်​​ဖြေဖို့ ကုန်း​ဇောင်းသို့ တစ်​နာရီ​လောက်​လမ်း​လျှောက်​ သားမိနှစ်​​ယောက်​လက်​တွဲ ​အောင်​ပွဲဝင်​ဖို့သွားခဲ့သည့်​အတိုင်း ​အောင်​မြင်​ခဲ့သည့်​အချိန်​အခက်​အခဲကဆီးကြို​နေ​လေရဲ့

အဲဒါက​ဘော်​ဒါတက်​ဖို့အချိန်​ကျ လက်​ထဲက ခြူးတစ်​ပြားမှ ​ပေးစရာမရှိ။ ကိုးတန်း​အောင်​အစ်​ကိုဖြစ်​သူက အပြင်​အလုပ်​ထွက်​လုပ်​ ကြိုတင်​​ငွေနှစ်​သိန်းထုတ်​​ပေးခဲ့​တော့ဝမ်းသာလို့ငိုခဲ့ရတဲ့ အ​မေ

ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢 3

နောက်​ထပ်​​ငွေ​ပေးသွင်းရမည့်​အချိန်​ ကလည်​ကလည်​နဲ့​ငွေ​ကြေးကမလွယ်​ပြန်​​တော့ မိမိတို့အိမ်​ဝိုင်းကို သုံးသိန်းကျပ်​နဲ့​ပေါင်​ လက်​မ​ထောင်​ပြီး​ငွေ​ပေးသွင်းခဲ့တဲ့ အာဂအ​မေ(သူကိုယ်​တိုင်​ဆယ်​တန်း​အောင်​​ကာလိပ်​တက်​ခဲ့ရသူ)ပညာ​ရေးအ​လေးထားတဲ့ အာဂအ​မေ

ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢 4

ကျေးရွာမီးရတာအနှစ်​၂၀​ကျော်​​ပေမဲ့ လျှပ်​စစ်​မီး မရှိလို့​ဖ​ယောင်းတိုင်​အားကိုးနဲ့ မဆုတ်​မနစ်​ကြိုးစားခဲ့သူကသမီးငယ်​။ တစ်​ခါတစ်​ရံ အိမ်​နီးချင်းရဲ့ လျပ်​စစ်​မီး​အောက်​အားပါးတရ သမီးစာကျက်​​နေတာကြည့်​ပြီး အခါခါငိုခဲ့ရတဲ့ အ​မေ(ဘဝက ခါးပါတယ်​ဆရာရယ်​ တစ်​ခါတ​လေ​တောင်​မျက်​နှာသာမ​ပေးခဲ့ဘူးတဲ့)

ထူးချွန်​​သော်​လည်း မတတ်​နိုင်​ရှာသူ​လေး 😢 5

“ကျ​မတို့အ​ကြောင်း​ပြောရရင်​ မကုန်​နိုင်​ပါဘူးဆရာရယ်​သမီး​လေး​တွေပညာတတ်​ဖို့ ကျမတို့ရွာက ​ငွေစု​ငွေ​ချေးအသင်း​တွေ ​မေးကြည့်​ပါဆရာ ကျမမယူတဲ့ အဖွဲ့မရှိပါဘူး၎ကျပ်​တိုး၊ငါးကျပ်​တိုး၊ ၇ကျပ်​တိုး ဘယ်​လိုတိုးတိုး ကုလားဖန်​ထိုး ယူရတာ ပူစရာမျက်​နှာကိုမရှိ​တော့ပါဘူး

ဆရာရယ်​ အဓိကက သမီး​လေးသူတက်​ချင်​တာ တက်​ရပြီး ထူးချွန်​ရင်​​ကျေနပ်​ပါတယ်​ဆရာရယ်​။ ဘယ်​လိုဖြစ်​ဖြစ်​ သူ​လျှောက်​ချင်​တဲ့လမ်း​လျှောက်​ရရင်​ပြီးတာပါပဲ”ဆိုတဲ့အ​မေ

အဲဒီလိုအခက်​အခဲအကြပ်​အတည်းကြားက သမီး​လေးငါးဘာသာပါ​တော့ ဝမ်းသာတာ​ပေါ့ဆရာရယ်​။အကြာကြီး မသာလိုက်​ရဘူးဆရာ လို့အ​မေဖြစ်​သူကဆက်​​ပြောပါတယ်​။

ဒါ့​ကြောင့်​ သမီး​လေး​​ဆေးတက္ကသိုလ်​ဆက်​တက်​ဖို့ အခက်​အခဲဖြစ်​​နေတဲ့အတွက်​ ဆရာတို့ဗိမာန်​ရှင်​အသင်းကြီးကိုအကူညီ​တောင်းရတာပါ။

သမီး​လေး ​ကျောင်းဆက်​တက်​နိုင်​ဖို့ အလှူရှင်​များ၊​ဖောင်​​ဒေရှင်းများမှ အကူညီ​ပေးနိုင်​ပါရန်​​လေးစားစွာတင်​ပြအပ်​ပါသည်​။

အထက်​ပါအချက်​အလက်​များ မှ လိမ်​လည်​ တင်​ပြထားသည့်​အချက်​များ၊ ချွတ်​​ချော်​သည့်​အချက်​များပါရှိခဲ့ရင်​ကျ​နော့်​အား တရားဥပ​ဒေအရအ​ရေးယူနိုင်​ပါသည်​။

ဦးဝင်းမြိုင်​သန်းဗိမာန်​ရှင်​ အ​ဝေး​ရောက်​အမှု​ဆောင်​(ပဲခူးမြို့)09798508710၈/ပဖန (နိုင်​)၀၇၇၅၄၇​ကျောင်း​တော်​ရာ၊ပွင့်​ဖြူမြို့နယ်​၊မ​ကွေးတိုင်း​ဒေသကြီး​လေးစားပါတယ်

သမီးအတွက်​ TTH group ကတစ်​လတစ်​သိန်းTeresa Ohn မှ တစ်​လ ငါး​သောင်းကျပ်​စုစု​ပေါင်း တစ်​လကို၁၅၀၀၀၀ရရှိပြီဖြစ်​ပါပြီသမီး​လေး​ဆေး​ကျောင်းတက်​ဖို့အဆင်​​ပြေပါပြီခင်​ဗျ။