အရက္ဆိုင္တြင္အရက္ေသာက္ရင္းစကားမ်ားရန္ျဖစ္ရာမွလူေလးဦးဓါးထိုးခံရမွုျဖစ္ပြား

အမာ ဇြန္ ၇

ဧရာဝတီတိုင္းေဒသႀကီးအမာၿမိဳ့ေနာက္မီးေက်းရြာတြင္ ဇြန္ ၆ ရက္ ည(၈)နာရီခြဲအခ်ိန္အရက္ဆိုင္တြင္အရက္ေသာက္ေနရင္း စကားမ်ားရန္ျဖစ္၍ဓါးထိုးမွုျဖစ္ပြားေၾကာင္းသိရသည္။

ျဖစ္စဥ္မွာေနာက္မီးေက်းရြာအမွတ္(၇)ရပ္ကြက္သီတာဦးအရက္ဆိုင္တြင္ဦးေအာင္မင္းစိန္(၄၅) ႏွစ္ ဦးမင္းတင္မို(၅၂)ႏွစ္ ၊ ဦးေက်ာ္ေက်ာ္(၃၂)ႏွစ္ ၊ ဦးေဇာ္မိုး(၄၄)ႏွစ္ တို့ေလးဦးမွတစ္ဝိုင္း၊တင္ေဇာ္မ်ိဳး(၃၄)ႏွစ္ ၊ကိုဦး(၅၄)ႏွစ္ တို့ႏွစ္ဦးမွတစ္ဝိုင္းအရက္ေသာက္ေနစဥ္ ဦးမင္းတင္မိုးႏွင့္ တင္ေဇာ္မ်ိဳးတို့ႏွစ္ဦးစကားမ်ားခဲ့ေၾကာင္း ၊ လမ္းမေပၚ ထြက္ၿပီးရန္ျဖစ္လုံးေထြးေနရာ ကိုဦးကအသင့္ပါလာေသာ ပိုက္ဖာဓါးျဖင့္ မင္းတင္မိုး၏ယာဘက္ေဘးလက္ျပင္ ေအာက္ထိုးသြင္းဒဏ္ရာတစ္ခ်က္(မစိုးရိမ္ရ)ေက်ာ္ေက်ာ္ယာဘက္

ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္(မစိုးရိမ္ရ)ေဇာ္မိုးဝဲဘက္ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)ေအာင္မင္းစိန္ယာဘက္ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)တို့ရရွိခဲ့ေၾကာင္း ဦးေအာင္မင္းစိန္၏တူေတာ္စပ္သူကိုေဇာ္ေဇာ္ဦးမွသတင္းၾကားၿပီးအခင္းျဖစ္ေနရာသြားေရာက္ကာလူနာမ်ားေဆး႐ုံသို့ပို့နိုင္ရန္ ေဆာင္ရြက္ျခင္း၊ဒဏ္ရာနည္းေသာမင္းတင္မိုးအားအခင္းျဖစ္အေၾကာင္းအရာမ်ားေမးျမန္းမွတ္သားကာအမာနယ္ေျမရဲစခန္းသို့လာေရာက္အမွု့ဖြင့္ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

အမာနယ္ေျမရဲစခန္းက ကိုဦးအားဖမ္းဆီးစစ္ေဆး၍ ဆက္လက္ေဆာင္ရြက္ခဲ့ၿပီးဒဏ္ရာရေနေသာသူေလးဦးအားဖ်ာပုံ ျပည္သူ႔ေဆး႐ုံသို့ပို့ေဆာင္ၿပီးေဆးကုသမွုခံယူေနေၾကာင္း သိရသည္။ ဝင္းျမင့္ေအာင္(ျပန္/ဆက္)

 

Unicode Version ျဖင့္ဖတ္ရန္

 

အမာ ဇွန် ရ

ဧရာဝတီတိုင်းဒေသကြီးအမာမြို့နောက်မီးကျေးရွာတွင် ဇွန် ၆ ရက် ည(၈)နာရီခွဲအချိန်အရက်ဆိုင်တွင်အရက်သောက်နေရင်း စကားများရန်ဖြစ်၍ဓါးထိုးမှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာနောက်မီးကျေးရွာအမှတ်(၇)ရပ်ကွက်သီတာဦးအရက်ဆိုင်တွင်ဦးအောင်မင်းစိန်(၄၅) နှစ် ဦးမင်းတင်မို(၅၂)နှစ် ၊ ဦးကျော်ကျော်(၃၂)နှစ် ၊ ဦးဇော်မိုး(၄၄)နှစ် တို့လေးဦးမှတစ်ဝိုင်း၊တင်ဇော်မျိုး(၃၄)နှစ် ၊ကိုဦး(၅၄)နှစ် တို့နှစ်ဦးမှတစ်ဝိုင်းအရက်သောက်နေစဉ် ဦးမင်းတင်မိုးနှင့် တင်ဇော်မျိုးတို့နှစ်ဦးစကားများခဲ့ကြောင်း ၊ လမ်းမပေါ် ထွက်ပြီးရန်ဖြစ်လုံးထွေးနေရာ ကိုဦးကအသင့်ပါလာသော ပိုက်ဖာဓါးဖြင့် မင်းတင်မိုး၏ယာဘက်ဘေးလက်ပြင် အောက်ထိုးသွင်းဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)ကျော်ကျော်ယာဘက်

ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)ဇော်မိုးဝဲဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)အောင်မင်းစိန်ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း ဦးအောင်မင်းစိန်၏တူတော်စပ်သူကိုဇော်ဇော်ဦးမှသတင်းကြားပြီးအခင်းဖြစ်နေရာသွားရောက်ကာလူနာများဆေးရုံသို့ပို့နိုင်ရန် ဆောင်ရွက်ခြင်း၊ဒဏ်ရာနည်းသောမင်းတင်မိုးအားအခင်းဖြစ်အကြောင်းအရာများမေးမြန်းမှတ်သားကာအမာနယ်မြေရဲစခန်းသို့လာရောက်အမှု့ဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အမာနယ်မြေရဲစခန်းက ကိုဦးအားဖမ်းဆီးစစ်ဆေး၍ ဆက်လက်ဆောင်ရွက်ခဲ့ပြီးဒဏ်ရာရနေသောသူလေးဦးအားဖျာပုံ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဝင်းမြင့်အောင်(ပြန်/ဆက်)