(၁၀)တန္းေျဖထားေသာ ညီငယ္ညီမငယ္တို႕ အတြက္ စိတ္ခြန္အားေပး စာေလးပါ

ဒီေန႕ည ဆုိ ရင္ ရင္ေတြခုန္ၾကရမွာ ဆုိေတာ့ ေျပာရအုံးမယ္ ။ ေအာဒီ ပဲ ထြက္ထြက္ ၊ ဒီပိန္(အမွတ္မေကာင္း)ပဲ ထြက္ထြက္ ၊ တစ္ခုမွ မပါတဲ့သူေရာ ပါတဲ့သူေရာ ရတာေလးနဲ႔ ေက်နပ္ၾကပါလုိ႔ ႀကဳိအႀကံေပးခ်င္ပါတယ္ ။

အမွတ္ေတြမေကာင္းလုိ႔ျဖစ္ျဖစ္ ၊ မွန္းထားတဲ့ ဒီေတြ မထြက္လုိ႔ျဖစ္ျဖစ္ ေရွ႕ဆက္ဖုိ႔ အစ ဆုိတာ မေမ့ပါနဲ ႔။

ေအာင္စာရင္း မပါ လုိ႔လည္း ဘ၀ဟာ ၿပီးဆုံးသြားတာမဟုတ္ပါဘူး ။ လက္ေလွ်ာ့ ေနာက္ဆုတ္ျခင္းကသာ ဘ၀တစ္ခု အဆုံးသတ္လုိက္တာပါ ။ ဘယ္ဘုန္းႀကီး အရင္ၾကြၾကြ ဆြမ္းစားမီဖုိ႔လုိပါတယ္ ။

လူတုိင္းဟာ ေအာင္ျမင္တဲ့ပုံစံမတူႏုိင္ပါဘူး ။ ကိုယ္ ၀ါသနာပါရာ၊ ကိုယ္ကၽြမ္းက်င္ရာ၊ ကုိယ္ယုံၾကည္ရာ မဆုတ္မနစ္ ဆက္ေလွ်ာက္ေနဖုိ႔က အေရးႀကီးပါတယ္။

က်န္းမားေရးဆရာ၀န္က မက်န္းမာရင္ စမ္းသပ္ကုသ တယ္။ သူစီးတဲ့ ကား၊ ကုိ အင္ဂ်င္နီယာက ထုတ္လုပ္ေပးတယ္။ ပ်က္ရင္ စက္ျပင္ဆရာက ျပင္ေပးရတယ္။ သူေနတ့ဲ အိမ္ကုိ ေဆာက္လုပ္ေရးအင္ဂ်င္နီယာက ေဆာက္ေပးရတယ္။ ဒီလုိပဲ ကုိင္းကၽြန္းမီွ၊ ကၽြန္းကုိင္းမီွ ဘယ္ပညာျဖစ္ျဖစ္၊ သူ႔ေနရာနဲ႔သူေတာ့ တန္ဘုိးရွိၾကတယ္။

ဘာမွ မရွိတဲ့ ခြက္ အလြတ္ေလးဟာ ဘာမွ မရွိလုိ႔ တန္ဘုိးရွိတယ္ တဲ့။

ကိုယ္နဲ႔ အဆင္ေျပတဲ့ဘ၀ေတြမွာ ေက်နပ္ေနဖုိ႔ပဲလုိတယ္။ ကုိယ္ႀကဳိးစားသေလာက္၊ ကံဥာဏ္ရွိသေလာက္ ထုိက္တန္တဲ့ဘ၀ေတြမွာ ေပ်ာ္ေနႏုိင္ဖုိ႔နဲ႔ လူသားတစ္ေယာက္ပီသစြာ အသက္ေမြးႏုိင္ဖုိ႔က အေရးႀကီးပါတယ္။

Success is Doing what you Love.

Success is Loving what you Do.

ေအာင္ျမင္မႈဆုိတာ ကုိယ္၀ါသနာပါတာကုိ လုပ္ေနဖုိ႔လုိသလုိ၊ ကုိယ္လုပ္ေနတာကုိလည္း ေက်နပ္သေဘာက်ေနဖုိ႔လုိတယ္။

ဆယ္တန္းေျဖဆုိထားေသာ သားငယ္သမိးငယ္မ်ား….

ေက်နပ္ႏုိင္တဲ့ ရလာဒ္ေကာင္းေတြျဖစ္ႏုိင္ၾကပါေစ။

ေမတၱာျဖင့္ Soe Naing

 

Unicode Version ျဖင့္ဖတ္ရန္

 

ဒီနေ့ည ဆို ရင် ရင်တွေခုန်ကြရမှာ ဆိုတော့ ပြောရအုံးမယ် ။ အောဒီ ပဲ ထွက်ထွက် ၊ ဒီပိန်(အမှတ်မကောင်း)ပဲ ထွက်ထွက် ၊ တစ်ခုမှ မပါတဲ့သူရော ပါတဲ့သူရော ရတာလေးနဲ့ ကျေနပ်ကြပါလို့ ကြိုအကြံပေးချင်ပါတယ် ။

အမှတ်တွေမကောင်းလို့ဖြစ်ဖြစ် ၊ မှန်းထားတဲ့ ဒီတွေ မထွက်လို့ဖြစ်ဖြစ် ရှေ့ဆက်ဖို့ အစ ဆိုတာ မမေ့ပါနဲ ့။

အောင်စာရင်း မပါ လို့လည်း ဘဝဟာ ပြီးဆုံးသွားတာမဟုတ်ပါဘူး ။ လက်လျှော့ နောက်ဆုတ်ခြင်းကသာ ဘဝတစ်ခု အဆုံးသတ်လိုက်တာပါ ။ ဘယ်ဘုန်းကြီး အရင်ကြွကြွ ဆွမ်းစားမီဖို့လိုပါတယ် ။

လူတိုင်းဟာ အောင်မြင်တဲ့ပုံစံမတူနိုင်ပါဘူး ။ ကိုယ် ၀ါသနာပါရာ၊ ကိုယ်ကျွမ်းကျင်ရာ၊ ကိုယ်ယုံကြည်ရာ မဆုတ်မနစ် ဆက်လျှောက်နေဖို့က အရေးကြီးပါတယ်။

ကျန်းမားရေးဆရာဝန်က မကျန်းမာရင် စမ်းသပ်ကုသ တယ်။ သူစီးတဲ့ ကား၊ ကို အင်ဂျင်နီယာက ထုတ်လုပ်ပေးတယ်။ ပျက်ရင် စက်ပြင်ဆရာက ပြင်ပေးရတယ်။ သူနေတဲ့ အိမ်ကို ဆောက်လုပ်ရေးအင်ဂျင်နီယာက ဆောက်ပေးရတယ်။ ဒီလိုပဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဘယ်ပညာဖြစ်ဖြစ်၊ သူ့နေရာနဲ့သူတော့ တန်ဘိုးရှိကြတယ်။

ဘာမှ မရှိတဲ့ ခွက် အလွတ်လေးဟာ ဘာမှ မရှိလို့ တန်ဘိုးရှိတယ် တဲ့။

ကိုယ်နဲ့ အဆင်ပြေတဲ့ဘဝတွေမှာ ကျေနပ်နေဖို့ပဲလိုတယ်။ ကိုယ်ကြိုးစားသလောက်၊ ကံဉာဏ်ရှိသလောက် ထိုက်တန်တဲ့ဘဝတွေမှာ ပျော်နေနိုင်ဖို့နဲ့ လူသားတစ်ယောက်ပီသစွာ အသက်မွေးနိုင်ဖို့က အရေးကြီးပါတယ်။

Success is Doing what you Love.

Success is Loving what you Do.

အောင်မြင်မှုဆိုတာ ကိုယ်ဝါသနာပါတာကို လုပ်နေဖို့လိုသလို၊ ကိုယ်လုပ်နေတာကိုလည်း ကျေနပ်သဘောကျနေဖို့လိုတယ်။

ဆယ်တန်းဖြေဆိုထားသော သားငယ်သမိးငယ်များ….

ကျေနပ်နိုင်တဲ့ ရလာဒ်ကောင်းတွေဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့် Soe Naing

Be the first to comment

Leave a Reply

Your email address will not be published.


*