Huawei ဖုန္းမ်ားတြင္ Pre-Install လုပ္မွု ့ကို Facebook ရပ္ဆိုင္း

Huawei ဖုန္းမ်ားတြင္ Pre-Install လုပ္မွု ့ကို Facebook ရပ္ဆိုင္း

WhatsApp ႏွင့္ Instagram ထည့္သြင္းမႈကိုလည္း ပိတ္ပင္

Huawei ဖုန္းမ်ား၌ Facebook App ကုိ Pre-Install ျပဳလုပ္ မႈအားFacebookကပိတ္ပင္လိုက္ျခင္းႏွင့္အတူ တရုတ္နည္း ပညာကုမၸဏီၾကီး၏ အေျခအေနမွာ ဆိုးသည့္အေျခအေနမွ ပိုမိုဆိုးရြားသည့္အေနအထားသို ့ေရာက္ရွိသြားေၾကာင္း မီဒီယာမ်ားက ေဖာ္ျပသည္။

Huawei ဖုန္းမ်ားတြင္ Pre-Install လုပ္မွု ့ကို Facebook ရပ္ဆိုင္း 1

အေမရိကန္ကုန္သြယ္ေရးဌာနက Huawei ကို အမည္ပ်က္ စာရင္း(Black List)သြင္းခဲ့ျပီးေနာက္ Facebookမွာ Huawei ႏွင့္လက္တြဲျဖဳတ္သည့္ ေနာက္ဆံုး အေမရိကန္ကုမၸဏီျဖစ္ လာသည္။

Huawei ဖုန္းမ်ား၌ ၄င္းတို ့၏ App ကုိ Pre-Install ျပဳလုပ္မႈ ့ပိတ္ပင္လိုက္ျခင္းအား Facebookက အတည္ျပဳခဲ့သလို ၄င္း တို ့ပိုင္ဆိုင္ထားသည့္ WhatsApp ႏွင့္ Instagram ထည့္ သြင္းမႈကိုလည္း တိုးခ်ဲ႕ ပိတ္ပင္လိုက္သည္ဟု ဆိုသည္။

Huawei ဖုန္းမ်ားတြင္ Pre-Install လုပ္မွု ့ကို Facebook ရပ္ဆိုင္း 2

သို ့ေသာ္ Huawei ဖုန္းကိုင္ေဆာင္ေနသူမ်ားအေနျဖင္Google ၏ Play Store မွ တစ္ဆင့္ Facebook, WhatsApp ႏွင့္ Instagram App တို႔ကို Install ျပဳလုပ္ႏိုင္မည္ျဖစ္သလို Update ျပဳလုပ္၍ရမည္ဟု ဆိုသည္။

Google က Huawei ကို Android လိုင္စင္ ႐ုပ္သိမ္းလိုက္ ခဲ့ေသာ္လည္း ရက္ ၉၀ကင္းလြတ္ခြင့္ေပးထားသည့္အတြက္ Huawei ဖုန္းမ်ားျဖင့္ Google Play Store ကုိ ရက္ ၉၀ မျပည့္မခ်င္း ၾသဂုတ္လအတြင္းထိ အသုံးျပဳခြင့္ရေနမည္ျဖစ္ ေၾကာင္းသိရသည္။

Huawei ဖုန္းမ်ားတြင္ Pre-Install လုပ္မွု ့ကို Facebook ရပ္ဆိုင္း 3

Huawei ကို အေမရိကန္အစိုးရက Black List သြင္းခဲ့ရာ အေမရိကန္ကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ အစိတ္အပိုင္းမ်ားကို အေမရိကန္အစိုးရ၏ ေထာက္ခံခ်က္မပါဘဲ ဝယ္ယူႏိုင္ ေတာ့မည္မဟုတ္ေပ။ The Ladies News

 

Unicode Version ျဖင့္ဖတ္ရန္

 

Huawei ဖုန်းများတွင် Pre-Install လုပ်မှု ့ကို Facebook ရပ်ဆိုင်း

WhatsApp နှင့် Instagram ထည့်သွင်းမှုကိုလည်း ပိတ်ပင်

Huawei ဖုန်းများ၌ Facebook App ကို Pre-Install ပြုလုပ် မှုအားFacebookကပိတ်ပင်လိုက်ခြင်းနှင့်အတူ တရုတ်နည်း ပညာကုမ္ပဏီကြီး၏ အခြေအနေမှာ ဆိုးသည့်အခြေအနေမှ ပိုမိုဆိုးရွားသည့်အနေအထားသို ့ရောက်ရှိသွားကြောင်း မီဒီယာများက ဖော်ပြသည်။

အမေရိကန်ကုန်သွယ်ရေးဌာနက Huawei ကို အမည်ပျက် စာရင်း(Black List)သွင်းခဲ့ပြီးနောက် Facebookမှာ Huawei နှင့်လက်တွဲဖြုတ်သည့် နောက်ဆုံး အမေရိကန်ကုမ္ပဏီဖြစ် လာသည်။

Huawei ဖုန်းများ၌ ၄င်းတို ့၏ App ကို Pre-Install ပြုလုပ်မှု ့ပိတ်ပင်လိုက်ခြင်းအား Facebookက အတည်ပြုခဲ့သလို ၄င်း တို ့ပိုင်ဆိုင်ထားသည့် WhatsApp နှင့် Instagram ထည့် သွင်းမှုကိုလည်း တိုးချဲ့ ပိတ်ပင်လိုက်သည်ဟု ဆိုသည်။

သို ့သော် Huawei ဖုန်းကိုင်ဆောင်နေသူများအနေဖြင်Google ၏ Play Store မှ တစ်ဆင့် Facebook, WhatsApp နှင့် Instagram App တို့ကို Install ပြုလုပ်နိုင်မည်ဖြစ်သလို Update ပြုလုပ်၍ရမည်ဟု ဆိုသည်။

Google က Huawei ကို Android လိုင်စင် ရုပ်သိမ်းလိုက် ခဲ့သော်လည်း ရက် ၉၀ကင်းလွတ်ခွင့်ပေးထားသည့်အတွက် Huawei ဖုန်းများဖြင့် Google Play Store ကို ရက် ၉၀
မပြည့်မချင်း သြဂုတ်လအတွင်းထိ အသုံးပြုခွင့်ရနေမည်ဖြစ် ကြောင်းသိရသည်။

Huawei ကို အမေရိကန်အစိုးရက Black List သွင်းခဲ့ရာ အမေရိကန်ကုမ္ပဏီများမှ ထုတ်လုပ်သည့် အစိတ်အပိုင်းများကို အမေရိကန်အစိုးရ၏ ထောက်ခံချက်မပါဘဲ ဝယ်ယူနိုင် တော့မည်မဟုတ်ပေ။ The Ladies News