ဆဲဆိုၿခိမ္းေျခာက္ရိုက္ႏွက္၍ ပစၥည္းမ်ားကိုဓားျဖင့္ခုတ္ဖ်က္စီးသူ တ႐ုတ္နိုင္ငံသား ၁ ဦးအား အေရးယူထား

ဆဲဆိုၿခိမ္းေျခာက္ရိုက္ႏွက္၍ ပစၥည္းမ်ားကိုဓားျဖင့္ခုတ္ဖ်က္စီးသူ တ႐ုတ္နိုင္ငံသား ၁ ဦးအား အေရးယူထား

ေနျပည္ေတာ္၊ ဇြန္ ၆

ယမန္ေန႔ ညေန ၅ နာရီ ၅၀ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ မဲခုံေက်းရြာ ကြင္းအမွတ္(၆၂၅-က) ေဆာက္လုပ္ေရးလုပ္ငန္းခြင္၌ ဦးျမင့္ေအာင္(၃၉)ႏွစ္ (Global Shining Star Co,.Ltd တာဝန္ခံ) သည္ အသင့္ေဖ်ာ္စပ္ၿပီး ကြန္ကရစ္မ်ားအား လွိုင္သာယာၿမိဳ႕နယ္၊ Sun Shine Milestone Construction Services Co,.Ltd မွ မွာယူခဲ့ရာ အဆိုပါကုမၸဏီမွ တာဝန္ခံ တ႐ုတ္နိုင္ငံသား ခ်င္မိေဝ(စိစစ္ဆဲ)က လာေရာက္ပို႔ေဆာင္ခဲ့ေၾကာင္း၊ ကြန္ကရစ္မ်ားမွာ ႀကိဳတင္ မွာယူထားသည့္ ပမာဏအတိုင္း အျပည့္အဝေပးပို႔ျခင္းမရွိသျဖင့္ Global Shining Star Co,.Ltd မွ အင္ဂ်င္နီယာျဖစ္သူ တ႐ုတ္နိုင္ငံသား ေခ်ာင္ရင္စြန္း(၂၇)ႏွစ္မွ အမွန္တကယ္ေပးပို႔ လာသည့္ ပမာဏအတိုင္းသာ ေငြေပးေခ်မည္ျဖစ္ေၾကာင္း Sun Shine Milestone Construction Services Co,.Ltd မွ တာဝန္ရွိသူမ်ားအား ေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

ထို႔ေနာက္ ဇြန္လ ၂ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ Global Shining Star Co,.Ltd ႐ုံးခန္း၌ ေခ်ာင္ရင္စြန္းႏွင့္ Sun Shine Milestone Construction Services Co,.Ltd မွ အေရာင္းမန္ေနဂ်ာ တ႐ုတ္နိုင္ငံသား ရိဝမ္ဂ်င္း(စိစစ္ဆဲ)ပါ (၂) ဦးတို႔ ေဆြးေႏြးေနစဥ္ ခ်င္မိေဝမွာ အရက္ေသစာ ေသာက္စားမူးယစ္ကာ ေရာက္ရွိလာၿပီး ေခ်ာင္ရင္စြန္း အား ဆဲဆိုၿခိမ္းေျခာက္၍ ဝမ္းဗိုက္အား ေျခေထာက္ျဖင့္ကန္ျခင္း၊ ႐ုံးခန္းအတြင္းရွိ ကြန္ပ်ဴတာႏွင့္ဆက္စပ္ပစၥည္းမ်ားအား ဓားျဖင့္ ခုတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ ခ်င္မိေဝ အား ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္း (ပ)၉၂၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၅၀၆/၃၂၃/၄၂၇ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

ဆဲဆိုခြိမ်းခြောက်ရိုက်နှက်၍ ပစ္စည်းများကိုဓားဖြင့်ခုတ်ဖျက်စီးသူ တရုတ်နိုင်ငံသား ၁ ဦးအား အရေးယူထား

နေပြည်တော်၊ ဇွန် ၆

ယမန်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုံကျေးရွာ ကွင်းအမှတ်(၆၂၅-က) ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဦးမြင့်အောင်(၃၉)နှစ် (Global Shining Star Co,.Ltd တာဝန်ခံ) သည် အသင့်ဖျော်စပ်ပြီး ကွန်ကရစ်များအား လှိုင်သာယာမြို့နယ်၊ Sun Shine Milestone Construction Services Co,.Ltd မှ မှာယူခဲ့ရာ အဆိုပါကုမ္ပဏီမှ တာဝန်ခံ တရုတ်နိုင်ငံသား ချင်မိဝေ(စိစစ်ဆဲ)က လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ကွန်ကရစ်များမှာ ကြိုတင် မှာယူထားသည့် ပမာဏအတိုင်း အပြည့်အဝပေးပို့ခြင်းမရှိသဖြင့် Global Shining Star Co,.Ltd မှ အင်ဂျင်နီယာဖြစ်သူ တရုတ်နိုင်ငံသား ချောင်ရင်စွန်း(၂၇)နှစ်မှ အမှန်တကယ်ပေးပို့ လာသည့် ပမာဏအတိုင်းသာ ငွေပေးချေမည်ဖြစ်ကြောင်း Sun Shine Milestone Construction Services Co,.Ltd မှ တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်းသိရှိရသည်။

ထို့နောက် ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် Global Shining Star Co,.Ltd ရုံးခန်း၌ ချောင်ရင်စွန်းနှင့် Sun Shine Milestone Construction Services Co,.Ltd မှ အရောင်းမန်နေဂျာ တရုတ်နိုင်ငံသား ရိဝမ်ဂျင်း(စိစစ်ဆဲ)ပါ (၂) ဦးတို့ ဆွေးနွေးနေစဉ် ချင်မိဝေမှာ အရက်သေစာ သောက်စားမူးယစ်ကာ ရောက်ရှိလာပြီး ချောင်ရင်စွန်း အား ဆဲဆိုခြိမ်းခြောက်၍ ဝမ်းဗိုက်အား ခြေထောက်ဖြင့်ကန်ခြင်း၊ ရုံးခန်းအတွင်းရှိ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများအား ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ချင်မိဝေ အား ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း (ပ)၉၂၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၃၂၃/၄၂၇ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။