ဦးဝီရသူ ရှိနိုင်သောနေရာများကို လိုက်လံရှာဖွေနေသည်ဟု ဦးဇော်ဌေး ပြောကြား


ယနေ့ ဇွန်လ ၇ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ ရှိနိုင်သောနေရာများကို လိုက်လံရှာဖွေနေသည်ဟု ဦးဇော်ဌေး ပြောကြား 1



ပြီးခဲ့သည့် မေလ ၅ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ အမြန် ပြင်ဆင်ပေးရေးဟောပြောပွဲတွင် ဦးဝီရသူ၏ ဟော ပြောချက်များနှင့် ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ပုဒ်မ၁၂၄ (က) ဖြင့်တရားရုံးသို့ ဦးတိုက်လျှေက်ထားခဲ့ခြင်းကို တရားရုံးကလက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။

ဦးဝီရသူ ရှိနိုင်သောနေရာများကို လိုက်လံရှာဖွေနေသည်ဟု ဦးဇော်ဌေး ပြောကြား 2

တိမ်းရှောင်နေသောဦးဝီရသူသည် ဇွန်လ ၆ရက်နေ့က ရုရှားလူမှုကွန်ယက် VK တွင် “NLD အစိုးရ ဒီမိုကရေစီကိုချီတက် ရာကနေ မျက်စိလည် လမ်းမှားပြီး အာဏာရှင်ဆီပြန်ရောက် သွား” ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင်တစ်ခုကိုတင်ကာ အစိုးရနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုတို့အား ဝေဖန်ပြောကြားမှုများပြုလုပ်ထားသည်။

ထို့ အတူ ယနေ့ (ဇွန် ၇ )ည ၇ နာရီကလည်း VKမှတစ်ဆင့်  “မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးတရားတော်” ကို ဦးဝီရသူက ထုတ်လွှင့်ဟောကြားနေသည်ကို တွေ့ ရသည်။

ဦးဝီရသူ ရှိနိုင်သောနေရာများကို လိုက်လံရှာဖွေနေသည်ဟု ဦးဇော်ဌေး ပြောကြား 3


 

Unicode Version ဖြင့်ဖတ်ရန်

 

ပုဒ်မ၁၂၄ (က)ဖြင့်အမှုဖွင့်ကာ ဝရမ်းထုတ်ထားခြင်းခံထားရသော ဦးဝီရသူကို ဖမ်းဆီးနိုင်ရေးအတွက် ၎င်း ရှိနိုင်သည့် နေရာများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယနေ့ ဇွန်လ ရရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ သွားလာနိုင်သည့် သွားလာတတ်သည့်နေရာများကို စောင့်ကြည့်ကာ ရှာဖွေစုံစမ်းလျက်ရှိသည်ဟု ဆိုသည်။

” မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းပါ,ပါတယ်။ ကျွန်တော်တို့မေးပါတယ်။ အခုနောက်ဆုံးအခြေအနေဘယ်လိုရှိလည်း ဘယ်လိုတွေလုပ်နေလည်း။ ရဲတပ်ဖွဲ့ဝင်တွေကသတင်းကြားတဲ့နေရာတွေပေါ့။ အသေးစိတ်တော့ သူတို့ပြည်သူလူထုကို ထုတ်ပြောလို့မရဘူး။ ဘယ်နေရာမှာရှိနိုင်တယ်။ ဘယ်နေရာမှာ သတင်းပေါ်တယ်ဆိုရင် ဒါမျိုးဆိုရင် လိုက်လံရှာဖွေတာရှိတယ်။ နောက် ဘယ်နေရာတွေတော့ သူ လာတတ် တယ်ပေါ့နော်။ ရဲရဲ့လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၅ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ အမြန် ပြင်ဆင်ပေးရေးဟောပြောပွွဲတွင် ဦးဝီရသူ၏ ဟော ပြောချက်များနှင့် ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူ းက ပုဒ်မ၁၂၄ (က) ဖြင့်တရားရုံးသို့ ဦးတိုက်လျှေက်ထားခဲ့ခြင်းကို တရားရုံးကလက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။

တိမ်းရှောင်နေသောဦးဝီရသူသည် ဇွန်လ ၆ရက်နေ့က ရုရှားလူမှုကွန်ယက် VK တွင် “NLD အစိုးရ ဒီမိုကရေစီကိုချီတက် ရာကနေ မျက်စိလည် လမ်းမှားပြီး အာဏာရှင်ဆီပြန်ရောက် သွား” ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင်တစ်ခုကိုတင်ကာ အစိုးရနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုတို့အား ေဝေဖန်ပြောကြားမှုများပြုလုပ်ထားသည်။

ထို ့အတူ ယနေ ့(ဇွန် ရ )ည ရ နာရီကလည်း VKမှတစ်ဆင့်  “မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးတရားတော်” ကို ဦးဝီရသူက ထုတ်လွှင့်ဟောကြားနေသည်ကို တွေ ့ရသည်။

ဦးဝီရသူအား ဗဟိုအစိုးရ၏ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ ဦးဝီရသူကိုမူ ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ အောင်ရဲနောင်/The Ladies News