မစိမ့္ထက္ေသဆံုးမႈ ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ႏွစ္ေယာက္ကို ဖမ္းလိုက္ျပီ

မစိမ့္ထက္ ေသဆံုးမႈ ေခါင္းေဆာင္ ႏွစ္ဦး ကို ပူတာအို အက်ဥ္းေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထား ၊ သက္ေသမ်ားကို ပူတာအိုရဲစခန္းကစစ္ေဆးေန

ေရခဲေတာင္ေပၚမွ မစိမ့္ထက္ျပဳတ္က်ေသဆံုးမႈေၾကာင့္ လူေသမႈပုဒ္မျဖင့္ အမႈဖြင့္ခံထားရေသာ The Summiter ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ႏွစ္ဦးအမႈမွ သက္ေသ ၂၁ ဦးကို ပူတာအိုၿမိဳ႕မ ရဲစခန္းက စစ္ေဆး ေနေၾကာင္း စခန္းမွဴး ဒုရဲမွဴး ခင္ေဇာ္ဦးထံမွသိရသည္။

မစိမ့္ထက္ေသဆံုးမႈ ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ႏွစ္ေယာက္ကို ဖမ္းလိုက္ျပီ 1

မစိမ့္ထက္၏ ဖခင္ျဖစ္သူ ဦးေမာင္ေမာင္ေလးမွ တရားလုိျပဳ တုိင္ၾကားခ်က္အရ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄ – က ျဖင့္ အမႈဖြင့္ခံထားရသည့္ ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ကုိေဇာ္ဇင္ခုိင္ႏွင့္ ဒုတိယေခါင္းေဆာင္ ကုိေအာင္ခုိင္ျမင့္တုိ႔ကို ခ်ဳပ္ရမန္ယူ၍ ပူတာအိုေထာင္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားၿပီး ေတာင္တက္ခရီးစဥ္တြင္ အတူလိုက္ပါခဲ့ၾကသူမ်ားကို စစ္ေဆးေနျခင္းျဖစ္ေၾကာင္းသိရသည္။

ဧၿပီလ ၁၂ ရက္ေန႔ မနက္ပုိင္းခန္႔က ပူတာအုိၿမိဳ႕နယ္၊ ဖန္ကရန္ေရခဲေတာင္တက္ခရီး အျပန္လမ္းတြင္ မစိမ့္ထက္ ေသဆံုးခဲ့မႈသည္ အမွန္တကယ္ျပဳတ္က် ေသဆံုးခဲ့ျခင္းဟုတ္/မဟုတ္သိရွိႏိုင္ရန္အတြက္လည္း ပူတာ အုိၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၉) ဖြင့္လွစ္ကာ ေတာင္တက္အဖြဲ႔သားမ်ားႏွင့္ ေဒသခံအ ထမ္းသမားမ်ားကို စစ္ေဆးခဲ့ေၾကာင္းသိရသည္။

မစိမ့္ထက္ေသဆံုးမႈ ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ႏွစ္ေယာက္ကို ဖမ္းလိုက္ျပီ 2

မစိမ့္ထက္ျပဳတ္က်ၿပီး တစ္လေက်ာ္အၾကာတြင္္ ေဒသခံ ကုိလန္၀မ္အထိန္ ဦးေဆာင္သည့္ ေဒသခံ ရွစ္ ဦးအဖြဲ႔မွ လိုက္လံရွာေဖြခဲ့ရာ ေမလ ၂၄ ရက္ေန႔တြင္ ျပန္လည္ေတြ႔ရွိ၍ ပူတာအိုသို႔သယ္ေဆာင္ခဲ့သည္။

မစိမ့္ထက္ေသဆံုးမႈ ေတာင္တက္အဖြဲ႔ေခါင္းေဆာင္ ႏွစ္ေယာက္ကို ဖမ္းလိုက္ျပီ 3

ေမလ ၂၇/၂၈ ရက္ေန႔တို႔တြင္ ပူတာအိုျပည္သူ႔ေဆးရုံ၌ ျမစ္ၾကီးနားမႈခင္းဆရာ၀န္ ေဒါက္တာ မေဂၚလ မွ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ပူတာအိုတြင္ မီးသၿဂၤိဳဟ္ခဲ့သည္။ Myintkyina News Journal

 

Unicode Version ျဖင့္ဖတ္ရန္

 

မစိမ့်ထက် သေဆုံးမှု ခေါင်းဆောင် နှစ်ဦး ကို ပူတာအို အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထား ၊ သက်သေများကို ပူတာအိုရဲစခန်းကစစ်ဆေးနေ

ရေခဲတောင်ပေါ်မှ မစိမ့်ထက်ပြုတ်ကျသေဆုံးမှုကြောင့် လူသေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသော The Summiter တောင်တက်အဖွဲ့ခေါင်းဆောင် နှစ်ဦးအမှုမှ သက်သေ ၂၁ ဦးကို ပူတာအိုမြို့မ ရဲစခန်းက စစ်ဆေး နေကြောင်း စခန်းမှူး ဒုရဲမှူး ခင်ဇော်ဦးထံမှသိရသည်။

မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးမှ တရားလိုပြု တိုင်ကြားချက်အရ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ – က ဖြင့် အမှုဖွင့်ခံထားရသည့် တောင်တက်အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ဒုတိယခေါင်းဆောင် ကိုအောင်ခိုင်မြင့်တို့ကို ချုပ်ရမန်ယူ၍ ပူတာအိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တောင်တက်ခရီးစဉ်တွင် အတူလိုက်ပါခဲ့ကြသူများကို စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းခန့်က ပူတာအိုမြို့နယ်၊ ဖန်ကရန်ရေခဲတောင်တက်ခရီး အပြန်လမ်းတွင် မစိမ့်ထက် သေဆုံးခဲ့မှုသည် အမှန်တကယ်ပြုတ်ကျ သေဆုံးခဲ့ခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန်အတွက်လည်း ပူတာ အိုမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၉) ဖွင့်လှစ်ကာ တောင်တက်အဖွဲ့သားများနှင့် ဒေသခံအ ထမ်းသမားများကို စစ်ဆေးခဲ့ကြောင်းသိရသည်။

မစိမ့်ထက်ပြုတ်ကျပြီး တစ်လကျော်အကြာတွင်် ဒေသခံ ကိုလန်ဝမ်အထိန် ဦးဆောင်သည့် ဒေသခံ ရှစ် ဦးအဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ မေလ ၂၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိ၍ ပူတာအိုသို့သယ်ဆောင်ခဲ့သည်။

မေလ ၂၇/၂၈ ရက်နေ့တို့တွင် ပူတာအိုပြည်သူ့ဆေးရုံ၌ မြစ်ကြီးနားမှုခင်းဆရာဝန် ဒေါက်တာ မဂေါ်လ မှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပူတာအိုတွင် မီးသင်္ဂြိုဟ်ခဲ့သည်။ Myintkyina News Journal