ဧရာဝတီတိုင္း၌ တလေက်ာ္ အတြင္း မိုးႀကိဳးပစ္ခံရၿပီ ၁၅ ဦး ေသဆုံး

ဧရာဝတီတိုင္း ေဒသႀကီးတြင္ မိုးဦးက် ကာလ ျဖစ္သည့္ ေမလမွ ဇြန္လဆန္းပိုင္း အထိ တလေက်ာ္ အတြင္း မိုးႀကိဳး ပစ္ခံရ သည့္ အတြက္ ၁၅ ဦး ေသဆုံးကာ ၆ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္း ရရွိသည္။

ဧရာဝတီတိုင္း ေဒသႀကီး ေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန္းစိုးက“ေမလအတြင္းနဲ႕ ဇြန္ လေတြမွာ မိုးႀကိဳးပစ္တာေတြ မ်ားတယ္။ ဧရာဝတီတိုင္းထဲမွာေတာ့ ဟသၤာတ ခရိုင္ထဲမွာ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံး တာ အမ်ားဆုံးပဲ။ ေမလအတြင္းကလည္း ဇလြန္ၿမိဳ႕က ကေလး ၃ ေယာက္ ကစားေနတုန္း မိုးႀကိဳးပစ္ခံရလို႔ ၃ ဦး စလုံး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္”ဟု ဧရာဝတီကို ေျပာသည္။

ဧရာဝတီတိုင္း ေဒသႀကီ ေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနမွ ျပဳစုထားသည့္ စာရင္းမ်ားတြင္ ၿပီးခဲ့သည့္ ေမလ ၃ ရက္မွ ဇြန္လ ၆ ရက္ အတြင္း ဟသၤာတ ခရိုင္တြင္ ၅ ဦး၊ ဖ်ာပုံခရိုင္တြင္ ၄ ဦး၊ မအူပင္ခရိုင္တြင္ ၂ ဦး၊ ေျမာင္းျမ ခရိုင္ တြင္ ၂ ဦး၊ ပုသိမ္ခရိုင္ႏွင့္ လပြတၱာ ခရိုင္တို႔တြင္ ၁ ဦးစီ ေသဆုံးခဲ့ေၾကာင္း၊ မိုးႀကိဳးပစ္ျခင္းေၾကာင့္ ထိခိုက္ ေသဆုံးသူ အမ်ားစုမွာ လယ္ကြင္းျပင္တြင္ သြားလာ အလုပ္လုပ္ၾကသည့္ လယ္ယာလုပ္သားမ်ားႏွင့္ ေရလုပ္သား အမ်ားစု ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ဧရာဝတီတိုင္း၌ တလေက်ာ္ အတြင္း မိုးႀကိဳးပစ္ခံရၿပီ ၁၅ ဦး ေသဆုံး 1

ထို႔ျပင္ ယမန္ေန႕ ညေန ၃ ခန႔္တြင္လည္း ဧရာဝတီတိုင္း ေဒသႀကီး ဓႏုျဖဴၿမိဳ႕နယ္ ဇီးျဖဴကုန္းေက်း႐ြာ အုပ္စု ေတာ္ႀကီး ေက်း႐ြာ မွ ဦးသန႔္ေဇာ္မွာ လယ္ကြင္းအတြင္း လယ္ကန္သင္းမ်ား ျပင္ဆင္ေနခ်ိန္ မိုးႀကိဳးပစ္ခံရသျဖင့္ ပြဲခ်င္းၿပီး ေသဆုံးခဲ့မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုးႀကိဳးပစ္ျခင္းမွာ ႀကီးမားသည့္ မိုးတိမ္ေတာင္ႀကီးမ်ားေၾကာင့္ ျဖစ္ၿပီး မ်ားေသာအားျဖင့္ မြန္းလြဲႏွင့္ ညေနပိုင္း အခ်ိန္ မ်ား တြင္ မိုးႀကိဳးပစ္ေလ့ရွိေၾကာင္း၊ မိုးႀကိဳးမပစ္မီ ေရွ႕ေျပး လကၡဏာ အျဖစ္ လွ်ပ္စီးလက္ျခင္း၊ မိုးခ်ိန္းျခင္း၊ ေလျပင္း တိုက္ျခင္းမ်ား ျဖစ္ေလ့ရွိၿပီး အဆိုပါ ျဖစ္စဥ္မ်ားၿပီးသည့္ေနာက္ မိုး႐ြာသြန္း၍ မိုးႀကိဳးပစ္ေလ့ ရွိေၾကာင္း၊ မိုးေလဝသ ပညာရွင္ ေဒါက္တာ ထြန္းလြင္က ေျပာသည္။

ေဒါက္တာ ထြန္းလြင္က“သတိထားဖို႔ရာက မြန္းလြဲနဲ႕ ညေနပိုင္းေတြမွာ ကိုယ္အလုပ္လုပ္တဲ့ ပတ္ဝန္းက်င္မွာ မိုးၿခိမ္း သံ ၾကားရင္ မိုးႀကိဳးပစ္မယ့္ မိုးတိမ္ေတာင္က ကိုယ္နဲ႕ အနီးနားမွာ ရွိေနတဲ့သေဘာပဲ။ သိပၸံသေဘာ အရဆို ကိုယ့္ ပတ္ဝန္း က်င္ ၄ မိုင္ အတြင္း ရွိတယ္။ အဲဒါဆို အႏၲရာယ္ ရွိေနၿပီ။ အႏၲရာယ္ကို ကာကြယ္တဲ့အေနနဲ႕ ဘယ္ေတာ့မွ ထီးထီးႀကီး မေနနဲ႕။ လယ္ကြင္းထဲမွာ တေယာက္တည္း မတ္တတ္ရပ္ေနတာမ်ိဳးက အလြန္ အႏၲရာယ္ႀကီးတယ္။ မိုးႀကိဳး လြတ္ေအာင္ ဆိုၿပီး သစ္ပင္ေအာက္လည္း သြားမခိုနဲ႕။ မလြတ္နိုင္ဘူး။ မိုးၿခိမ္းသံၾကားရင္ အနီနားက တဲတို႔ အိမ္တို႔မွာ ခဏနားေနလိုက္တာ အႏၲရာယ္ ပိုကင္းတယ္”ဟု ေျပာသည္။

ဧရာဝတီတိုင္း၌ တလေက်ာ္ အတြင္း မိုးႀကိဳးပစ္ခံရၿပီ ၁၅ ဦး ေသဆုံး 2

ျမန္မာနိုင္ငံတြင္ အေနာက္ေတာင္ မုတ္သုံေလ မဝင္ေရာက္မီ မိုးႀကိဳကာလတြင္ ျဖစ္ေပၚေလ့ ရွိသည့္ မိုးတိမ္ေတာင္ မ်ား ေၾကာင့္ မိုးႀကိဳးပစ္ျခင္းမ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိၿပီး တႏွစ္လွ်င္ မိုးႀကိဳးပစ္ျခင္းေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံး ေနေၾကာင္း ေဒါက္တာ ထြန္းလြင္ ဦးေဆာင္သည့္ ျမန္မာနိုင္ငံ ရာသီဥတု ေျပာင္းလဲမႈ ေစာင့္ၾကည့္ေရး အဖြဲ႕ (MCCW) ၏ စာရင္းမ်ား အရ သိရသည္။

မိုးႀကိဳးပစ္ခံရ၍ ထိခိုက္ ေသဆုံး ဒဏ္ရာရရွိသူမ်ား ရွိခဲ့ပါက သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားမွ တဆင့္ ေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနသို႔ တင္ျပလာပါက ဌာန အေနျဖင့္ ေသဆုံးသူ တဦးလွ်င္ ၃ သိန္းက်ပ္၊ ထိခိုက္ ဒဏ္ရာရရွိသူကို ၅ ေသာင္းက်ပ္ ကူညီ ေထာက္ပံ့ေပးေနေၾကာင္း ဧရာဝတီတိုင္း ေဒသႀကီး ေဘးအႏၲရာယ္ ဆိုင္ရာ စီမံ ခန႔္ခြဲမႈ ဦးစီးဌာနက ဆိုသည္။ The Irrawaddy

 

Unicode Version ျဖင့္ဖတ္ရန္

 

ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးဦးကျ ကာလ ဖြစ်သည့် မေလမှ ဇွန်လဆန်းပိုင်း အထိ တလကျော် အတွင်း မိုးကြိုး ပစ်ခံရ သည့် အတွက် ၁၅ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက“မေလအတွင်းနဲ့ ဇွန် လတွေမှာ မိုးကြိုးပစ်တာတွေ များတယ်။ ဧရာဝတီတိုင်းထဲမှာတော့ ဟင်္သာတ ခရိုင်ထဲမှာ မိုးကြိုးပစ်ခံရပြီး သေဆုံး တာ အများဆုံးပဲ။ မေလအတွင်းကလည်း ဇလွန်မြို့က ကလေး ၃ ယောက် ကစားနေတုန်း မိုးကြိုးပစ်ခံရလို့ ၃ ဦး စလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများတွင် ပြီးခဲ့သည့် မေလ ၃ ရက်မှ ဇွန်လ ၆ ရက် အတွင်း ဟင်္သာတ ခရိုင်တွင် ၅ ဦး၊ ဖျာပုံခရိုင်တွင် ၄ ဦး၊ မအူပင်ခရိုင်တွင် ၂ ဦး၊ မြောင်းမြ ခရိုင် တွင် ၂ ဦး၊ ပုသိမ်ခရိုင်နှင့် လပွတ္တာ ခရိုင်တို့တွင် ၁ ဦးစီ သေဆုံးခဲ့ကြောင်း၊ မိုးကြိုးပစ်ခြင်းကြောင့် ထိခိုက် သေဆုံးသူ အများစုမှာ လယ်ကွင်းပြင်တွင် သွားလာ အလုပ်လုပ်ကြသည့် လယ်ယာလုပ်သားများနှင့် ရေလုပ်သား အများစု ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယမန်နေ့ ညနေ ၃ ခန့်တွင်လည်း ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာ အုပ်စု တော်ကြီး ကျေးရွာ မှ ဦးသန့်ဇော်မှာ လယ်ကွင်းအတွင်း လယ်ကန်သင်းများ ပြင်ဆင်နေချိန် မိုးကြိုးပစ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကြိုးပစ်ခြင်းမှာ ကြီးမားသည့် မိုးတိမ်တောင်ကြီးများကြောင့် ဖြစ်ပြီး များသောအားဖြင့် မွန်းလွဲနှင့် ညနေပိုင်း အချိန် များ တွင် မိုးကြိုးပစ်လေ့ရှိကြောင်း၊ မိုးကြိုးမပစ်မီ ရှေ့ပြေး လက္ခဏာ အဖြစ် လျှပ်စီးလက်ခြင်း၊ မိုးချိန်းခြင်း၊ လေပြင်း တိုက်ခြင်းများ ဖြစ်လေ့ရှိပြီး အဆိုပါ ဖြစ်စဉ်များပြီးသည့်နောက် မိုးရွာသွန်း၍ မိုးကြိုးပစ်လေ့ ရှိကြောင်း၊ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဒေါက်တာ ထွန်းလွင်က“သတိထားဖို့ရာက မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ ကိုယ်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ မိုးခြိမ်း သံ ကြားရင် မိုးကြိုးပစ်မယ့် မိုးတိမ်တောင်က ကိုယ်နဲ့ အနီးနားမှာ ရှိနေတဲ့သဘောပဲ။ သိပ္ပံသဘော အရဆို ကိုယ့် ပတ်ဝန်း ကျင် ၄ မိုင် အတွင်း ရှိတယ်။ အဲဒါဆို အန္တရာယ် ရှိနေပြီ။ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ဘယ်တော့မှ ထီးထီးကြီး မနေနဲ့။ လယ်ကွင်းထဲမှာ တယောက်တည်း မတ်တတ်ရပ်နေတာမျိုးက အလွန် အန္တရာယ်ကြီးတယ်။ မိုးကြိုး လွတ်အောင် ဆိုပြီး သစ်ပင်အောက်လည်း သွားမခိုနဲ့။ မလွတ်နိုင်ဘူး။ မိုးခြိမ်းသံကြားရင် အနီနားက တဲတို့ အိမ်တို့မှာ ခဏနားနေလိုက်တာ အန္တရာယ် ပိုကင်းတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီ မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ ရှိသည့် မိုးတိမ်တောင် များ ကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံး နေကြောင်း ဒေါက်တာ ထွန်းလွင် ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်ရေး အဖွဲ့ (MCCW) ၏ စာရင်းများ အရ သိရသည်။

မိုးကြိုးပစ်ခံရ၍ ထိခိုက် သေဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တဆင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသို့ တင်ပြလာပါက ဌာန အနေဖြင့် သေဆုံးသူ တဦးလျှင် ၃ သိန်းကျပ်၊ ထိခိုက် ဒဏ်ရာရရှိသူကို ၅ သောင်းကျပ် ကူညီ ထောက်ပံ့ပေးနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနက ဆိုသည်။ The Irrawaddy