ရုပ္ရွင္ဆန္ဆန္ ဆိိုင္ကယ္စီးလူငယ္မ်ားမွ ဓားႏွင့္လိုက္ခုတ္

လားရႈိး ဇြန္ ၇

ယေန႔ ေန႔လည္က လားရႈိးၿမိဳ႕ႏွင့္ ၇ မိုင္ခန္႔ေဝးသည့္ မယ္ဟန္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဓာတ္ပုံပါ ဆိုင္ကယ္စီးလာသည့္ လူငယ္အဖြဲ႕မွ အျခားဆိုင္ကယ္စီးလာသူမ်ားအား ဓားႏွင့္လိုက္လံခုတ္ခ့ဲေၾကာင္းသတင္းရရွိသည္။ ဓားခုတ္ခံရသူလူငယ္အခ်ဳိ႕ရွိေၾကာင္းလဲသိရသည္။

ရုပ္ရွင္ဆန္ဆန္ ဆိိုင္ကယ္စီးလူငယ္မ်ားမွ ဓားႏွင့္လိုက္ခုတ္ 1

”ေတာ္ေတာ္ဆိုးတဲ့ ေကာင္ေတြဗ်ာ ေန႔ခင္းေၾကာင္ေတာင္ႀကီး မယ္ဟန္ လမ္းမေပၚ ဒီေလးေယာက္က ဆိုင္ကယ္ တစ္စီးမွာ ဓားတစ္လက္စီနဲ႔ ေကာင္ေလး သံုးေယာက္ စီးေနတဲ့ဆိုင္ကယ္ကို ဓါးနဲ႔လိုက္ခုတ္ေနၾကတာ အေနာက္ဆံုးတစ္ေယာက္ကို ႏွစ္ခ်က္ေလာက္ထိတာေတာ့ေတြ႕တယ္ မယ္ဟန္မွာပါ လားရွိုးၿမိဳ႕ေရွာင္လမ္းထိပ္ေရာက္ေတာ့ ဒီေကာင္ေတြက ဆက္မလိုက္ေတာ့ပဲ က်န္ခဲ့တာ ဟိုသံုးေယာက္က လြတ္သြားတယ္ ေတာ္ေသးတာေပါ့ ကၽြန္ေတာ္လည္း ကားေမာင္းေနေတာ့ ရသေလာက္ေလး ရိုက္ေပးထားတာ တစ္ခုခုျဖစ္ရင္ရွာလို႔ရေအာင္လို႔” ဟု ဓားႏွင့္လိုက္ခုတ္သည့္လူငယ္မ်ားအား ေတြ႕ျမင္ခ့ဲရသူတစ္ဦးထံမွသိရသည္။

ရုပ္ရွင္ဆန္ဆန္ ဆိိုင္ကယ္စီးလူငယ္မ်ားမွ ဓားႏွင့္လိုက္ခုတ္ 2

ရုပ္ရွင္ဆန္ဆန္ ဆိိုင္ကယ္စီးလူငယ္မ်ားမွ ဓားႏွင့္လိုက္ခုတ္ 3

လားရႈိးၿမိဳ႕ေပၚႏွင့္ အနီးဝန္းက်င္တြင္ အေၾကာင္းမ့ဲ ဓားႏွင့္လိုက္ခုတ္သူမ်ား တစ္ဦးခ်င္းေသာ္၎ အုပ္စုဖြဲ႕၍ေသာ္၎ မၾကာခဏ ေပၚလာတတ္ၾကျပီး ရဲတပ္ဖြဲ႕အေနျဖင့္ ထိုသူမ်ားကို ဖမ္းဆီးရမိျခင္းမရွိေၾကာင္းသိရသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

လားရှိုး ဇွန် ရ

ယနေ့ နေ့လည်က လားရှိုးမြို့နှင့် ရ မိုင်ခန့်ဝေးသည့် မယ်ဟန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဓာတ်ပုံပါ ဆိုင်ကယ်စီးလာသည့် လူငယ်အဖွဲ့မှ အခြားဆိုင်ကယ်စီးလာသူများအား ဓားနှင့်လိုက်လံခုတ်ခဲ့ကြောင်းသတင်းရရှိသည်။ ဓားခုတ်ခံရသူလူငယ်အချို့ရှိကြောင်းလဲသိရသည်။

”တော်တော်ဆိုးတဲ့ ကောင်တွေဗျာ နေ့ခင်းကြောင်တောင်ကြီး မယ်ဟန် လမ်းမပေါ် ဒီလေးယောက်က ဆိုင်ကယ် တစ်စီးမှာ ဓားတစ်လက်စီနဲ့ ကောင်လေး သုံးယောက် စီးနေတဲ့ဆိုင်ကယ်ကို ဓါးနဲ့လိုက်ခုတ်နေကြတာ အနောက်ဆုံးတစ်ယောက်ကို နှစ်ချက်လောက်ထိတာတော့တွေ့တယ် မယ်ဟန်မှာပါ လားရှိုးမြို့ရှောင်လမ်းထိပ်ရောက်တော့ ဒီကောင်တွေက ဆက်မလိုက်တော့ပဲ ကျန်ခဲ့တာ ဟိုသုံးယောက်က လွတ်သွားတယ် တော်သေးတာပေါ့ ကျွန်တော်လည်း ကားမောင်းနေတော့ ရသလောက်လေး ရိုက်ပေးထားတာ တစ်ခုခုဖြစ်ရင်ရှာလို့ရအောင်လို့” ဟု ဓားနှင့်လိုက်ခုတ်သည့်လူငယ်များအား တွေ့မြင်ခဲ့ရသူတစ်ဦးထံမှသိရသည်။

လားရှိုးမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် အကြောင်းမဲ့ ဓားနှင့်လိုက်ခုတ်သူများ တစ်ဦးချင်းသော်၎င်း အုပ်စုဖွဲ့၍သော်၎င်း မကြာခဏ ပေါ်လာတတ်ကြပြီး ရဲတပ်ဖွဲ့အနေဖြင့် ထိုသူများကို ဖမ်းဆီးရမိခြင်းမရှိကြောင်းသိရသည်။