အိမ္စာမၿပီးလို႔ မိခင္က ရိုက္ႏွက္ရာမွ အသက္ ၉ ႏွစ္အရြယ္ကေလး ေသဆုံး

အိမ္စာမၿပီးလို႔ မိခင္က ရိုက္ႏွက္ရာမွ အသက္ ၉ ႏွစ္အရြယ္ကေလး ေသဆုံး

အသက္ ၉ ႏွစ္အရြယ္ သားျဖစ္သူကို ေက်ာင္းကေပးလိုက္တဲ့ အိမ္စာေတြမၿပီးေသးတာအပါအဝင္ အျခားကိစၥမ်ားေရာေထြးကာ ေဒါသအေလၽွာက္ ရိုက္ႏွက္ႏွိပ္စက္ခဲ့တာေၾကာင့္ ကေလးေသဆုံးသြားခဲ့သည့္အတြက္ မိခင္ျဖစ္သူအား ေထာင္ဒဏ္ ၁၀ ႏွစ္က်ခံရန္ လတ္တေလာတြင္ တရား႐ုံးမွ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလတြင္းက တ႐ုတ္နိုင္ငံ ဂ်ီးက်န္းစီရင္စုမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ကေလးငယ္ဟာ ေက်ာင္းမွာ ေဆာ့ကစားရင္း လက္ကိုင္ဖုန္း ေပ်ာက္သြားခဲ့ေၾကာင္း မိခင္ကို ရိုးရိုးသားသား ဝန္ခံခဲ့ေပမယ့္ မိခင္က မယုံၾကည္ပဲ လိမ္ေျပာသည္ဟု စြပ္စြဲကာ အိမ္အျပန္လမ္းမွာတင္ ပါးနားရိုက္ခဲ့ပါတယ္။

အိမ္ေရာက္တဲ့အခါ ေက်ာင္းစာေတြစစ္ၿပီး အိမ္စာမၿပီးေသးေၾကာင္း ထပ္မံေတြရသျဖင့္ ေဒါသပိုျဖစ္လာၿပီး သစ္သားတုတ္နဲ႔ တစ္ညေနလုံး စိတ္တိုရင္တိုလာသလို ရိုက္ႏွက္ခဲ့ပါတယ္။ ဒီလိုရိုက္႐ုံနဲ႔ အားမရေသးပဲ သားျဖစ္သူရဲ့ လက္ဖ်ား ေျခဖ်ားေတြကို မလွုပ္နိုင္ေအာင္ တိပ္နဲ႔စည္းေႏွာင္ၿပီး လက္ခ်ဳပ္အပ္နဲ႔ အႀကိမ္ႀကိမ္ထိုးခဲ့ပါတယ္။

အိမ္စာမၿပီးလို႔ မိခင္က ရိုက္ႏွက္ရာမွ အသက္ ၉ ႏွစ္အရြယ္ကေလး ေသဆုံး 1

ကေလးကို အရြယ္နဲ႔မလိုက္ေအာင္ ေဒါသအေလၽွာက္ ႏွိပ္စက္ၿပီး ေရနည္းနည္းပဲ တိုက္ကာ သူ႔ရဲ့အိပ္ခန္းထဲကို ျပန္ထည့္ထားလိုက္ပါတယ္။ ကေလးက ႏွိပ္စက္ရိုက္ႏွိပ္ခံထားရၿပီး လူေရာစိတ္ပါနာက်င္လၽွက္ သူ႔အေမကို “အေမ့ကို မျမင္ခ်င္ဘူး မျမင္ခ်င္းဘူး” လို႔ ေအာ္ဟစ္ၿပီး အခန္းထဲမွာ က်န္ခဲ့ပါတယ္။ မိခင္ျဖစ္သူလည္း ႏွိပ္စက္လို႔ အားရသြားၿပီး သူ႔အခန္းထဲသူဝင္ကာ ညအိပ္စက္ခဲ့ပါတယ္။

ေနာက္တစ္ေန႔နံနက္ သူ႔သားရဲ့အခန္းထဲကို သြားၾကည့္တဲ့အခါ ၾကမ္းျပင္ေပၚမွာ မလွုပ္မရွုပ္ လဲက်ေနတဲ့ ကေလးကို ေတြ႕ရေတာ့မွာ စိုးရိမ္ထိတ္လန႔္သြားၿပီး သတိျပန္လည္လာေအာင္ ႀကိဳးစားေပမယ့္ ကေလးက ေသဆုံးေနခဲ့ၿပီျဖစ္ပါတယ္။

အဆိုပါအမွုအတြက္ မိခင္ျဖစ္သူကို ဖမ္းဆီးၿပီး အမွုရင္ဆိုင္ေနခဲ့ရာမွ သားျဖစ္သူကို နာက်င္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ရိုက္ႏွက္ႏွိပ္စက္ခဲ့ေၾကာင္း ျပစ္မွုထင္ရွားသျဖင့္ ေထာင္ဒဏ္ ၁၀ ႏွစ္က်ခံေစရန္ အခုရက္ပိုင္းကပဲ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရွိရသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

အိမ်စာမပြီးလို့ မိခင်က ရိုက်နှက်ရာမှ အသက် ၉ နှစ်အရွယ်ကလေး သေဆုံး

အသက် ၉ နှစ်အရွယ် သားဖြစ်သူကို ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေမပြီးသေးတာအပါအဝင် အခြားကိစ္စများရောထွေးကာ ဒေါသအလျှောက် ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် ကလေးသေဆုံးသွားခဲ့သည့်အတွက် မိခင်ဖြစ်သူအား ထောင်ဒဏ် ၁၀ နှစ်ကျခံရန် လတ်တလောတွင် တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင်းက တရုတ်နိုင်ငံ ဂျီးကျန်းစီရင်စုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ဟာ ကျောင်းမှာ ဆော့ကစားရင်း လက်ကိုင်ဖုန်း ပျောက်သွားခဲ့ကြောင်း မိခင်ကို ရိုးရိုးသားသား ဝန်ခံခဲ့ပေမယ့် မိခင်က မယုံကြည်ပဲ လိမ်ပြောသည်ဟု စွပ်စွဲကာ အိမ်အပြန်လမ်းမှာတင် ပါးနားရိုက်ခဲ့ပါတယ်။

အိမ်ရောက်တဲ့အခါ ကျောင်းစာတွေစစ်ပြီး အိမ်စာမပြီးသေးကြောင်း ထပ်မံတွေရသဖြင့် ဒေါသပိုဖြစ်လာပြီး သစ်သားတုတ်နဲ့ တစ်ညနေလုံး စိတ်တိုရင်တိုလာသလို ရိုက်နှက်ခဲ့ပါတယ်။ ဒီလိုရိုက်ရုံနဲ့ အားမရသေးပဲ သားဖြစ်သူရဲ့ လက်ဖျား ခြေဖျားတွေကို မလှုပ်နိုင်အောင် တိပ်နဲ့စည်းနှောင်ပြီး လက်ချုပ်အပ်နဲ့ အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။

ကလေးကို အရွယ်နဲ့မလိုက်အောင် ဒေါသအလျှောက် နှိပ်စက်ပြီး ရေနည်းနည်းပဲ တိုက်ကာ သူ့ရဲ့အိပ်ခန်းထဲကို ပြန်ထည့်ထားလိုက်ပါတယ်။ ကလေးက နှိပ်စက်ရိုက်နှိပ်ခံထားရပြီး လူရောစိတ်ပါနာကျင်လျှက် သူ့အမေကို “အမေ့ကို မမြင်ချင်ဘူး မမြင်ချင်းဘူး” လို့ အော်ဟစ်ပြီး အခန်းထဲမှာ ကျန်ခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း နှိပ်စက်လို့ အားရသွားပြီး သူ့အခန်းထဲသူဝင်ကာ ညအိပ်စက်ခဲ့ပါတယ်။

အိမ္စာမၿပီးလို႔ မိခင္က ရိုက္ႏွက္ရာမွ အသက္ ၉ ႏွစ္အရြယ္ကေလး ေသဆုံး 1

နောက်တစ်နေ့နံနက် သူ့သားရဲ့အခန်းထဲကို သွားကြည့်တဲ့အခါ ကြမ်းပြင်ပေါ်မှာ မလှုပ်မရှုပ် လဲကျနေတဲ့ ကလေးကို တွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်သွားပြီး သတိပြန်လည်လာအောင် ကြိုးစားပေမယ့် ကလေးက သေဆုံးနေခဲ့ပြီဖြစ်ပါတယ်။

အဆိုပါအမှုအတွက် မိခင်ဖြစ်သူကို ဖမ်းဆီးပြီး အမှုရင်ဆိုင်နေခဲ့ရာမှ သားဖြစ်သူကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အခုရက်ပိုင်းကပဲ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*