ၿမိတ္လကၻရည္ဆိုင္ အုပ္စုဖြဲ႕ ဓားခုတ္မႈ CCTV မွတ္တမ္းဗြီဒီယိုဖိုင္

လက္ဖက္ရည္ဆိုင္တြင္း အုပ္စုဖြဲ႕ ဝင္ေရာက္ဓါးခုတ္မႈ CCTV မွတ္တမ္းကေနတစ္ဆင့္ ျပစ္မႈက်ဳးလြန္သူေတြကိုဖမ္းဆီးရမိ

၀၇..၀၆..၂၀၁၉

ၿမိတ္တြင္ လက္ဖက္ရည္ဆိုင္တြင္းဝင္ေရာက္ၿပီး အုပ္စုဖြဲ႕ဓါးခုတ္မႈက်ဴးလြန္သူေတြကို ရဲတပ္ဖြဲ႕က ၄၈ နာရီအတြင္း ဖမ္းဆီးရမိခဲ့ပါတယ္။

ၿမိတ္လကၻရည္ဆိုင္ အုပ္စုဖြဲ႕ ဓားခုတ္မႈ CCTV မွတ္တမ္းဗြီဒီယိုဖိုင္ 1

ၿမိတ္ၿမိဳ႕၊ သာေကတရပ္၊ သဲကြင္း ၂ လမ္းရွိ ဧဒင္လက္ဖက္ရည္ဆိုင္တြင္း ဇြန္လ ၄ ရက္ေန႔၊ ည ၈ နာရီခန္႔က အုပ္စုဖြဲ႕ဓါးခုတ္မႈျဖစ္ပြားတာေၾကာင့္ လူ ၄ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တာပါ။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မ်က္ျမင္သက္ေသေတြနဲ႔ CCTV မွတ္တမ္းေတြကေနတစ္ဆင့္ ျပစ္မႈက်ဴးလြန္သူေတြကို အခုလိုဖမ္းဆီးရမိခဲ့တာလည္းျဖစ္ပါတယ္။

ၿမိတ္လကၻရည္ဆိုင္ အုပ္စုဖြဲ႕ ဓားခုတ္မႈ CCTV မွတ္တမ္းဗြီဒီယိုဖိုင္ 2

လတ္တေလာမွာ ျပစ္မႈက်ဴးလြန္သူ ၇ ဦးကိုဖမ္းဆီးထားၿပီး က်န္ရွိေနသူေတြကို ဆက္လက္စံုစမ္းမႈေတြျပဳလုပ္ေနပါတယ္။

” ဓါးခုတ္မႈမွာပါဝင္တဲ့ တရားခံတခ်ိဳ႕ကို ဇြန္လ ၆ ရက္ေန႔မွာ ျပစ္မႈက်ဴးလြန္တဲ့အခ်ိန္က အသံုးျပဳတဲ့ သက္ေသခံပစၥည္းေတြနဲ႔အတူ ၆ ေယာက္မိတယ္။ ၇ ရက္ေန႔႔မွာ ၁ ေယာက္ထပ္မိတယ္။ ေလာေလာဆယ္ ၇ ေယာက္မိထားတယ္ ။ ဒီေန႔ ရမာန္ယူၿပီးရင္ စစ္ေဆးပါမယ္။ က်န္တဲ့တရားခံေတြကိုဖမ္းဆီးမိဖို႔အတြက္ စံုစမ္းစစ္ေဆးေနပါတယ္””လို႔ ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးက ေျပာပါတယ္။

အခုဖမ္းဆီးရမိသူေတြဟာ ေရပုန္းနယ္ေျမတြင္းမွ အုပ္ပိုင္စိုး(ခ)ေနာင္ပိုး (၁၈)နွစ္၊ ျပည့္ၿဖိဳးေဝ(ခ)ေဆးခါး (၁၈)နွစ္၊ ရဲမြန္ေထြး(ခ)ရဲရဲ (၁၈)နွစ္၊ ေဇာ္ပိုင္လင္း (၁၉)နွစ္၊ ေနျမတ္ဦး (၁၉)နွစ္၊ ေဇာ္ပိုင္ (၁၇)နွစ္ ၊ တို႔ကို ဖမ္းဆီးရမိၿပီး ဇြန္လ ၇ ရက္ေန႔မွာ ပုဂံႀကီး (အသက္၊ မိဘအမည္စံုစမ္းဆဲ)ကို ထပ္မံဖမ္းဆီးရမိခဲ့တာပါ။

ၿမိတ္လကၻရည္ဆိုင္ အုပ္စုဖြဲ႕ ဓားခုတ္မႈ CCTV မွတ္တမ္းဗြီဒီယိုဖိုင္ 3

ဓါးခုတ္မႈက်ဴးလြန္သူမ်ားကို ၿမိတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားပါတယ္။SouthernerTVNews STV (via) ျမတ္ထြဋ္ (ၿမိတ္)

Video ၾကည့္ရန္


Unicode Version ျဖင့္ဖတ္ရန္

 

လက်ဖက်ရည်ဆိုင်တွင်း အုပ်စုဖွဲ့ ဝင်ရောက်ဓါးခုတ်မှု CCTV မှတ်တမ်းကနေတစ်ဆင့် ပြစ်မှုကျုးလွန်သူတွေကိုဖမ်းဆီးရမိ

၀၇..၀၆..၂၀၁၉

မြိတ်တွင် လက်ဖက်ရည်ဆိုင်တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ဓါးခုတ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီခန့်က အုပ်စုဖွဲ့ဓါးခုတ်မှုဖြစ်ပွားတာကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် ပြစ်မှုကျူးလွန်သူတွေကို အခုလိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ရ ဦးကိုဖမ်းဆီးထားပြီး ကျန်ရှိနေသူတွေကို ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေပါတယ်။

” ဓါးခုတ်မှုမှာပါဝင်တဲ့ တရားခံတချို့ကို ဇွန်လ ၆ ရက်နေ့မှာ ပြစ်မှုကျူးလွန်တဲ့အချိန်က အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ၆ ယောက်မိတယ်။ ရ ရက်နေ့့မှာ ၁ ယောက်ထပ်မိတယ်။ လောလောဆယ် ရ ယောက်မိထားတယ် ။ ဒီနေ့ ရမာန်ယူပြီးရင် စစ်ဆေးပါမယ်။ ကျန်တဲ့တရားခံတွေကိုဖမ်းဆီးမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်””လို့ မြို့မရဲစခန်းမှ တာဝန်မှူးက ပြောပါတယ်။

အခုဖမ်းဆီးရမိသူတွေဟာ ရေပုန်းနယ်မြေတွင်းမှ အုပ်ပိုင်စိုး(ခ)နောင်ပိုး (၁၈)နှစ်၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး (၁၈)နှစ်၊ ရဲမွန်ထွေး(ခ)ရဲရဲ (၁၈)နှစ်၊ ဇော်ပိုင်လင်း (၁၉)နှစ်၊ နေမြတ်ဦး (၁၉)နှစ်၊ ဇော်ပိုင် (၁၇)နှစ် ၊ တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ရ ရက်နေ့မှာ ပုဂံကြီး (အသက်၊ မိဘအမည်စုံစမ်းဆဲ)ကို ထပ်မံဖမ်းဆီးရမိခဲ့တာပါ။

ဓါးခုတ်မှုကျူးလွန်သူများကို မြိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။SouthernerTVNews STV (via) မြတ်ထွဋ် (မြိတ်)

Be the first to comment

Leave a Reply

Your email address will not be published.


*