ဘုရားသားေတာ္ေတြကို မၿခိမ္းေျခာက္နဲ႔လို႔ ႐ုပ္သံမွာ ဦဝီရသူ သတိေပးၿပီ

သာသနာေရးဝန္ျကီး သူရဦးေအာင္ကိုကို ျပီးခဲ့တဲ့ ဇြန္ လ ၃ရက္ သာသနာေရး ဝန္ျကီးဌာနက ထုတ္ျပန္ခ်က္နဲ့ ပတ္သက္ျပီး ဦးဝီရသူက ရုရွား လူမႈကြန္ရက္ VK ကတဆင့္ သတိေပးလိုက္ပါတယ္။

မေလ်ာ္ျသဇာသံုးျပီး ဘုရားသားေတာ္ ရဟန္းေတြကို မျခိမ္းေျခာက္နဲ့လို့လည္း အဲဒီ ၁၀ မိနစ္ေက်ာ္ျကာတဲ့ အြန္လိုင္းရုပ္သံမွာ ဦးဝီရသူက သတိေပးလိုက္ပါတယ္။

ဘုရားသားေတာ္ေတြကို မၿခိမ္းေျခာက္နဲ႔လို႔ ႐ုပ္သံမွာ ဦဝီရသူ သတိေပးၿပီ 1

အထက္က ဖိအားေျကာင့္ မလြန္ဆန္နိုင္လို့ သာသနာေရးဝန္ျကီးသူရဦးေအာင္ကိုက အခုလို ထုတ္ျပန္ရတာ ဆိုရင္လည္း အလုပ္ကထြက္သင့္တယ္လို့လည္း ဦးဝီရသူက ေျပာပါတယ္။

သာသနာေရးနဲ့ ယဉ္ေက်းမႈဝန္ျကီးဌာနက ထုတ္ျပန္ခ်က္က ဦးဝီရသူဟာ ပုဒ္မ ၁၂၄ (က) နဲ့ ျငိစြန္းတယ္လို့ တရားရံုးက မဆံုးျဖတ္ခင္ ထုတ္ျပန္ေျပာဆိုတာဟာ တရားေရးကို တိုက္ရိုက္ စြက္ဖက္တာ ျဖစ္တယ္လို့ လည္း ဦဝီရသူက ေျပာသြားပါတယ္ ။

ျပီးခဲ့တဲ့ ဇြန္လ ၃ ရက္ ေနာက္ပိုင္း ဦးဝီရသူကို ဝရမ္းသစ္ ထပ္ထုတ္တာ ျဖစ္ျပီးေတာ့ ရဲတပ္ဖြဲ့ကလည္း ရွာေဖြေနပါတယ္။
ဦးဝီရသူ ကရင္ျပည္နယ္ဘက္မွာ ေရာက္ေနတယ္လို့ သူနဲ့ နီးစပ္တဲ့ သံဃာတခ်ို့က သတင္းမီဒီယာေတြကို ေျပာသလို ဓာတ္ပံုတခ်ို့လည္း လူမႈကြန္ရက္မွာ ေတြ့ရေပမဲ့ အဲဒါကို အတည္မျပုနိုင္ေသးပါဘူး။

နိုင္ငံေတာ္ အျကည္ညိုပ်က္ေစမႈပုဒ္မအျပင္ ရာဇဝတ္အေထြေထြမႈနဲ့ ဖမ္းဆီးဖို့ပါ အမႈဖြင့္ခံထားရတဲ့ ဆရာေတာ္ ဦးဝီရသူက ကိုယ့္ကိုယ္ကိုယ္ ဝရမ္းေျပးအျဖစ္ သတ္မွတ္မထားဘူးလို့ ရုရွား လူမႈကြန္ရက္ VK ကေနတဆင့္ ဇြန္လ ၅ ရက္ကေျပာခဲ့ပါတယ္။
ဦးဝီရသူက ゞင္းအေနနဲ့ ဆရာေတာ္ေတြက ဓမၼစက္နဲ့ ဆံုးမဖို့ ပင့္ဖိတ္တဲ့ရက္ကို ေရွြ့ဆိုင္းလိုက္လို့ ထပ္မံပင့္ဖိတ္မယ့္ အခ်ိန္ကို ေစာင့္ေနတာသာ ျဖစ္ျပီး အဖမ္းခံဖို့ အဝတ္အစား၊ ရိကၡာ၊ အသံုးအေဆာင္ေတြ ျပင္ဆင္ထားျပီး ျဖစ္တယ္လို့လည္း ဇြန္လ ၅ ရက္ကေျပာခဲ့ပါတယ္။

ဘုရားသားေတာ္ေတြကို မၿခိမ္းေျခာက္နဲ႔လို႔ ႐ုပ္သံမွာ ဦဝီရသူ သတိေပးၿပီ 2

အမ်ိုးသားေရးဆရာေတာ္ အျဖစ္ လူသိမ်ားတဲ့ ဦးဝီရသူဟာ နိုင္ငံေတာ္အျကည္ညိုပ်က္ေစမႈပုဒ္မနဲ့ အေနာက္ပိုင္းခရိုင္တရားရံုးမွာ အမႈဖြင့္ခံထားရျပီး လတ္တေလာမွာလည္း သူ့ကို ဘယ္ေနရာမွာျဖစ္ျဖစ္ ဖမ္းဆီးျပီး ရဲတပ္ဖြဲ့ကို အပ္နွံခြင့္ရွိတဲ့ ဖမ္းဝရမ္းသစ္ကို ျမန္မာနိုင္ငံရဲတပ္ဖြဲ့က ဇြန္လ ၄ ရက္ေန့က ထပ္မံ ထုတ္ျပန္ထားပါတယ္။

ဦးဝီရသူဟာ တနသၤ࿿ာရီတိုင္း ျမိတ္ျမို့နဲ့ ရန္ကုန္ ေက်ာက္တံတားျမို့နယ္ေတြမွာ ျပုလုပ္ခဲ့တဲ့ ၂၀ဝ၈ ဖြဲ့စည္းပံု အေျခခံဥပေဒ ေထာက္ခံပြဲေတြနဲ့ အမ်ိုးသားေရးလႈပ္ရွားမႈ လူထုေဟာေျပာပြဲေတြမွာ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိုလ္ ေဒၚေအာင္ဆန္းစုျကည္ကို ပုတ္ခတ္ ေဟာေျပာတာေတြ လုပ္ခဲ့တာ ေတြ့ရပါတယ္။

အဲဒီေဟာေျပာတာေတြနဲ့ ပတ္သက္လို့ ရဲတပ္ဖြဲ့က ေမလ ၂၈ ရက္ေန့မွာ နိုင္ငံေတာ္အျကည္ညိုပ်က္ေစမႈ ရာဇသတ္ျကီး ပုဒ္မ ၁၂၄ (က) နဲ့ အမႈဖြင့္ျပီး ဖမ္းဝရမ္း ထုတ္ထားခဲ့တာပါ။

ဘုရားသားေတာ္ေတြကို မၿခိမ္းေျခာက္နဲ႔လို႔ ႐ုပ္သံမွာ ဦဝီရသူ သတိေပးၿပီ 3

မဟန ဒုတိယ ဥကၠ႒ဌ ဆရာေတာ္ ဦးအဂၢဓမၼကေတာ့ “ဒီလို ေျပာေနေပမယ့္ ေပးရင္လည္း လာမွာမဟုတ္ပါဘူး၊ အေရးယူခံရမွာမို့ ေရွာင္ေနတာ၊ အခုလည္းရွိေနတာဟာ၊ ေခၚျပီးဆံုးမျသဝါဒေပးရင္လည္း ရမယ္ မထင္ ပါဘူး” လို့ ဘီဘီစီကို မိန့္ပါတယ္။

ရဲတပ္ဖြဲ့ကေတာ့ ဝရမ္းထုတ္ထားတဲ့အတိုင္း ၁၁ ရက္ေန့အထိ မဖမ္းဆီးနိုင္ဘူးဆိုရင္ တရားရံုးက လုပ္ထံုးလုပ္နည္းအရ ဆက္လက္ေဆာင္ရြက္သြားမယ္လို့ ျမန္မာနိုင္ငံရဲတပ္ဖြဲ့ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးျကီး မ်ိုးသူစိုးက ေျပာပါတယ္။

ဘုရားသားေတာ္ေတြကို မၿခိမ္းေျခာက္နဲ႔လို႔ ႐ုပ္သံမွာ ဦဝီရသူ သတိေပးၿပီ 4

“ကြ်န္ေတာ္တို့ကေတာ့ ဒီဝရမ္းကို အတည္ျပုနိုင္ဖို့အတြက္ ဆက္ျပီးလုပ္ေဆာင္သြား မွာပါ။ အြန္လိုင္းေပၚမွာ ဟိုနားမွာရွိတယ္၊ ဒီနားမွာရွိတယ္ဆိုျပီး ျကားေပမဲ့ ကြ်န္ေတာ္ တို့ လိုက္ျပီးအတည္ျပုပါတယ္။ ဒါေပမဲ့ အတည္ျပုလို့မရေသးပါဘူး။ ရန္ကုန္မွာ လည္းမေတြ့ဘူး၊ မနၱေလးမွာလည္း ရွာေနဆဲပါ” လို့ ရဲမႉးျကီး မ်ိုးသူစိုးက ေျပာထားပါတယ္။

ဦးဝီရသူ အခုလိုအြန္လိုင္းကေန ထုတ္ျပန္သတိေပးတာ ဟာ ဒီတျကိမ္ပါဆိုရင္ သံုးျကိမ္ေျမာက္ျဖစ္ျပီး အခ်ိန္အျကာဆံုးရိုက္ကူး ထုတ္လွြင့္တာလည္း ျဖစ္ပါတယ္။

NLD အစိုးရ အေနနဲ့ ဒီမိုကေရစီကို ခ်ီတက္ရာကေန မ်က္စိလည္လမ္းမွားျပီး စစ္အာဏာရွင္ဆီ ျပန္ေရာက္သြားေနတယ္လို့ ဦးဝီရသူက ေျပာခဲ့ျပီး အဆံုးသတ္မွာလည္း သာသနာေရးဝန္ျကီးကို အမ်ိုးသားေရး ဝါဒီဆရာေတာ္ ဦးဝီရသူက ျကပ္ျကပ္ သတိေပးလိုက္တယ္လို့ အဆံုးသတ္ထားပါတယ္။ BBC Burmese

Video ၾကည့္ရန္


Unicode Version ျဖင့္ဖတ္ရန္

 

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကို ပြီးခဲ့တဲ့ ဇွန် လ ၃ရက် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူက ရုရှား လူမှုကွန်ရက် VK ကတဆင့် သတိပေးလိုက်ပါတယ်။

မလျော်သြဇာသုံးပြီး ဘုရားသားတော် ရဟန်းတွေကို မခြိမ်းခြောက်နဲ့လို့လည်း အဲဒီ ၁၀ မိနစ်ကျော်ကြာတဲ့ အွန်လိုင်းရုပ်သံမှာ ဦးဝီရသူက သတိပေးလိုက်ပါတယ်။

အထက်က ဖိအားကြောင့် မလွန်ဆန်နိုင်လို့ သာသနာရေးဝန်ကြီးသူရဦးအောင်ကိုက အခုလို ထုတ်ပြန်ရတာ ဆိုရင်လည်း အလုပ်ကထွက်သင့်တယ်လို့လည်း ဦးဝီရသူက ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ချက်က ဦးဝီရသူဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းတယ်လို့ တရားရုံးက မဆုံးဖြတ်ခင် ထုတ်ပြန်ပြောဆိုတာဟာ တရားရေးကို တိုက်ရိုက် စွက်ဖက်တာ ဖြစ်တယ်လို့ လည်း ဦဝီရသူက ပြောသွားပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက် နောက်ပိုင်း ဦးဝီရသူကို ဝရမ်းသစ် ထပ်ထုတ်တာ ဖြစ်ပြီးတော့ ရဲတပ်ဖွဲ့ကလည်း ရှာဖွေနေပါတယ်။
ဦးဝီရသူ ကရင်ပြည်နယ်ဘက်မှာ ရောက်နေတယ်လို့ သူနဲ့ နီးစပ်တဲ့ သံဃာတချို့က သတင်းမီဒီယာတွေကို ပြောသလို ဓာတ်ပုံတချို့လည်း လူမှုကွန်ရက်မှာ တွေ့ရပေမဲ့ အဲဒါကို အတည်မပြုနိုင်သေးပါဘူး။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မအပြင် ရာဇဝတ်အထွေထွေမှုနဲ့ ဖမ်းဆီးဖို့ပါ အမှုဖွင့်ခံထားရတဲ့ ဆရာတော် ဦးဝီရသူက ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးအဖြစ် သတ်မှတ်မထားဘူးလို့ ရုရှား လူမှုကွန်ရက် VK ကနေတဆင့် ဇွန်လ ၅ ရက်ကပြောခဲ့ပါတယ်။
ဦးဝီရသူက ゞင်းအနေနဲ့ ဆရာတော်တွေက ဓမ္မစက်နဲ့ ဆုံးမဖို့ ပင့်ဖိတ်တဲ့ရက်ကို ရွှေ့ဆိုင်းလိုက်လို့ ထပ်မံပင့်ဖိတ်မယ့် အချိန်ကို စောင့်နေတာသာ ဖြစ်ပြီး အဖမ်းခံဖို့ အဝတ်အစား၊ ရိက္ခာ၊ အသုံးအဆောင်တွေ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ဇွန်လ ၅ ရက်ကပြောခဲ့ပါတယ်။

အမျိုးသားရေးဆရာတော် အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်ခံထားရပြီး လတ်တလောမှာလည်း သူ့ကို ဘယ်နေရာမှာဖြစ်ဖြစ် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို အပ်နှံခွင့်ရှိတဲ့ ဖမ်းဝရမ်းသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့က ထပ်မံ ထုတ်ပြန်ထားပါတယ်။

ဦးဝီရသူဟာ တနင်္သ࿿ာရီတိုင်း မြိတ်မြို့နဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲတွေနဲ့ အမျိုးသားရေးလှုပ်ရှားမှု လူထုဟောပြောပွဲတွေမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ဟောပြောတာတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီဟောပြောတာတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က မေလ ၂၈ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။

မဟန ဒုတိယ ဥက္ကဋ္ဌဌ ဆရာတော် ဦးအဂ္ဂဓမ္မကတော့ “ဒီလို ပြောနေပေမယ့် ပေးရင်လည်း လာမှာမဟုတ်ပါဘူး၊ အရေးယူခံရမှာမို့ ရှောင်နေတာ၊ အခုလည်းရှိနေတာဟာ၊ ခေါ်ပြီးဆုံးမသြဝါဒပေးရင်လည်း ရမယ် မထင် ပါဘူး” လို့ ဘီဘီစီကို မိန့်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့အတိုင်း ၁၁ ရက်နေ့အထိ မဖမ်းဆီးနိုင်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဒီဝရမ်းကို အတည်ပြုနိုင်ဖို့အတွက် ဆက်ပြီးလုပ်ဆောင်သွား မှာပါ။ အွန်လိုင်းပေါ်မှာ ဟိုနားမှာရှိတယ်၊ ဒီနားမှာရှိတယ်ဆိုပြီး ကြားပေမဲ့ ကျွန်တော် တို့ လိုက်ပြီးအတည်ပြုပါတယ်။ ဒါပေမဲ့ အတည်ပြုလို့မရသေးပါဘူး။ ရန်ကုန်မှာ လည်းမတွေ့ဘူး၊ မန္တလေးမှာလည်း ရှာနေဆဲပါ” လို့ ရဲမှူးကြီး မျိုးသူစိုးက ပြောထားပါတယ်။

ဦးဝီရသူ အခုလိုအွန်လိုင်းကနေ ထုတ်ပြန်သတိပေးတာ ဟာ ဒီတကြိမ်ပါဆိုရင် သုံးကြိမ်မြောက်ဖြစ်ပြီး အချိန်အကြာဆုံးရိုက်ကူး ထုတ်လွှင့်တာလည်း ဖြစ်ပါတယ်။

NLD အစိုးရ အနေနဲ့ ဒီမိုကရေစီကို ချီတက်ရာကနေ မျက်စိလည်လမ်းမှားပြီး စစ်အာဏာရှင်ဆီ ပြန်ရောက်သွားနေတယ်လို့ ဦးဝီရသူက ပြောခဲ့ပြီး အဆုံးသတ်မှာလည်း သာသနာရေးဝန်ကြီးကို အမျိုးသားရေး ဝါဒီဆရာတော် ဦးဝီရသူက ကြပ်ကြပ် သတိပေးလိုက်တယ်လို့ အဆုံးသတ်ထားပါတယ်။ BBC Burmese