Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား

Mobile Legends ဂိမ္းဟာ တကမာၻလုံးက လူငယ္ေတြၾကားမွာ ေရပန္းစားတဲ့ ဂိမ္းတခု ျဖစ္ပါတယ္။ တခ်ိဳ႕ လူေတြဟာ ဂိမ္းကို စြဲလမ္းလြန္ၿပီး အအိပ္ပ်က္၊ အစားပ်က္ေအာင္ ေဆာ့ေလ့ ရွိၾကပါတယ္။ မၾကာေသးခင္က ဖိလစ္ပိုင္ႏိုင္ငံက Facebook စာမ်က္ႏွာေတြမွာ အမ်ိဳးသားတဦးဟာ ဂိမ္းေဆာ့လြန္းရာက အူမႀကီးကင္ဆာ အဆင့္ ၄ ရွိတဲ့ ကင္ဆာ ေရာဂါကို ခံစားေနရေၾကာင္း ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 1

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 2

Michael Tumagan လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ အခုအခ်ိန္မွာ အူမႀကီးကင္ဆာ အဆင့္ ၄ ရွိတဲ့ ကင္ဆာကို ခံစားေနရၿပီး ဒီလို ျဖစ္ရတာဟာ ဂိမ္းကို အရာရာထက္ ဦးစားေပး ေဆာ့ခဲ့တာေၾကာင့္လို႔ ဝန္ခံခဲ့ပါတယ္။ Michael Tumagan ဟာ ဂိမ္းထဲမွာ အဆင့္ေတြ တက္ဖို႔ အတြက္ စားေသာက္ခ်ိန္ေတြကို လ်စ္လ်ဴရႈခဲ့ၿပီး လုံးဝ ေနမေကာင္းတဲ့ အခါမွာမွ ေဆးခန္းကို သြားခဲ့တယ္လို႔ ဆိုပါတယ္။

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 3

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 4

ဒါေပမဲ့ ကံဆိုးစြာပဲ ေဆး႐ုံသြားျပတဲ့အခ်ိန္မွာ ကင္ဆာက်ိတ္က ရွိေနၿပီး ျဖစ္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။ သူ႔ရဲ႕ အူမႀကီးကင္ဆာက်ိတ္ဟာ ခြဲထုတ္ဖို႔ အတြက္ အႏၲရာယ္မ်ားလြန္းတာေၾကာင့္ ခြဲစိတ္ဖို႔ကို ဆုံးျဖတ္ရခက္ေနေသးတယ္လို႔ ဆရာဝန္ေတြရဲ႕ ေျပာစကားအရ သိရပါတယ္။

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 5

Mobile Legends ဂိမ္း အလြန္အကြၽံ ေဆာ့ရာကေန အသက္ပါေပးလိုက္ရေသာ အမ်ိဳးသား 6

သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ အလႉခံထားတဲ့ စာနဲ႔ ေရာဂါျဖစ္ပြားပုံေတြကို ဝန္ခံထားတဲ့ စာေတြကို ေရးသားထားၿပီး လူမႈကြန္ရက္ အသုံးျပဳသူေတြကလည္း သနားတဲ့ အေၾကာင္းေတြနဲ႔ ကိုယ္ခ်င္းစာတဲ့ အေၾကာင္းေတြကို မွတ္ခ်က္ေပးထားၾကပါတယ္။ ဧရာဝတီ

 

Unicode Version ျဖင့္ဖတ္ရန္

 

Mobile Legends ဂိမ်းဟာ တကမ္ဘာလုံးက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ဂိမ်းတခု ဖြစ်ပါတယ်။ တချို့ လူတွေဟာ ဂိမ်းကို စွဲလမ်းလွန်ပြီး အအိပ်ပျက်၊ အစားပျက်အောင် ဆော့လေ့ ရှိကြပါတယ်။ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံက Facebook စာမျက်နှာတွေမှာ အမျိုးသားတဦးဟာ ဂိမ်းဆော့လွန်းရာက အူမကြီးကင်ဆာ အဆင့် ၄ ရှိတဲ့ ကင်ဆာ ရောဂါကို ခံစားနေရကြောင်း ပျံ့နှံ့ခဲ့ပါတယ်။

Michael Tumagan လို့ အမည်ရတဲ့ အမျိုးသားဟာ အခုအချိန်မှာ အူမကြီးကင်ဆာ အဆင့် ၄ ရှိတဲ့ ကင်ဆာကို ခံစားနေရပြီး ဒီလို ဖြစ်ရတာဟာ ဂိမ်းကို အရာရာထက် ဦးစားပေး ဆော့ခဲ့တာကြောင့်လို့ ဝန်ခံခဲ့ပါတယ်။ Michael Tumagan ဟာ ဂိမ်းထဲမှာ အဆင့်တွေ တက်ဖို့ အတွက် စားသောက်ချိန်တွေကို လျစ်လျူရှုခဲ့ပြီး လုံးဝ နေမကောင်းတဲ့ အခါမှာမှ ဆေးခန်းကို သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကံဆိုးစွာပဲ ဆေးရုံသွားပြတဲ့အချိန်မှာ ကင်ဆာကျိတ်က ရှိနေပြီး ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူ့ရဲ့ အူမကြီးကင်ဆာကျိတ်ဟာ ခွဲထုတ်ဖို့ အတွက် အန္တရာယ်များလွန်းတာကြောင့် ခွဲစိတ်ဖို့ကို ဆုံးဖြတ်ရခက်နေသေးတယ်လို့ ဆရာဝန်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အလှူခံထားတဲ့ စာနဲ့ ရောဂါဖြစ်ပွားပုံတွေကို ဝန်ခံထားတဲ့ စာတွေကို ရေးသားထားပြီး လူမှုကွန်ရက် အသုံးပြုသူတွေကလည်း သနားတဲ့ အကြောင်းတွေနဲ့ ကိုယ်ချင်းစာတဲ့ အကြောင်းတွေကို မှတ်ချက်ပေးထားကြပါတယ်။