အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာ မိန္းကေလးငယ္တစ္ဦးကို ဒဏ္ရာမ်ားရရွိေအာင္ ညွင္းပမ္းႏွိပ္စက္သူ အိမ္ရွင္ ဇနီးေမာင္ႏွံႏွစ္ဦးအား ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က
ဖမ္းဆီးအမႈဖြင့္ကာ အေရးယူ

ရန္ကုန္ ဇြန္ ၅
ရန္ကုန္ၿမိဳ႕၊ ဒဂံုၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္႐ွိ အိမ္တစ္အိမ္တြင္ အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာ မိန္းကေလးငယ္တစ္ဦးကို ဒဏ္ရာမ်ားရရွိေအာင္ ညွင္းပမ္းႏွိပ္စက္သူ အိမ္ရွင္ ဇနီးေမာင္ႏွံႏွစ္ဦးအား ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးအမႈဖြင့္ကာ အေရးယူလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 1

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 2

ျဖစ္စဥ္မွာ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၄)ရပ္ကြက္ ေန ရာအိမ္မွဴးတာ၀န္ထမ္းေဆာင္သူ ဦးမ်ိဳးတင့္ႏိုင္သည္ ဇြန္ ၃ ရက္ နံနက္ ၉ နာရီအခ်ိန္ခန္႔တြင္ ေနအိမ္၌ရွိေန စဥ္ ၎ရပ္ကြက္၊ ေအ(၆)လမ္း၊ တိုက္(၁၁)၊ အခန္း (၄၀၂)တြင္ ေနထိုင္သူ အိမ္ရွင္မ်ားမွ အိမ္အကူအမ်ိဳးသမီးအား ညွင္းပန္းႏွိပ္စက္ေနေၾကာင္း သိရွိရသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားၿပီးေနာက္ ဇြန္ ၄ ရက္ ညေန ၄နာရီခဲြ အခ်ိန္ခန္႔တြင္ အဆိုပါေနအိမ္ တိုက္ခန္းသို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးရန္ရွင္း၊ ရာအိမ္မွဴးေဒၚရီရီခ်ိဳ. ရပ္မိရပ္ဖမ်ားႏွင့္ အတူ စစ္ေဆးရာ အိမ္ရွင္ျဖစ္သူ ထြန္းထြန္း (၃၃)ႏွစ္ႏွင့္ ၎၏ဇနီးျဖစ္သူ မျမတ္ႏိုးသူ ( ၃၂ )ႏွစ္ႏွင့္ အိမ္အကူ မ—– တို႔အား ရဲတပ္ဖြဲ႕က ေတြ႕ရွိရခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 3

ပူးေပါင္းအဖဲြ႕မွ အိမ္အကူမိန္းကေလးအား ၾကည့္ရႈစစ္ေဆးရာ သူမတြင္ ရင္ဘတ္၊ ေက်ာကုန္း၊ ၀ဲ/ယာလက္ေမာင္း၊ ၀ဲ/ယာေပါင္တို႔တြင္ မီးအပူေလာင္ဒဏ္ရာမ်ား ၊ ဦးေခါင္းႏွင့္ ၀ဲ/ယာေျခေထာက္တို႔တြင္ ဖူးေရာင္ဒဏ္ ရာမ်ား ေတြ႕ရွိရသျဖင့္ ဒဏ္ရာမ်ားႏွင့္ပတ္သက္၍ေမးျမန္းရာ ……အိမ္ရွင္ျဖစ္သူ ကိုထြန္းထြန္းႏွင့္ဇနီး တုတ္ျဖင့္ရိုက္ မျမတ္ႏိုးသူတို႔ႏွစ္ဦးမွ မီးပူျဖင့္ကပ္ျခင္း၊ ေရေႏြးပူျဖင့္ ေလာင္းျခင္းႏွင့္ရိုက္ႏွက္ျခင္းတို႔ေၾကာင့္ ရရွိေသာဒဏ္ရာမ်ားျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိခဲ့ရသည္။

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 4

ယင္းကဲ့သို႔ အိမ္အကူမိန္းကေလးအား ညွင္းပန္းႏွိပ္စက္သူ ကိုထြန္းထြန္းႏွင့္ မျမတ္ႏိုးသူတို႔ႏွစ္ဦးကို ဒဂံုၿမိဳ႕ သစ္ (ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္း(ပ)၆၆၀/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ၃၂၆/၃၂၅/၁၁၄ျဖင့္ အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္းရန္ကုန္တိုင္းရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 5

အိမ္အကူအျဖစ္လုပ္ကိုင္ေနေသာမိန္းကေလးငယ္ကို အိမ္ရွင္လင္မယားမွ ညႇင္းပန္း ႏွိပ္စက္ 6

၎ျပင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္ မ်ားက ၿမိဳ႕နယ္လူမႈ၀န္ထမ္းဦးစီးဌာနသို႔ ကေလးသူငယ္ဥပေဒျဖင့္ အေရးယူႏိုင္ေရး ဆက္သြယ္ေဆာင္ရြက္ လ်က္ရွိသည့္အျပင္ လူကူန္ကူးမႈတားဆီး ကာကြယ္ေရးဥပေဒပါျပဌာန္းခ်က္မ်ားႏွင့္ျငိစြန္းမႈရွိ/မရွိ အမွတ္(၆) လူကူန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စုမွ ရဲတပ္ဖြဲ႕ ဝင္မ်ားႏွင့္ ပူးေပါင္းစစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ ဥပေဒပါျပဌာန္းခ်က္မ်ားႏွင့္ ညိွစြန္းမႈရွိပါက သက္ဆိုင္ရာဥပေဒမ်ားျဖင့္ ရဲတပ္ဖြဲ႕က ဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

အိမ်အကူအဖြစ်လုပ်ကိုင်နေသော မိန်းကလေးငယ်တစ်ဦးကို ဒဏ်ရာများရရှိအောင် ညှင်းပမ်းနှိပ်စက်သူ အိမ်ရှင် ဇနီးမောင်နှံနှစ်ဦးအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ကာ အရေးယူ

ရန်ကုန် ဇွန် ၅
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသော မိန်းကလေးငယ်တစ်ဦးကို ဒဏ်ရာများရရှိအောင် ညှင်းပမ်းနှိပ်စက်သူ အိမ်ရှင် ဇနီးမောင်နှံနှစ်ဦးအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ကာ အရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက် နေ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးမျိုးတင့်နိုင်သည် ဇွန် ၃ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် နေအိမ်၌ရှိနေ စဉ် ၎င်းရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း (၄၀၂)တွင် နေထိုင်သူ အိမ်ရှင်များမှ အိမ်အကူအမျိုးသမီးအား ညှင်းပန်းနှိပ်စက်နေကြောင်း သိရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီးနောက် ဇွန် ၄ ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင် အဆိုပါနေအိမ် တိုက်ခန်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း၊ ရာအိမ်မှူးဒေါ်ရီရီချို. ရပ်မိရပ်ဖများနှင့် အတူ စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်း (၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မမြတ်နိုးသူ ( ၃၂ )နှစ်နှင့် အိမ်အကူ မ—– တို့အား ရဲတပ်ဖွဲ့က တွေ့ရှိရခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပူးပေါင်းအဖွဲ့မှ အိမ်အကူမိန်းကလေးအား ကြည့်ရှုစစ်ဆေးရာ သူမတွင် ရင်ဘတ်၊ ကျောကုန်း၊ ၀ဲ/ယာလက်မောင်း၊ ၀ဲ/ယာပေါင်တို့တွင် မီးအပူလောင်ဒဏ်ရာများ ၊ ဦးခေါင်းနှင့် ၀ဲ/ယာခြေထောက်တို့တွင် ဖူးရောင်ဒဏ် ရာများ တွေ့ရှိရသဖြင့် ဒဏ်ရာများနှင့်ပတ်သက်၍မေးမြန်းရာ ……အိမ်ရှင်ဖြစ်သူ ကိုထွန်းထွန်းနှင့်ဇနီး တုတ်ဖြင့်ရိုက် မမြတ်နိုးသူတို့နှစ်ဦးမှ မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းနှင့်ရိုက်နှက်ခြင်းတို့ကြောင့် ရရှိသောဒဏ်ရာများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။

ယင်းကဲ့သို့ အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်သူ ကိုထွန်းထွန်းနှင့် မမြတ်နိုးသူတို့နှစ်ဦးကို ဒဂုံမြို့ သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၆၆၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၅/၁၁၄ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်သွယ်ဆောင်ရွက် လျက်ရှိသည့်အပြင် လူကူန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆) လူကူန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေပါပြဌာန်းချက်များနှင့် ညှိစွန်းမှုရှိပါက သက်ဆိုင်ရာဥပဒေများဖြင့် ရဲတပ်ဖွဲ့က ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။