ပလတ္စတစ္အမွိုက္ေတြ ေကာက္လာေပး႐ုံနဲ႕ ေက်ာင္းလခလံုးဝေပးစရာ မလိုတဲ့ စာသင္ေက်ာင္း

ပလတ္စတစ္အမွိုက္ေတြ ေကာက္လာေပး႐ုံနဲ႕ ေက်ာင္းလခလံုးဝေပးစရာ မလိုတဲ့ စာသင္ေက်ာင္း

အိႏၵိယနိုင္ငံ၊ Assam ျပည္နယ္က ေက်ာင္းမတက္နိုင္တဲ့ ကေလးငယ္ေတြအတြက္ ဖြင့္လွစ္ထားတဲ့ စာသင္ေက်ာင္းတခုမွာ ေက်ာင္းလခအစား စြန႔္ပစ္ထားတဲ့ ပလတ္စတစ္ပစၥည္း (အမွိုက္) ေတြ ေကာက္ယူလာေပး႐ုံနဲ႕ စာသင္နိုင္မယ့္ အခြင့္အေရးတခု ရွိေနပါၿပီ။၂၀၁၆ ခုႏွစ္ေလာက္ကတည္းက Parmita Sarma နဲ႕ Mazin Mukhtar ဆိုတဲ့ လူငယ္ႏွစ္ဦးက Akshar Foundation School ကို စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး ေက်ာင္းတက္ခ်င္တဲ့ ဘယ္ကေလးငယ္မဆို ေက်ာင္းလခေငြအစား ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြသာ ေကာက္ယူခဲ့ဖို႔ တအိမ္တက္ဆင္း လိုက္လံေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပလတ္စတစ္အမွိုက္ေတြ ေကာက္လာေပး႐ုံနဲ႕ ေက်ာင္းလခလံုးဝေပးစရာ မလိုတဲ့ စာသင္ေက်ာင္း 1

Assam ျပည္နယ္၊ Pamohi ေဒသမွာရွိတဲ့ ကေလးအမ်ားစုဟာ ကေလးအလုပ္သမားေတြ ျဖစ္တာေၾကာင့္ စာသင္ဖို႔ အခက္အခဲ ရွိၾကတဲ့အျပင္ ေက်ာင္းလခလည္း မေပးသြင္းနိုင္ၾကပါဘူး။ သူတို႔ေနထိုင္ရာ ပတ္ဝန္းက်င္မွာဆိုရင္လည္း ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြဟာ အၿမဲလိုလို ေတာင္ပုံရာပုံ ပြထေနၾကတာေၾကာင့္ ဒီပလတ္စတစ္ေတြကို ရွင္းလင္းနိုင္ဖို႔ေရာ စာသင္ၾကားေပးနိုင္ဖို႔ပါ ရည္႐ြယ္ၿပီး အခုလို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ ဒီစာသင္ေက်ာင္းမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားဦးေရဟာ အေယာက္ ၁၀၀ ေက်ာ္ခန႔္ရွိၿပီး ေန႕စဥ္ ေက်ာင္းလာတက္တိုင္း သူတို႔အိမ္၊ ပတ္ဝန္းက်င္က ပလတ္စတစ္ေတြကို ေကာက္ယူလာရတာပါ။

ေက်ာင္းသားေတြ ကုန္က်စရိတ္ မရွိေစဖို႔ စာသင္ေက်ာင္းအေနနဲ႕ သင္ေထာက္ကူပစၥည္း၊ စာအုပ္ စတာေတြကိုပါ ေထာက္ပံ့ေပးထားတာျဖစ္ၿပီး စာသင္ေက်ာင္းဘက္က ေတာင္းဆိုတာတခုကေတာ့ ပလတ္စတစ္ေတြကို မီးမရွို႔ဖို႔၊ အမွိုက္မခ်ဖိဳ႕နဲ႕ ပလတ္စတစ္စြန႔္ပစ္ပစၥည္းေတြကို တတ္နိုင္သေလာက္ ေကာက္ယူလာေပးဖို႔ပဲ ျဖစ္ပါတယ္။ေက်ာင္းသားေတြ ေကာက္ယူလာတဲ့ ပလတ္စတစ္ေတြကို ျပန္လည္အသုံးခ်ပဳံ၊ Recycle နည္းလမ္းေတြကို ေက်ာင္းကေန သင္ၾကားေပးၿပီး ပလတ္စတစ္ပစၥည္းေတြရဲ႕ သဘာဝပတ္ဝန္းက်င္အေပၚ ဆိုးက်ိဳးသက္ေရာက္ ပုံေတြကိုပါ အသိပညာေပးေနတာလည္း ျဖစ္ပါတယ္။Akshar Foundation School အေနနဲ႕ ၅ ႏွစ္အတြင္း အိႏၵိယရဲ႕ ေနရာအႏွံ႕အျပားမွာ ဒီလိုစာသင္ေက်ာင္းေပါင္း ၁၀၀ ခန႔္ ေပၚေပါက္လာေရးကို ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ TheIrrawaddyBurmeseNews

 

Unicode Version ျဖင့္ဖတ္ရန္

 

ပလတ်စတစ်အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခလုံးဝပေးစရာ မလိုတဲ့ စာသင်ကျောင်း

အိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်က ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတခုမှာ ကျောင်းလခအစား စွန့်ပစ်ထားတဲ့ ပလတ်စတစ်ပစ္စည်း (အမှိုက်) တွေ ကောက်ယူလာပေးရုံနဲ့ စာသင်နိုင်မယ့် အခွင့်အရေးတခု ရှိနေပါပြီ။၂၀၁၆ ခုနှစ်လောက်ကတည်းက Parmita Sarma နဲ့ Mazin Mukhtar ဆိုတဲ့ လူငယ်နှစ်ဦးက Akshar Foundation School ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျောင်းတက်ချင်တဲ့ ဘယ်ကလေးငယ်မဆို ကျောင်းလခငွေအစား ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေသာ ကောက်ယူခဲ့ဖို့ တအိမ်တက်ဆင်း လိုက်လံပြောကြားခဲ့တာဖြစ်ပါတယ်။

Assam ပြည်နယ်၊ Pamohi ဒေသမှာရှိတဲ့ ကလေးအများစုဟာ ကလေးအလုပ်သမားတွေ ဖြစ်တာကြောင့် စာသင်ဖို့ အခက်အခဲ ရှိကြတဲ့အပြင် ကျောင်းလခလည်း မပေးသွင်းနိုင်ကြပါဘူး။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာဆိုရင်လည်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ အမြဲလိုလို တောင်ပုံရာပုံ ပွထနေကြတာကြောင့် ဒီပလတ်စတစ်တွေကို ရှင်းလင်းနိုင်ဖို့ရော စာသင်ကြားပေးနိုင်ဖို့ပါ ရည်ရွယ်ပြီး အခုလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဒီစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေဟာ အယောက် ၁၀၀ ကျော်ခန့်ရှိပြီး နေ့စဉ် ကျောင်းလာတက်တိုင်း သူတို့အိမ်၊ ပတ်ဝန်းကျင်က ပလတ်စတစ်တွေကို ကောက်ယူလာရတာပါ။

ပလတ္စတစ္အမွိုက္ေတြ ေကာက္လာေပး႐ုံနဲ႕ ေက်ာင္းလခလံုးဝေပးစရာ မလိုတဲ့ စာသင္ေက်ာင္း 2

ကျောင်းသားတွေ ကုန်ကျစရိတ် မရှိစေဖို့ စာသင်ကျောင်းအနေနဲ့ သင်ထောက်ကူပစ္စည်း၊ စာအုပ် စတာတွေကိုပါ ထောက်ပံ့ပေးထားတာဖြစ်ပြီး စာသင်ကျောင်းဘက်က တောင်းဆိုတာတခုကတော့ ပလတ်စတစ်တွေကို မီးမရှို့ဖို့၊ အမှိုက်မချဖို့နဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို တတ်နိုင်သလောက် ကောက်ယူလာပေးဖို့ပဲ ဖြစ်ပါတယ်။ကျောင်းသားတွေ ကောက်ယူလာတဲ့ ပလတ်စတစ်တွေကို ပြန်လည်အသုံးချပုံ၊ Recycle နည်းလမ်းတွေကို ကျောင်းကနေ သင်ကြားပေးပြီး ပလတ်စတစ်ပစ္စည်းတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက် ပုံတွေကိုပါ အသိပညာပေးနေတာလည်း ဖြစ်ပါတယ်။Akshar Foundation School အနေနဲ့ ၅ နှစ်အတွင်း အိန္ဒိယရဲ့ နေရာအနှံ့အပြားမှာ ဒီလိုစာသင်ကျောင်းပေါင်း ၁၀၀ ခန့် ပေါ်ပေါက်လာရေးကို ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ TheIrrawaddyBurmeseNews