ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံေတာင္ၿမိဳ႕မရဲစခန္း၌ တရားခံေျပး ၁ ဦး လာေရာက္အဖမ္းခံမႈ

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံေတာင္ၿမိဳ႕မရဲစခန္း၌ တရားခံေျပး ၁ ဦး လာေရာက္အဖမ္းခံမႈ

ေနျပည္ေတာ္၊ ဇြန္ ၆

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တရား႐ုံး ရာႀကီးမႈ အမွတ္ ၈၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) အမႈမွ တရားခံမ်ားျဖစ္ေသာ မိုက္ကယ္ေက်ာ္ျမင့္(ခ)ေက်ာ္ျမင့္ႏွင့္ သီဟ(ခ)သီဟမ်ိဳးနိုင္ (၄၂)ႏွစ္၊ (၅၄)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ေနသူတို႔ ၂ ဦးအနက္ သီဟ(ခ) သီဟမ်ိဳးနိုင္သည္ ဇြန္လ ၆ ရက္ နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ ဒဂုံေတာင္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အဖမ္းခံခဲ့ေၾကာင္းသိရွိရသည္။

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံေတာင္ၿမိဳ႕မရဲစခန္း၌ တရားခံေျပး ၁ ဦး လာေရာက္အဖမ္းခံမႈ 1

ထို႔ေနာက္ နံနက္ ၁၀ နာရီခြဲတြင္ ဒဂုံေတာင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဦးစီးရဲတပ္ဖြဲ႕ဝင္မ်ားက တရားခံ သီဟ(ခ)သီဟမ်ိဳးနိုင္အား ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တရား႐ုံးသို႔ တင္ပို႔ခဲ့ရာ တြဲဖက္ၿမိဳ႕နယ္ တရားသူႀကီး(၃) မွ လက္ခံကာ ဝရမ္းအတည္ျပဳသူ ဒဂုံေတာင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိအား စစ္ေဆးၿပီး ဇြန္လ ၁၄ ရက္ေန႔သို႔ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုခဲ့ေၾကာင္း၊ တရားခံ သီဟ(ခ)သီဟမ်ိဳးနိုင္အား အင္းစိန္ဗဟိုအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ အပ္ႏွံခဲ့ေၾကာင္းသတင္းရရွိသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံတောင်မြို့မရဲစခန်း၌ တရားခံပြေး ၁ ဦး လာရောက်အဖမ်းခံမှု

နေပြည်တော်၊ ဇွန် ၆

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး ရာကြီးမှု အမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုမှ တရားခံများဖြစ်သော မိုက်ကယ်ကျော်မြင့်(ခ)ကျော်မြင့်နှင့် သီဟ(ခ)သီဟမျိုးနိုင် (၄၂)နှစ်၊ (၅၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူတို့ ၂ ဦးအနက် သီဟ(ခ) သီဟမျိုးနိုင်သည် ဇွန်လ ၆ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဒဂုံတောင်မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်းသိရှိရသည်။

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံေတာင္ၿမိဳ႕မရဲစခန္း၌ တရားခံေျပး ၁ ဦး လာေရာက္အဖမ္းခံမႈ 1

ထို့နောက် နံနက် ၁၀ နာရီခွဲတွင် ဒဂုံတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးရဲတပ်ဖွဲ့ဝင်များက တရားခံ သီဟ(ခ)သီဟမျိုးနိုင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးသို့ တင်ပို့ခဲ့ရာ တွဲဖက်မြို့နယ် တရားသူကြီး(၃) မှ လက်ခံကာ ဝရမ်းအတည်ပြုသူ ဒဂုံတောင်မြို့မရဲစခန်းမှ ရဲအရာရှိအား စစ်ဆေးပြီး ဇွန်လ ၁၄ ရက်နေ့သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း၊ တရားခံ သီဟ(ခ)သီဟမျိုးနိုင်အား အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင် အပ်နှံခဲ့ကြောင်းသတင်းရရှိသည်။