


တဲထဲမှာ အိပ်ပျော်နေသည့် သားအမိ (၂) ဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံး 1



 

Unicode Version ဖြင့်ဖတ်ရန်

 

တဲထဲမှာ အိပ်ပျော်နေသည့် သားအမိ (၂) ဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံး

ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံ မြို့၊ ကျွဲဘုတ်အုပ်စု၊ မီးလောင်ကုန် ကျေးရွာ အရှေ့( ၅) မိုင်ခန့် အကွာရှိ အမှတ် ၃၇ ဥက္ကံ ညောင်ချည်ကွင်းသစ်တောကြိုးဝိုင်း တွင် အိပ်ပျော်နေ့သည့် သားအမိ ၂ ယောက်အား ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးထံမှ သိရသည်။

တဲထဲမှာ အိပ်ပျော်နေသည့် သားအမိ (၂) ဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံး 1

တောဆင်ရိုင်းနင်းတာတော့ ဟုတ်ပါတယ် ၊ ဆင်က အစွယ်မပါ ပါဘူး၊ ဆင်က အမြင့် ၈ ပေလောက်ရှိတယ်၊ တဲကိုလည်း ဖျက်ဆီး သွားတယ်ဟု ၎င်းကပြောကြားခဲ့သည်။

သေဆုံးသူ မနော်ကြည်လှနှင့် သားဖြစ်သူ မောင်ထွန်းလင်းဇော် (အသက်၂ နှစ်နှင့် ၆ လ) တို့သည် ခင်ပွန်းဖြစ်သည်နှင့်အတူ တောတွင်းသို့ ဝါးခုတ်ရန်လိုက်လာခဲ့ပြီး အခင်းဖြစ်ချိန်တွင် ခင်ပွန်းသည်မှာ တောအတွင်းသို့ ဝါးသွားခုတ်နေကြောင်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*