မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ လ္ဘက်ရည်ဆိုင်အတွင်း လူငယ်များဓာခုတ်ခံရမှု တရားခံများဖမ်းဆီးရမိမှု

၎-၆-၂၀၁၉ ရက်နေ့ည ၂၀၀၀ အချိန်ခန့်တွင် မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတ ရပ်ကွက်၊ သဲကွင်း(၂)လမ်းရှိ “ ဧဒင် ” အမည်ရှိ လ္ဘက်ရည်ဆိုင်အတွင်း စိုးသူ(ခ)အငယ်လေးပါ (၄)ဦးအား အမည်မသိလူငယ်(၇)ဦးမှ ဓားရှည်များဖြင့်ဝင်ရောက်ခုတ်ခဲ့ပြီး စိုးသူ(ခ)အငယ်လေးမှ မြိတ်မြို့မရဲစခန်းတွင် (ပ)၁၆၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၆/၁၁၄ အရ အမှုဖွင့်လှစ်ထား ရှိခဲ့ရာ

မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ လ္ဘက်ရည်ဆိုင်အတွင်း လူငယ်များဓာခုတ်ခံရမှု တရားခံများဖမ်းဆီးရမိမှု 1


မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ လ္ဘက်ရည်ဆိုင်အတွင်း လူငယ်များဓာခုတ်ခံရမှု တရားခံများဖမ်းဆီးရမိမှု 2

ရေပုန်းနယ်မြေနေသူ တို့(၄)ဦးအား ဓား(၄)ချောင်းနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့အားစစ်မေးရာ ရဲမွန်ထွေး(ခ)ရဲရဲ(၁၈) နှစ်၊ ရေပုန်းနယ်မြေ၊ ကိုဇော်၊ ရေပုန်းနယ်မြေနှင့် ပုဂံကြီး၊ ရေပုန်းနယ်မြေနေသူတို့လည်း ပူးပေါင်း ပါဝင်မှုရှိကြောင်းသိရှိရသဖြင့် ၄င်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိရာ ၇-၆-၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန် ၄င်းနေအိမ်တွင် ကျော်မိုးအောင်(ခ)ပုဂံကြီး(၂၁)နှစ်အား ထပ်မံစုံစမ်း ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများအား စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

 

Unicode Version ဖြင့်ဖတ်ရန်

 

၄-၆-၂၀၁၉ ရက်နေ့ည ၂၀၀၀ အချိန်ခန့်တွင် မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတ ရပ်ကွက်၊ သဲကွင်း(၂)လမ်းရှိ “ ဧဒင် ” အမည်ရှိ လ္ဘက်ရည်ဆိုင်အတွင်း စိုးသူ(ခ)အငယ်လေးပါ (၄)ဦးအား အမည်မသိလူငယ်(၇)ဦးမှ ဓားရှည်များဖြင့်ဝင်ရောက်ခုတ်ခဲ့ပြီး စိုးသူ(ခ)အငယ်လေးမှ မြိတ်မြို့မရဲစခန်းတွင် (ပ)၁၆၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၆/၁၁၄ အရ အမှုဖွင့်လှစ်ထား ရှိခဲ့ရာ

တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်မှု ဖြင့် မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင် ဦးစီး၍ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဆောင်ရွက်ခဲ့ရာ ၆-၆-၂၀၁၉ ရက်နေ့ ၁၀၃၀ အချိန်တွင် အုပ်စိုးပိုင်(ခ)နောင်ပိုး(၁၈)နှစ်၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး(ခ)ဆင်းဂါး(၁၈) နှစ်၊ ရေပုန်းနယ်မြေနေသူတို့(၂)ဦးအား နေအိမ်၌လည်းကောင်း၊ ၁၃၄၀အချိန်တွင် ဇော်ပိုင်လင်း (၁၈)နှစ်၊ နေမြတ်ဦး(၁၉)နှစ်၊ ဇော်ပိုင်(၁၈)နှစ်၊ စိုးစိုးထွေး(ခ)စိုးထွေး(၁၄)နှစ်၊

ရေပုန်းနယ်မြေနေသူ တို့(၄)ဦးအား ဓား(၄)ချောင်းနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့အားစစ်မေးရာ ရဲမွန်ထွေး(ခ)ရဲရဲ(၁၈) နှစ်၊ ရေပုန်းနယ်မြေ၊ ကိုဇော်၊ ရေပုန်းနယ်မြေနှင့် ပုဂံကြီး၊ ရေပုန်းနယ်မြေနေသူတို့လည်း ပူးပေါင်း ပါ၀င်မှုရှိကြောင်းသိရှိရသဖြင့် ၄င်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိရာ ရ-၆-၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန် ၄င်းနေအိမ်တွင် ကျော်မိုးအောင်(ခ)ပုဂံကြီး(၂၁)နှစ်အား ထပ်မံစုံစမ်း ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများအား စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။